ဖာသာရ် John ထွန်းထွန်းနိုင် (မန္တလေ) (၂၂) ကြိမ်မြောက်သာမန်သီတင်းပတ်သောကြာနေ့ ဩဝါဒ ၈၊ ၉၊ ၂၀၂၃

ပျော်ရွှင်ရတဲ့ကလေးဘဝ ၊ ရင်ခုန်ရတဲ့ ဆယ်ကျော်သက်အရွယ်တွေ ကျော်လွန်ပြီဆိုတာနဲ့ တကယ့်လက်တွေ့ကို စတင်ရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ် ။ အသက်အရွယ်အပိုင်းအခြားအနေနဲ့ပြောရရင်တော့ အသက် ၂၀ ကျော်လာတဲ့အရွယ်ပေါ ။ ကလေးလည်းမဟုတ် ၊ လူကြီးလည်းမဟုတ်တဲ့ လူငယ်အရွယ်မှာ လုပ်ကို လုပ်ထားသင့်တဲ့အရာလေးတွေရှိပါတယ် ။ ဒီအရာလေးကိုသာ မလုပ်ထားမိဘူးဆိုရင် အသက်အရွယ်ကြီးလာလေလေ ကိုယ်လျှောက်ရမယ့် လမ်းက ခက်ခဲလေလေဖြစ်လာတော့မှာပေါ့ ။ ဒါဆိုရင် အသက် ၂၀ကျော်တာနဲ့ ဘာတွေလုပ်ထားသင့်တယ်ဆိုတာကို ကြည့်လိုက်ကြရအောင် အသက် ၂၀ကျော်ပြီဆိုတာနဲ့ ကိုယ်ရှေ့ဆက်ပြီးလုပ်ချင်တဲ့ career လမ်းကြောင်းတစ်ခုကို စတင်ရွေးချယ်ဖို့ လိုလာပါပြီ ။…
ကိုးရီးယားမှယူကရိန်းစစ်ဒဏ်သင့်ဇုံများသို့လူသားချင်းစာနာသောအကူအညီများပေးပို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကရုဏာရေးလုပ်ငန်းတာ၀န်ခံ ကာဒီနယ် Konrad Krajewski ကကိုးရီးယားမှယူကရိန်းနိုင်ငံအတွက်ပေးပို့ လူသားချင်းစာနာသောအကူအညီကိုသက်ဆိုင်ရာသို့ပေးပို့လိုက်ပြီဖြစ်ကြောင်းဆိုသည်။ ထရပ်ကားနှစ်စီးအပြည့်ရှိသောစားစရာများကိုပေးပို့လိုက်ကြောင်း၊ ယခုရိက္ခာခြောက်ကို ကိုးရီးယားကုမဏီကြီးတစ်ခုမှအထုပ် (၃၀၀,၀၀၀) အား စစ်သင့်ဇုံသို့ ပေးပို့ရန်ဗာတီကန်မှတဆင့်ပေးပို့ခဲ့ကြောင်း၊ဟင်းချိုရည်ချက်သောက်နိုင်သောအခဲများသည်ရေနွေးဖြင့်လွယ်ကူစွာဖျော်သောက်နိုင်သည်ဟုဆိုသည်။ ပစ္စည်းများတင် ဆောင်ရန်အတွက် ရဟန်းမင်းကြီးဖရန်စစ်မှစီစဉ်ပေးထားသောအိပ်ဆောင်၌ခိုလုံနေသောသူ (၃၀) ဦးမှ ပစ္စည်းများကူချခဲ့ပြီး စိန့်ဆိုဖီယာ ဂရိကက်သလစ်ဘုရားကျောင်းသို့လတ်တ လော၌ပို့ဆောင်ထားသည်။ စစ်ပွဲစဖြစ်သည့်အချိန်မှယခုအထိအကူပစ္စည်းများကိုပေးပို့လာခဲ့သည်မှာ (၁၀၆) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော Lviv ၌လည်း များ မကြာမီအိမ်တစ်ဆောင်ဖွင့်လှစ်၍ မုဆိုးမများနှင့်ကလေးမိခင်တို့ကိုလက္ခံထားရှိမည်ဖြစ်ကြောင်း၊ ဤသို့အကူ အညီပေးပို့ခြင်းသည်လည်း ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နိုင်သည်များကိုလုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ အတိဒုက္ခရောက်နေသူများအားယခုကဲ့သို့ကူညီခြင်းသည် ဒုက္ခကြား၌၄င်းတို့ချီးခါးစီးခံနေရသည်ဟုမခံစားစေလို၍ဖြစ်ကြောင်း၊…
ပါပါးဖရန်စစ်၏မွန်ဂိုးလီးယားခရီးစဉ် ပြီးဆုံး ရဟန်းမင်းကြီးဖရန်စစ်၏မွန်ဂိုးလီးယားသို့ (ဩဂုတ် ၃၁ မှ စက်တင်ဘာ ၄) သမိုင်း၀င်တမန်တော်ခရီးစဉ်သည်ယနေ့အဆုံးသတ်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည်မွန်ဂိုးလီးယားနိုင်ငံမှမထွက်ခွာမီ ‘House of Mercy’ (သနားခြင်း ၏အိမ်တော်) အမည် ပေးထားသောအ ဆောက်အဦးတစ်ခုကိုကောင်းချီးပေးဖွင့်လှစ်ခဲ့သည်။ အဆိုပါဝေါဟာရနှစ်လုံးသည်သာသနာ၏ အုတ်မြစ်ဖြစ်သည်။ သာသနာသည် လူတိုင်းအားကြိုဆိုသော၊ အခြားနေရာ၌ မခံစားနိုင်သော၊ စိတ် နှလုံးသားအားလှုပ်ခတ်စေသောအဆင့်မြင့်သည့်ချစ်ခြင်းကိုပေးစွမ်းသော ‘အိမ်’ လည်းဖြစ်ရမည်။ နူးညံ့ပြီး၊ စီမံပေးတတ်သောဖခင်မေတ္တာကိုထိတွေ့ခံစားနိုင်သောနေရာဖြစ် သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် photo courtesy: Vatican Media
သာမန်ကာလ (၂၂)ကြိမ်မြောက်တနင်္ဂနေ့ ရှင်မာတေဦး ၁၆း၂၁ – ၂၇လောကလူတွေက အကောင်းဘက်သို့ မပြောင်းလဲချင်ကြဘူး။ အခုလို မပြောင်းလဲပဲဒီအတိုင်း ဆက်သွားလို့ကတော့ အနာဂတ်လူသားတွေ ခက်တော့မှာပဲ။ အခုတောင်လက်ထပ်ထိမ်းမြားခြင်းတွေကို တန်ဖိုးမထားကြတော့ဘူး။ မိသားစုဘဝကိုတန်ဖိုးမထားကြတော့ဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေး လူ့အခွင့်အရေးတွေလည်းအရေးမပေးကြတော့ဘူး။ ဒီလိုနဲ့ လူဟာ လူလို တန်ဖိုးမထားကြတော့ပဲ ဥစ္စာပစ္စည်းလိုလို ၊တိရစ္ဆာန်လိုလို ဖြစ်လာကြပါပြီ။ လူကို သန့်ရှင်းမြင့်မြတ်စေတဲ့ဘုရားတရားစိတ်ထားတွေပျောက်ကုန်ကြပြီ။ ထာဝရအသက်၊ ထာဝရအိမ်တော်၊ ထာဝရအချစ် ၊ထာဝရခွင့်လွှတ်နားလည်ပေးခြင်း ဆိုတဲ့ ထာဝရတန်ဖိုးထားရာတွေကိုလည်း မလိုလားကြတော့ဘူး။ ထာဝရမဟုတ်တဲ့ လောကအပျော်အပါးထာဝရမဟုတ်တဲ့လောကမှာရှင်သန်ရတဲ့အသက်၊ထာဝရမဟုတ်တဲ့ ပျက်စီးနိုင်တဲ့ဥစ္စာပစ္စည်းတွေကိုသာ စိတ်အာရုံ စွဲလန်းနေကြပါတယ်။…