ဖာသာရ် Peter Kyi Maung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ပါစကားကာလဒုတိယသီတင်းပတ် ဗုဒ္ဓဟူးနေ့ဩဝါဒ ၃၀၊ ၄၊ ၂၀၂၅

၃၀.၄.၂၀၂၅
ရှင် ယောဟန် ခရစ်ဝင်ကျမ်း ၃:၁၆-၂၁
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်ယောဟန် ခရစ်ဝင်ကျမ်းစာမှာ အဖခမည်းတော်ဘုရားဟာ သူဖန်ဆင်းထားသော လောကသတ္တဝါအားလုံးကို အလွန်ချစ်မြတ်နိုးတော်မူသောကြောင့် သူ၏တပါးတည်းသောသားတော်ကို ဤကမ္ဘာလောကသို့စေလွှတ်ခဲ့ပါသည်။ သူ၏တစ်ပါးတည်းသောသားတော်ကို ယုံကြည်သောသူတို့သည် ပျက်စီးခြင်းသို့မရောက်ရ
ထာဝရအသစ်ကိုရလိမ့်မည် ဆိုသောကျမ်းချက်ကိုကျွန်ုပ်တို့ကြားနာခဲ့ရတယ်။ ကျနော်တို့နေ့စဉ်အသက်တာမှာ ဘုရားရှိခိုးခြင်း ဆုတောင်းခြင်း ဝေမျှပေးကမ်းခြင်းသည်၊ ဂရုဏာရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ဘာသာတရားသွန်သင်ချက်ပါရမီများကို နေ့စဉ်နှစ်အမျှလိုက်ကျင့်ခြင်းတွေဟာ၊ ဒီကနေ့ကျွမ်းကျင်မှာ ဘုရားသခင်ကတိပေးထားသော ထာဝရအသက်ကိုရရှိဖို့ဆိုတာကို ကျနော်တို့ဘဝနဲ့သက်သေခံခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့်ကျွန်တော်တို့ယုံကြည်သူတွေ အတွက် ကြီးမားသောမျှော်လင့်ချက်ကိုဖြစ်စေပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်ကတိပေးထားသော ထာဝရအသက်ကို ရရှိဖို့ သားတော်ဘုရားအပေါ်မှာအပြည့်အဝယုံကြည်ခြင်းရှိရပါမယ်။။ ဘုရားရှင်၏တစ်ပါးတည်းသောသားတော်ကိုမယုံကြည်သောသူတို့သည်စီရင်ခြင်းခံကြရလိမ့်မည်။ယုံကြည်သောသူတို့မူကာစီရင်ခြင်းမခံရကြ၊ ဒီကျမ်းချက်နဲ့ပတ်သက်ပြီး အမြင်မတူသူတွေအများကြားတွင်မကြာခဏအငြင်းပွားကြပါသည်။ ကျနော်တို့ယုံကြည်သူများအနေဖြင့် သခင်ခရစ်တော်သည်ဘုရားဖြစ်သည်။ ဘုရားသခင်သည်အမှန်တရားဖြစ်သည်။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်သည်။ ဘုရားသခင်သည်ငြိမ်းချမ်းခြင်းဖြစ်သည်။ ဘုရားသခင်သည်တရားမျှတမှုဖြစ်သည်၊ ဘုရားသခင်သည်အေးချမ်းသာယာခြင်းနှင့်ပျော်ရွှင်မှုဖြစ်သည်။ ထိုဘုရားသခင်သည် အေးချမ်းသာယာသောထာဝရအသက်ကိုပေးနိုင်သူဖြစ်သည်။ ထို့အတွက်ကြောင့် အမှန်တရားဖြစ်သောမေတ္တာဖြစ်သောတရားမျှတမှုဖြစ်သောငြိမ်းချမ်းခြင်းဖြစ်သော၊ ဒီအရာများကိုမယုံကြည်သူများသည် နောင်ဘဝ၌မဟုတ်ဘူး။ ယခုဘဝ၌ပင် စီရင်ခြင်းခံကြရလိမ့်မည်။ ယုံကြည်သူများအနေဖြင့် သားတော်ဘုရားကိုယုံကြည်သူတို့သည်အမှန်တရား တရားမျှတမှု ချစ်ခြင်းမေတ္တာ သည်းခံခွင့်လွှတ်ခြင်း။ ငြိမ်းချမ်းခြင်းသည်စသည့်တရားများကိုမိမိတို့ဘဝတွင်ကျင့်ကြံမှသာလျှင်ဘုရားသားတော်ကိုယုံကြည်သူများဖြစ်ကြောင်းဖော်ပြနိုင်ပေလိမ့်မည်။ အလင်းသည်လောကသို့ကြွလာ၏ သို့သော်လူတို့သည်အမှောင်ကိုသာလျှင်နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော သူတို့၏မကောင်းသောလုပ်ရပ်များသည် အလင်းတွင်ဖော်ပြခံရမည်ကိုကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ဒီနေ့ခေတ်လူတွေမှာလည်း အမှန်တရား၊ တရားမျှတမှု၊ မေတ္တာတရား သည်းခံခြင်းတရား၊ ခွင့်လွှတ်ခြင်းတရားသည်။ ငြိမ်းချမ်းခြင်းတရား စသည့်အလင်းပေးသော တရားအလင်းများကိုရှောင်ကျဉ်ကြပြီး အတ္တ၊ လောဘ ဒေါသ မောဟ တဏှာရာဂ တပ်မက်စိတ်များ စသည့်အမိုက်အမှောင်တို့၌သာ ကျင်လည်ပျော်ရွှင်နေကြသောကြောင့်အလင်းသို့မလာနိုင်ကြ။ အထူးသဖြင့်မကောင်းတဲ့အရာကိုပြုလုပ်သောသူများသည် ကောင်းသောအရာများကိုမုန်းတတ်ကြသည်။ မနာလိုမုန်းထားသောသူတို့သည် ခွင့်လွှတ်ခြင်းတရားကိုမသိစိတ်တွင်မုန်းနေကြသည်။ လောဘတရားကြီးသောသူတို့တွင် ပေးကမ်းခြင်းစွန့်ကြဲခြင်း တရားကိုမသိမသာမေ့လျော့ထားကြသည်။
တဏှာရာဂကြီးသူတို့သည် ဖြူစင်ခြင်းတရားကို မျက်ကွယ်ပြုထားကြသည်။ အမြတ်ဒေါသကြီးလွန်းသူတို့သည် ချစ်ခြင်းမေတ္တာတရားကို ရန်သူသဖွယ်ပြုမူကြသည်။ သို့သော်လည်း အမှန်တရား၊ တရားမျှတမှု၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်းတရား၊ သည်းခံကျင်းပါရမီ၊ နှိမ့်ချခြင်းတရားတို့ဖြင့် ရှင်သန်နေထိုင်သူတို့သည် အလင်းထဲမှာနေထိုင်ကြသောကြောင့်၊ အေးချမ်းသာယာသောဘဝကို ပိုင်ဆိုင်ကြရသည်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2746

Leave a Reply

Your email address will not be published. Required fields are marked *