rvamyanmar

rvamyanmar

အောက်တိုဘာလ (၁၅) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

အောက်တိုဘာလ (၁၅) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် အာဗီးလာမြို့မှစိန့်ထ ရေးဇာ (St. Theresa of Avila) မွေး – (၁၅၁၅)၊ ပျံလွန် – (၁၅၈၂၊ အောက်တိုဘာလ၊ ၁၄) ယ နေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်မှာရှင် ကက် သလရင်းဖြစ်သည်။ သူ့အားစပိန်နိုင်ငံ၊ အာ ဗီလာမြို့၌ (၁၅၁၅) ခုနှစ် တွင်မွေးဖွားသန့်စင်ခဲ့သည်။ သူသည်ခရစ်ယာန်သင်း ကွဲများအမိကက် သလစ်သာသနာတော် ကြီးမှမခွဲထွက်မည်အချိန် အနည်းငယ်စော ၍မွေး ဖွားလာခဲ့သူဖြစ်သည်။ သူမွေးဖွားသောအချိန်ကာလသည်စပိန်နိုင်ငံ သား များနယ်သစ်ပယ်သစ်ရှာများကိုအငမ်းမရဖွေဖော်ထုတ်နေသောကာလဖြစ်သည်။ ထို့အတူထိုကာလသည်ဘာ သာရေး၊…

စိန့် ကာလစ်တူးစ် (St. Callistus) အောက်တိုဘာ ၁၄ ရက်

စိန့် ကာလစ်တူးစ် (St. Callistus) အောက်တိုဘာ ၁၄ ရက် တစ်ချိန်က သူဟာ အသင်းတော်ရဲ့ ဖခင်ကြီး၊ ပုပ်ရဟန်းမင်းကြီး ကာလစ်တူးစ် (၁) ဖြစ်ပါတယ်။ သူ့ကို အသင်းတော်က ရဟန္တာနှင့် တရားတော်အတွက်အသေခံခဲ့တဲ့ ဓမ္မအာဇာနည်လို့ ဂုဏ်ပြုကြပါတယ်။ သူ့ရဲ့ သာသနာပြုခြင်းမှာ ဘုရားသခင်၏ ကရုဏာတော်ကို အလေးအမြတ်ထားပြီး ဖော်ပြဖို့ ရွေးချယ်ခဲ့တာကြောင့်မို့ နှစ်နှစ်ဆယ်နီးပါးကြာတဲ့ ဂိုဏ်းကွဲမှုတွေကအစ ကြီးမားတဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစောပိုင်းက ပုပ်ရဟန်းမင်းကြီး၏ ခေါင်းဆောင်မှု ပုံစံဟာ ခိုင်မြဲနေခဲ့တာကြောင့် တရားတော်အတွက် အသက်ပေးတဲ့…

St. Tarcisius – ဓမ္မအာဇာနည်။ (၃)ရာစု။ #အသက် (၁၂)။ အီတလီနိုင်ငံ၊ ရောမမြို့။

St. Tarcisius – ဓမ္မအာဇာနည်။ (၃)ရာစု။ #အသက် (၁၂)။ အီတလီနိုင်ငံ၊ ရောမမြို့။ (သူတော်မြတ် Carlo Acutis နှစ်သက်သဘောကျခဲ့သောရဟန္တာလေးဖြစ်သလို၊ သူတော်မြတ် Carlo Acutis ၏ Webpage တွင်ကူးယူဖော်ပြပါသည်။) ပထမရာစုအစပိုင်းတွင်ရောမမြို့သည်မည်သည့်ပုံစံနှင့်တူသနည်းဆိုလျှင် ရောမတို့သည်ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသောလူများဖြစ်သည်။ အကြောင်းမှာသူတို့သည် အင်အားကြီးမားသော ရောမအင်ပါယာဟု လူသိများသကဲ့သို့ လူအမျိုးမျိုးတို့ကိုစိုးမိုး၊ အုပ်ချုပ်ခဲ့ကြသည်။ ရောမအုပ်စိုးရှင်များနှင့် သူတို့၏စစ်သားများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သူတို့လူမျိုးနှင့် အခြားလူမျိုးများက သူတို့ကိုအလွန် ကြောက်ရွံ့ကြသည်။ တာစီစီယပ်စ်ငယ်ရွယ်စဉ်က အင်ပါယာကို ဧကရာဇ် ဗာလေးရီယန်အုပ်စိုးချိန်​​​ ဖြစ်သည်။…

စိန့် အက်ဝါးဒ် အောက်တိုဘာ ၁၃ ရက်

စိန့် အက်ဝါးဒ် အောက်တိုဘာ ၁၃ ရက် စိန့် အက်ဝါးဒ်ကို (၁၀၀၃) မှာ မွေးဖွားခဲ့ပါတယ်။ နော်မန်ဒီ (Normandy) ဘုရင်၏သားဖြစ်ပြီး အင်္ဂလန်ဘုရင်အက်ဒမန် အိုင်ရင်းဆိုက် (Edmund Ironside)ရဲ့ တူ‌ဖြစ်တယ်။ သူဟာဒိန်းမတ်လူမျိုးများ အင်္ဂလန်ကိုထိန်းချုပ်ပိုင်ခွင့် ရသည့်အချိန်၊ အသက် ၁၀ နှစ်မှစ၍ နော်မန်ဒီတွင်ပြည်နှင်ဒဏ်ပေးခံရင်း ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ အစောပိုင်းသူ့ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုအတွေ့အကြုံနှင့်အတူ ကြီးပြင်းလာခဲ့တဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ စိတ်အားထက်သန်သော ဘာသာရေးဘာသာတရား ကိုင်းရှိုင်းမှုကြောင့် သူဟာ လောကမှာ သူဖြစ်ချင်ခဲ့ဖူးတဲ့ ရည်မှန်းချက်များကို စွန့်လွှတ်ပြီးဘုရားသခင်ကို…

ရဟန်းမင်းကြီးယောဟန် (၂၃) ၏ဘ၀တစ်စေ့တစ်စောင်း ဘ၀အကျဉ်းချုပ်

ရဟန်းမင်းကြီးယောဟန် (၂၃) ၏ဘ၀တစ်စေ့တစ်စောင်း ဘ၀အကျဉ်းချုပ် စိန်ဂျွန် (၂၃) သည်၊ ရဟန်းမင်းကြီးတစ်ပါးဖြစ်ပါသည်။ သူ၏ရိုး ရှင်း၍၊ ရိုးသားသောနေထိုင်မူဘ၀သည် သူ၏အမှတ်သင်္ကေတ တစ်ခုနှယ်ဖြစ် ခဲ့ပါသည်။ သူသည် (၂၀) ရာစု၏ရဟန္တာတစ်ပါးလည်းဖြစ်ပြီး၊ သူရှင်သန် ခဲ့သော ရာစုနှစ်ကို၊ အလွန်လွှမ်းမိုးနိုင်ခဲ့သူလည်းဖြစ်ပါသည်။ သူသည် မိသား စု၏သားသမီးများအနက်၊ အကြီးဆုံးဖြစ်သကဲ့သို့၊ သားဦးလည်းဖြစ်ပါသည်။ သူ့အားအီတလီနိုင်ငံမြောက်ပိုင်း၊ ဘဲလ်ဂါမိုခရိုင်၊ Sotto il Monte အရပ် တွင်မွေးဖွားသန့် စင်ခဲ့ပါသည်။ သူသည်ဘဲလ်ဂါမိုသာသနာရှိ၊ ဖရန်စစ ္စကန် အခြေခံရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်ခဲ့ပါသည်။ ရဟန်းသိက္ခာခံယူခြင်း (၁၉၀၄)…

အောက်တိုဘာ(၁၂) – # သူတော်စင်ဂျွန်ဘေစင် ပွဲနေ့

အောက်တိုဘာ(၁၂) – # သူတော်စင်ဂျွန်ဘေစင် ပွဲနေ့ (Blessed John Beyzym, S.J.,) ဂျက်ဇွစ်ဘုန်းတော်ကြီး ဂျွန်ဘေစင် (၁၈၅၀-၁၉၁၂) ဟာ ယူကရိန်း Ukranian မှာ မွေးဖွားခဲ့ ပါတယ်။ သူတော်စင် ဂျွန်ဘေစင်ဟာ ကပ်ရောဂါဖြစ်ပွားချိန်မှာ စောင့်ရှောက်တဲ့ သူရဲကောင်းဖြစ်ပါတယ်။ သူဟာ အသက် (၂၂) နှစ်အရွယ်မှာ ဂျက်ဇွစ်အသင်းဂိုဏ်းကို ၀င်ရောက်ခဲ့ပါတယ်။ ဂျက်ဇွစ် ကျောင်းသားဘ၀မှာ ၀မ်းရောဂါဒဏ် ခံစားနေရတဲ့ ဒေသခံရွာသားများကို ကြည့်ရှုဖို့ လုပ်အားပေးခဲ့ပါတယ်။ ရဟန်းသိက္ခာတင်ပြီး ဂျက်ဇွစ်တွေဖွင့်တဲ့ ဘော်ဒါကျောင်းမှာ စာသင်သင်ကြားနေချိန် ဆင်းရဲဒုက္ခရောက်နေသူများနဲ့အတူ…

စိန့် ဘရူနိုပွဲနေ့

Feast of St. Bruno (c.1033 – 1101) စိန့် ဘရူနိုပွဲနေ့ စိန့်ဘရူနိုကို အေဒီ ၁၀၃၀ ခုနှစ်၊ ဂျာမဏီနိုင်ငံ ကိုလုံးမြို့တွင် ဖွားမြင်ခဲ့ပြီး ပညာသင်ချိန်တချို့ကိုတော့ Remis မြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ အေဒီ ၁၀၅၅ ခုနှစ်မှာတော့ St. Cunnibert တည်ထောင်တဲ့ cannon အသင်းဂိုဏ်းရဲ့ သစ္စာခံ ရဟန်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ Remis မြို့မှာပဲ ဆရာတော်ပိုင် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်တာဝန်ကို နှစ်ပေါင်း ၂၀ တိုင်အောင် ထမ်းဆောင်ခဲ့ပါတယ်။ အေဒီ…

အောက်တိုဘာ စိပ်ပုတီးလ၊

အောက်တိုဘာစိပ်ပု တီးလ၊ စိပ်ပုတီးလ သမိုင်း အောက်တိုဘာစိပ်ပုတီးလကို၊ ရ ဟန်းမင်းကြီးပီအုစ့် (၅) မှ၊ (၁၅၇၃) ဧပြီလ (၃၀) ရက်နေ့၌ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ သတ်မှတ်ရခြင်း၏၊ ရည်ရွယ်ချက်မှာခရူးဆိပ်စစ်ပွဲအတွင်းအပြင်းထန်ဆုံးဖြစ်ခဲ့သောလက်ပန်တိုအ ရပ်တိုက်ပွဲ၌တူရာကီများနှင့်ခရစ်ယာန်တို့ကြားစစ်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲ၌ အရေးနိမ့်ဖွယ်ကြုံနေခဲ့ရာ၊ စပ်ပုတီး စိပ်၍အမိမယ်တော် ၏ကြားဝင်ထပ်ဆင့်ဆုတောင်းပေးကိုခံယူ၍ဘုရားရှင်အားတောင်းလျှောက်ရာမှတိုက် ပွဲသည်အောင်မြင်ခဲ့ သည်ကိုအမှတ်ရပြီး၊ ကျေးဇူးတော်တင်ရန်ဖြစ်ပါသည်။ ထို့နောက်ရဟန်းမင်း ကြီးကလေးမင်းလက်ထက်(၁၇၁၆) ခုနှစ်၌ ကမ္ဘာပေါ်ရှိကက်သလစ်အသင်းတော်ကြီးတစ်ခုလုံးသို့အသိပေးကြေငြာလိုက်ပါတော့သည်။ စိပ်ပုတီးစိပ်ခြင်း၊ ဖြစ်ပေါ်ပြောင်းလဲလာမူ၏၊ သမိုင်းသည်ရှည် လျားလှပါသည်။ အကြောင်မှာ၊ ဆာလံကျမ်း အခန်းကြီးပေါင်း (၁၅၀) ရှိသည်ကိုအကြောင်းပြုပြီး၊ အစကနဦးဍ်၊…

စိန့်ထရေဇားပွဲနေ့

# စိန့်ထရေဇားပွဲနေ့ အောက်တိုဘာ(၁): ရဟန္တာထ​ရေဇား၏ လမ်းစဉ်ကိုလိုက်​ကျင့်​ရင်း သူမ၏နာမည်ကိုခံယူသူများနှင့်​အသင်းဂိုဏ်းများအားလုံးကို Happy Feast Day to you All! လို့ နှုတ်ဆက်လိုက်​ပါတယ်​။ ကျွန်ုပ်တို့ ခရစ်​ယာန်​တွေ အားလုံးရဲ့ အဓိကပန်းတိုင်က​ ရဟန္တာ ဖြစ်ဖို့ပါ။ ဘယ်လိုလူတွေကို ရဟန္တာလို့ ခေါ်တာလဲ။ လောက​မှာ သူတို့ယုံကြည်တဲ့အတိုင်း ပါရမီတွေနဲ့ နေထိုင်ပြီး သေဆုံးတဲ့ တစ်နေ့ ကောင်းကင်​နိုင်​ငံမှာ ဘုရားရှင်​နဲ့အတူ စံစားနေကြသူတွေကို ရဟန္တာ လို့ခေါ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်ုပ်တို့ အတုယူ စံပြုထိုက် သူတွေ…

စိန့်ဂျေရုန်း (Saint Jerome) ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

စိန့်ဂျေရုန်း (Saint Jerome) ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် စက်တင်ဘာလ (၃၀) ရက်နေ့ ယနေ့ပွဲနေ့ရှင်အား (၃၄၀) ယူဂိုဆလပ်နိုင်ငံတွင်မွေးဖွားသန့် စင်ခဲ့သည်။ သူသည်အသက်အရွယ်ရလာ သည်အထိခရစ်ယာန်မဟုတ် ခဲ့ပေ။ မင်္ဂလာကိုခံယူခဲ့သည်။ ရဟန္တာအတော်များများသည်၄င်းတို့၏ ထူးခြားသောအသက်တာ၊ ကျင့်စဉ်များဖြင့်လူသိများကြပြီး၊ ကြည်ညိုလေ့ ရှိကြသည်။ သို့သော်ရှင်ဂျေရွန်းမှာအလွန်စိတ်တို၊ စိတ်စပ်သည့်အ ကျင့်ဖြင့်လူသိများကြသည်။ သူသည် အလွန် စိတ်မြန်သူဖြစ်သကဲ့သို့၊ အ လွန်ချွန်မြသောကလောင်တံဖြင့်အားမနာပပြန်လည်ရေးသားထိုးနက်တတ်သည်။ သို့သော်ဘုရားသခင်နှင့်သူ၏သားတော်အား ချစ်သောချစ်ခြင်း မှာမူသာမန်ထက်လွန်ကဲပြီး၊ အလွန်ပြင်းထန်သည်။ မမှန်မကန်သွန် သင်သောသူသည်ဘုရားသခင်နှင့်အမှနတရား၏ရန်သူဖြစ်သည်။ ထို သို့သွန်သင်သောသူတို့ကိုသူ သည်ကလောင်တံထက်ထက်ဖြင့်လော င်ပြောင်ရေးသားပညာပေး၍အမှန်တရားကိုပြန်လည်သိရှိလာအောင်၊ ဖက်တွယ်တန်ဖိုးထားတတ်အောင်ပညာပေးလေ့ရှိသည်။ သူသည်သမ္မာကျမ်းစာကိုအလွန်နှံ့စပ်ပြီး၊ တတ်…