ဝေဒနာကြားမှ မြန်မာပြည်အတွက်လည်း ပုပ်ဖရန်စစ် ဆုတောင်းပေး။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ နာမကျန်းဖြစ်ပြီးဆေးကုသမှုခံယူနေရတာဖြစ်ပေမဲ့ မတ်လ ၂ ရက် တနင်္ဂနွေနေ့မှာ စစ်ဖြစ်ပွားနေတဲ့နိုင်ငံတွေကို အထူးသတိယ ဆုတောင်းပေးခဲ့ခြင်းမှာ မြန်မာလည် ပါအ၀င်ဖြစ်ပါတယ်။

အန်ဂျေလူးမေတ္တာအပြီး ပါပါးက အခုလို မြွက်ကြားရင်းဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

ချစ်လှစွာသော သားသမီးအပေါင်းတို့၊

“ဘုရားရှင်ထံ ပဲ့တင်သံ​ဝေစေတဲ့ ၊ ကမ္ဘာတ၀ှမ်းက နှလုံးသားထဲကလာတဲ့ ဆုတောင်းမေတ္တာအားလုံးအတွက်၊ ကျေးဇူးတင်လိုပါတယ်။ သင်တို့ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ နီးကပ်စွာရှိမှုကို အခုချိန်မှာအထူးခံစားရသလို ဘုရားရှင်ရဲ့ လူမျိုးတော်သားသမီးအားလုံးက ကျွန်ုပ်ကို ထောက်မ ကူညီပေးထားတယ်လို့ ကျွန်ုပ်ခံစားရပါတယ်။ အထူးကျေးဇူးပါ။ သင်တို့အတွက်လည်းကျွန်ုပ် ဆုတောင်းပေးပါတယ်။ ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်အထူးဆုတောင်းတယ်။

စစ်ဘေးဒဏ်အပြင်းအထန် ခံနေရတဲ့ ယူကရိန်း ၊ ပါလက်စတိုင်း ၊ အီစရာအဲလ် ၊ လက်ဘနွန် ၊ မြန်မာ ၊ ဆူဒါန် နဲ့ ကီဗု တို့အတွက် ဆုတောင်းပေးကြပါစို့ ။

ကျွန်ုပ်တို့၏ချစ်လှစွာသော မိခင်မယ်တော်ထံ အားကိုးကာ အပ်နှံကြစို့။

ပျော်ရွှင်သော တနင်္ဂနွေဖြစ်ပါစေ။ ပြန်ဆုံကြရအောင်ပါ” လို့ဆိုပါတယ်။

(Pope Francis, Angelus, Sunday 2 March, 2025)

ပါပါးဖရန်စစ်ပေးခဲ့တဲ့ ဤသတင်းစကားလေးကို ပါပါးရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်ဖြစ်တဲ့ မွန်ဆီညော် Msgr. Andrea Ferrete က ပါပါးအားကျေးဇူးတင်ခြင်းနဲ့ ပါပါးအတွက် ဆက်လက်ဆုတောင်းပေးကြဘို့ မြန်မာပြည်ကက်သလစ်သာသနာကို နှိုးစော်အားပေးခဲတာဖြစ်ပါတယ်။

ဘာသာပြန် = စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *