ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလတတိယသီတင်းပတ် တနင်္ဂနွေနေ့ သြဝါဒ ၂၂၊ ၁၊ ၂၀၂၃

သာမန်ကာလတတိယသိတင်းပတ် တနင်္ဂနွေနေ့ (ရှင်မာတေဦး ၄း၁၂-၂၃) ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ရည်စူးဘုရားရှင်က ပထမဆုံးတရားဒေသနာဟောကြားဖို့အတွက် နာဇရက် မြို့ကနေ လူဦးရေထူထပ်တဲ့ ကာဖါနာအုံမြို့သို့ သွားရောက်နေထိုင်ခဲ့ပါတယ်။ အက်ဒီပင်လယ်ကမနားတစ် လျှာက် ယေဇူးဘုရားရှင် တရားဒေသနာဟောကြာတာက အမှောင်ထဲမှာရှိနေကြတဲ့ လူတွေအတွက် အလင်းကိုမြင် ရသလိုပဲဖြစ်လာကြပုံကို ရှေ့ပရောဖက်ကာ ကြိုတင်ဟောပြောခဲ့ပါတယ်။ မှောင်တွင်ရှိနေကြသောသူတို့သည်ကြီးစွာ သောအလင်းကို မြင်ကြ ရပြီး။ သေမင်းနိုင်ငံ၏အရိပ်တွင် နေ့တိုင်းကြသောသူတို့အပေါ် သို့ အလင်းပေါ်ထွန်းလေပြီ လို့ကြိုတင်ဟောပြောခဲ့ပါတယ်။ ယေဇူးဘုရားရှင် တရားမဟောပြောခင်က လူ့တွေဟာအမှောင်ထဲမှာ နေကြရသလို့ ဘာမှမမြင်၊ ဘာမှမသိကြပါဘူး။ ငါတို့လူတွေ ဘယ်ကစဖြစ်လာကျတာလဲ မေးကြည့်မသိကြဘူး။…