ပုပ်ဖရန်စစ်စင်ကာပူသို့ရောက်ရှိစဉ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်သည့်ဂေဟာနှင့်ကက်သလစ်ဂျူနီယာ‌ကောလိပ်သို့ကြွရောက်ကြည့်ရှုမည်

ပုပ်ဖရန်စစ်စင်ကာပူသို့ရောက်ရှိစဉ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်သည့်ဂေဟာနှင့်ကက်သလစ်ဂျူနီယာ‌ကောလိပ်သို့ကြွရောက်ကြည့်ရှုမည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့်စက်တင်ဘာလ (၃ – ၁၃) အထိ (၁၀) ရက်ကြာတမန်တော်ခရီးပြုရန်စီစဉ်ထားပြီး တရား၀င်ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုတမန်တော်ခရီးကို ‘Asia-Pacific’ တမန်တော်ခရီးအဖြစ်ခေါင်းစဉ်တပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည် စက်တင်ဘာလ (၃ – ၆) အထိ အင်ဒိုနီးရှားနိုင်ငံ၊ စက်တင်ဘာလ (၆ – ၉) အထိ ပါပူအာနူးဂီနီ၊ စက်တင်ဘာလ (၉ – ၁၁) အထိ အရှေ့တီမောနှင့်စက်တင်ဘာလ (၁၁ – ၁၃) အထိ စင်ကာပူနိုင်ငံသို့ကြွရောက်မည်ဖြစ်သည်။

စက်တင်ဘာလ (၉ – ၁၃) အထိသီတင်းသုံးမည့်ကာလ၌ ရဟန်း မင်းကြီးဖရန်စစ်သည် စိန့်ထရေးဇာ သက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်သောဂေဟာသို့လည်းကောင်း၊ ကက်သလစ်ဂျူနီယာ‌ကောလိပ်သို့လည်းကောင်းကြွရောက်ကြည့်ရူမည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် စင်ကာပူနိုင်ငံ၏သမ္မတ Tharman Shanmugaratnam နှင့်လည်းကောင်း၊ နိုင်ငံ၏၀န်ကြီးချုပ် Lawrence Wong နှင့်လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်။

အစီအစဉ်အရ ရဟန်းမင်းကြီးသည် စက်တင်ဘလ (၁၁) ရက်နေ့ စင်ကာပူနိုင်ငံ၏ဒေသစံတော်ချိန် (၂း၁၅) တွင်လေယာဉ်ဖြင့်ဆိုက်ရောက်လာမည်ဖြစ်ပြီး စင်ကာပူရှိ ဂျက်ဆွီစ်ဘုန်းတော်ကြီးအသင်းသားများနှင့် Xavier Retreat Center ၌တွေ့ဆုံမည်ဖြစ်သည်။

နောက်တစ်နေ့မှသာ ပါလီမန်ရုံး၌ ရဟန်းမင်းကြီးအားကြိုဆိုသည်အခမ်းအနားသို့ကြွရောက်မည်ဖြစ်ပြီး ထိုနေရာ၌ပင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၀န်ကြီးချုပ်တို့နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။

ထို့အတူ ရဟန်းမင်းကြီးက အာဏာပိုင် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံအမတ်များနှင့်လည်း စင်ကာပူနိုင်ငံ၏အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၌တွေ့ဆုံမည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် စက်တင်ဘာလ (၁၂) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၅း၁၅) ၌ စင်ကာပူနိုင်ငံ၏အမျိုးသားအားကစားရုံတွင်မစ္ဆားပူဇော်မည်ဖြစ်သည်။

သက်ကြီးရွယ်အိုများအားပြုစုစောင့် ရှောက်သော စိန့်ထရေးဇာဂေဟာနှင့်ကက်သလစ်ဂျူနီယာကောလိပ်သို့ကြွရောက်ကြည့်ရူမည့်အစီအစဉ်မှာ စက်တင်ဘာလ (၁၃) ရက်နေ့၌ဖြစ်သည်။ ထိုနေ့၌ပင် ဒေသစံတော်ချိန် နံနက် (၁၁း၁၅) ၌စင်ကာပူနိုင်ငံမှပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် စင်ကာပူနိုင်ငံသို့ (၁၉၈၆) ခုနှစ်၌ (၅) နာရီကြာ ခရီးတစ်ထောက်နားဖြင့်ကြွရောက်ခဲ့ဖူးသည်။ အဆိုပါခရီးစဉ်၌ ဘင်္ဂလာဒေ့ရှ်၊ နူးဇီလန်နှင့် ဩစတေးလျားနိုင်ငံများသို့ကြွရောက်ခဲ့သည်။ ထိုခရီးစဉ်ကိုလည်း ‘အာရှ-ပစီးဖိတ်’ ခရီးစဉ်ဟုပင်အမည်ပေးခဲ့သည်။ ထိုစဉ်ကလည်း ရဟန်းမင်းကြီးစိန့်‌ဂျွန်ပေါလ် (၂) သည် စင်ကာပူနိုင်ငံ၏ အမျိုးသားအားကစားရုံ၌ပင်မစ္ဆားပူဇော်ခဲ့ရာလူထောင်သောင်းနှင့်မစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့ကြသည်။

ယခုစီစဉ်ထားသောခရီးစဉ်တစ်ခုလုံး၏ကြာချိန်စုစုပေါင်းမှာ (၃၀) ဖြစ်၍ သက်တော် (၈၇) ရှိပြီဖြစ်သော ရဟန်းမင်းကြီးဖရန်စစ်အတွက် လွန်စွာကြာရှည်သောခရီးစဉ်ဖြစ်ပါသည်။ ယခုနောက်ပိုင်း၌ ဒူးခေါင်း‌ေ၀ဒနာနှင့်အူမကြီးကိုအကြီးစားခွဲစိတ်မှုများပြုလုပ်ပြီးသည့်နောက်ပိုင်း၌ ရဟန်းမင်းကြီးသည် ဘီတပ်လှည်းဖြင့်သာသွားလာနေရသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အလုပ်အလွန်ကြိုးစားသူ၊ ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်စဉ်က အား လပ်ရက်မယူဘဲအလုပ်ကိုလုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်း ကျန်းမာရေးကြောင့် အားလပ်ရက်ယူသည်မဟုတ်သော်လည်း အလုပ်များသောအချိန်ကိုလျော့ချသည့်အနေဖြင့် ဇူလိုင်လ၌အများနှင့်လက်ခံတွေ့ဆုံသည့်အစီအစဉ်များကိုရပ်နားထား သည်။ သို့သော်တနင်္ဂနွေနေ့ မွန်းတည့်ချိန်၌ ဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ အန်ဂျေလုစ်မေတ္တာရွတ်ဆိုပူဇော်ခြင်းကိုမူမပြတ်မကွက်လုပ်ဆောင်နေဦးမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ကျန်းမာရေးကြောင့် ‘ကုလ’ ၌ကိုယ်တိုင်ကြွရောက်၍မိန့် ခွန်းပြောကြားရန်စီစဉ်ထားခဲ့သော်နောက်ဆုံးအချိန်၌ပြန်လည်ဖျက်သိမ်းခဲ့ရသည်။ ထို့ကြောင့် ယခုစက်တင်ဘာ ‘အာရှ-ပစီးဖိတ်’ ခရီးစဉ်သည်လည်း ရှည်ပြီး၊ နိုင်ငံမတူ၊ အဖွဲ့အစည်းများစွာနှင့်လည်းတွေ့ဆုံဆွေးနွေးပြောဆိုရမည်ဖြစ်၍ လွန်စွာပင်ပမ်းစေမည့်ခရီးတစ်ခုလည်းဖြစ်သည်။ ယခုခရီးစဥ်သည် ရဟန်းမင်းကြီးဖရန်စစ် (၂၀၁၃) ခုနှစ်မှ ရဟန်းမင်းကြီးအမှုတော်ထမ်းလာခဲ့သည့်ကာလတစ်လျှောက်၌ ကြာရှည်ဆုံးခရီးစဉ်လည်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၀) က ပါပူအာနူးဂီနီ၊ အရှေ့တီမောနှင့်အင်ဒိုနီးရှားနိုင်ငံသို့ကြွရောက်ရန်စီစဉ်ထားခဲ့သော်လည်း ကိုးဗစ် (၁၉) ကပ်ဆိုးကြီးကြောင့် အစီအစဉ်ကိုရွေ့ဆိုင်းလိုက်ရသည်ကို ယခုတစ်ကြိမ်ပြန်လည်ဖော်ဆောင်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/xa0W
Myanmar RVA
Myanmar RVA
Articles: 16

Leave a Reply

Your email address will not be published. Required fields are marked *