လူတွေကိုယ့်အပေါ်တန်ဖိုးထားအောင်

တစ်ခါတစ်လေ ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းပြနေပါစေ၊ ဘယ်လောက်ပဲ အလိုက်သိနေပါစေ ကိုယ့်ဆိုရင် ဘယ်တော့မှ တန်ဖိုးမထားချင်တဲ့ လူတစ်ချို့ ကြုံဖူးကြမှာပါ။ ကိုယ်ကလည်း အားနာတတ်တယ်။ ပြောဖို့လည်း ခက်နေတယ်။ မပေါင်းမဖြစ်လည်း ပေါင်းနေရအုံးမယ်ဆိုရင် ဒီနည်းလေးတွေကို သုံးကြည့်ပါ။ ၁ – မလျော့မတင်း ဆက်ဆံကြည့်ပါ။ အရမ်းကြီး ပေါရင်လည်း ကိုယ့်ကို ငပေါလို့ မြင်တတ်သလို အရမ်းကြီးတည်တည်တန့်တန့်ကြီး နေရင်လည်း မာနကြီးတယ်၊ ဆက်ဆံရေးကျဲတယ်လို့ မြင်တတ်ပါတယ်။ လူတွေနဲ့ ပေါင်းရတာ တကယ်မလွယ်တဲ့အလုပ်ပါ။ ဒီတော့ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်ပေါင်းသင်းပါ။ လူအမျိုးမျိုးရှိတဲ့အတွက်…