rvamyanmar

rvamyanmar

ပုပ်ဖရန်စစ်သည် ဇူလိုင်တစ်လလုံးလူအများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုရပ်နားထားသော်လည်း ယနေ့အရေးကြီးပုဂ္ဂိုလ် (၂) ဦးအားလက္ခံတွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် ဇူလိုင်တစ်လလုံးလူအများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုရပ်နားထားသော်လည်း ယနေ့အရေးကြီးပုဂ္ဂိုလ် (၂) ဦးအားလက္ခံတွေ့ဆုံခဲ့ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်ချိန်မှစ၍အနား ယူလေ့မရှိဘဲ အများပြည်သူအားလပ်ရက်ရှည်ဖြစ်သော ဇူလိုင်လမှစက်တင်ဘာလအတွင်း၌လည်း ရဟန်း မင်းကြီးသည် ပုံမှန်အမှုတော်ကိုထမ်းဆောင်လာခဲ့သည်။ သို့သော် ယခင်နှစ်မှစ၍ အူမကြီး၌အကြီးစားခွဲ စိတ်မှုခံယူပြီးနောက်၌မူ အလုပ်မှနားသည်မဟုတ်သော်လည်း လူအများနှင့်တွေ့ဆုံသည့်အစီအစဉ်များနှင့်ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့ဆုံသည့်အစီအစဉ်ကို ဇူလိုင်တစ်လလုံးနားမည်ဟုယခုလအစောပိုင်းကကြေညာထားခဲ့သည်။ ထိုသို့နားထားသော်လည်း တနဂ်နွေနေ့မွန်းတည့်ချိန် အန်ဂျေလူးမေ တ္တာကိုမူ စိန့်ပီတာရင်ပြင်၌ရောက်ရှိလာမည့်ဘုရားဖူးများနှင့်အတူဆုတောင်းမည်ဖြစ်သည်။ ထိုသို့ကြေညာထားခဲ့သော်လည်း (ဇူလိုင် ၁၂) ရက်နေ့က ရုရှားနိုင်ငံမှရုရှားဩသိုဒေါ့စ်ဘာ သာရေးခေါင်းဆောင်နှစ်ဦးနှင့်မူလက္ခံတွေ့ဆုံခဲ့သည်။ အဆိုပါဘာသာရေးခေါင်းဆောင်နှစ်ဦးအနက်တစ်ဦးမှာ ဆရာတော် Antonij ဖြစ်ပြီး Kirill မြို့၏လက်ထောက်ဆရာတော်ဖြစ်သည်။ သူသည် ရုရှားသာသနာ၏ နိုင်ငံတကာဆက်ဆံရေးအမှုတော်ကိုထမ်းဆောင်သူဖြစ်သည်။…

ခရစ်ယာန်များ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာနေ့ ပုသိမ်၌ကျင်းပ

ခရစ်ယာန်များ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာနေ့ ပုသိမ်၌ကျင်းပ ခရစ်ယာန်များငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာရက် ဒုတိယ နေ့ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ၂၇ ရက် ညနေ 4:30 အချိန်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ စိန်ပီတာ ကာသီဒြယ်ဘုရားကျောင်းတော်ကြီးတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ္၌ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ မွန်ဆီညော်ပီဉီး ဝင်းသန်းမှ ကြိုဆို နှုတ်ခွန်းဆက်စကားကို မိန့်ကြားရင်း ခရစ်ယာန်များ စုပေါင်းဆုတောင်းပွဲ အကြောင်းကို အကျဥ်းချုပ် ရှင်းပြခဲ့ပါသည်။ ဆက်လက်၍ မွန်ဆီညော်မှ “အခုချိန်မှာ မြန်မာပြည်ကြီးအနေဖြင့် စိန်ခေါ်မှုတွေများစွာကို တွေ့ကြုံရင်ဆိုင်နေရတာဖြစ်တယ်. ဒါပေမဲ့…