စိန်မာတီးယား
သံမာတီးယား (တမန်တော်) (ပထမရာစုနှစ်)သံမာတီးယားသည် သခင်ခရစ်တော် ဆေးကြောခြင်းခံသည့်နေ့မှစ၍ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်တိုင်အောင် သခင်ခရစ်တော်၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် သခင်ခရစ်တော် ဒေသစာရီလှည့်လည်စဉ်အတွင်း ဧဝံဂေလိတရား ကိုဟောပြောသက်သေခံရန် စေလွှတ်ခြင်းခံရသောတပည့် ၇၂ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ဟန်တူသည်။ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွတော်မူ သောနေ့မတိုင်မီတွင် တစ်ဆယ့်တစ်ယောက်သော တပည့်ကြီးတို့နှင့် အခြားသော တပည့်များသည် ဆုတောင်းမေတ္တာပြုပြီးစုဝေးနေကြစဉ် သံပေထရူးသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောသက်သေခံသူတစ်ယောက်ဖြစ်လာရန် ယုဒ၏နေရာ၌ တမန်တော်တစ်ပါးကို အစားထိုးရွေးချယ်ခန့်အပ်ရန် လိုအပ်မှုကိုကြေငြာ ခဲ့သည်။ (တမန်တော်ဝတ္ထု ၁း၂၁) မာတီးယားနှင့် ဗာရာဘနှစ်ဦးတို့သည် ယာထားခြင်း ခံရပြီး၊ မာတီးယားအား…