အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုတည်ဆောက်ယူမလဲ။

Don’t Marry

          ဒီနေ့မှာ ဟိုးယခင်က ခေတ်မမှီတော့တဲ့ ဥပဒေသ အဟောင်းတွေ့စုံ မေ့ထားပြီး ဒီနေ့ခေတ် ရဲ့ ဒီနေ့ခေတ်ရဲ့ ဇနီးမယားကောင်းတစ်ယောက် တစ်ယောက်အဖြစ်  ကိုယ်ကျင့်သိက္ခာကောင်းပြီး ထက်မြက်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လိုစူးစမ်းရှာဖွေပြီး တည်ဆောက်ယူ မလဲ ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          အခု အိမ်ထောင်ဆိုတဲ့ မီးတောက် ဆက်လက်တောက်လောင်နေဖို့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။

          အိမ်ထောင်ဆိုတဲ့ မီးတောက် ဆက်လက်ထွန်းလင်းတောက်ပဖို့က ဇနီးမယားတစ်ယောက် ကိုယ်တိုင် ပါဝင်ပတ်သက်ပြီး တည်ဆောက်လို့ရတဲ့ အရာပါ။

          ဇနီးတစ်ယောက်ရဲ့ ဉာဏ်ပညာရှိမှု ခွဲခြားသိမြင်တတ်တဲ့ စွမ်းရည်က သူ့ရဲ့ အိမ်ထောင် အပေါ် ရောင်ပြန်ဟပ်ပါတယ်။  

          လင်နဲ့မယား သဘောထား ကွဲလွဲမှုတွေမှာ တည်ငြိမ်ရှိနေပြီး သဘောမတူညီနိုင်တဲ့ အရာရာ တိုင်းမှာ ပူလောင်စွာနဲ့ ဆွေးနွေး မပြောဆိုဖို့၊ အရေးမကြီးခဲ့ရင်လည်း လျစ်လျူရှူထားလိုက်ဖို့ ဒါက အိမ်ထောင်ရေးမှာ စွမ်းရည်တစ်ခုလိုပါပဲ အသေးအဖွဲ့လေးတွေ မိမိသဘောတူညီမှုမရှိတဲ့ အကြောင်း အရာတိုင်းကို စကားများဖို့ မတန်ပါဘူး။ ရွေးချယ်နိုင်ဖို့ ဇနီးမယားက အကြောင်းအရာကို  အခြေခံ ကျကျ သိမြင်နားလည်နေရမယ် မလိုအပ်တဲ့ အသေးအဖွဲ့ ကိစ္စကို ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်ရ မယ်။ ဒါဆိုရင် နှစ်ဦးနှစ်ဖက် စိတ်သဘောထား ညီညွတ်လာမယ်။ အပြန်အလှန် respect ပေးတဲ့ စိတ်ဓာတ် ပျိုးထောင်မှု ပိုတောင်လာမှာပါ။

          ဇနီးမယားတစ်ယောက်အနေနဲ့ ခင်ပွန်း အမြင်မှာ ကြည့်ကောင်းအောင်ဖြစ်ဖို့ လိုပါသေး တယ်။ Self-care မိမိကိုယ်မိမိ ခန္ဓာကိုယ်ထိန်းနိုင်ရမယ်။ မိမိရဲ့ နဂိုရှိရင်း အလှတရားကို မလျော့ကျ သွားအောင် ဒါမှဟုတ် တိုးမြှင့်အောင် လုပ်ဆောင်ထားမယ်။ မိမိကိုယ်မိမိ ယုံကြည်မှုကိုလည်း မြှင့်ထားမယ်။ အဲ့ဒီလို သဘောထားတွေက သက်ဝင်လှုပ်ရှားပြီး တက်ကြွမြူးကြွတဲ့ အိမ်ထောင်ရေး ဖြစ်လာပြီး relationship ကိုမ ိမိက တန်ဖိုးထားတယ် ဆိုတာကို လက်တွဲဖော်ကို ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဇနီးမယားတစ်ယောက်ရဲ့ ကျန်းမာတဲ့ ရုပ်ရည်သွင်ပြင်၊ မိမိကိုယ်တိုင် ဉာဏ်ရည်၊ ဉာဏ် သွေးကောင်းဖို့ အိမ်ထောင်တစ်စုရဲ့ Goal တွေ ပန်းတိုင်တွေ စိန်ခေါ်မှုတွေ မိမိကိုယ်ပိုင် တိုးတက် အောင် လုပ်နိုင်ရင် လက်တွဲဖော်က သိလာပြီး ကြာရှည်ခံတဲ့ အိမ်ထောင်တစ်ခု relationship တစ်ခု ကို တည်ဆောက်လို့ရသွားနိုင်ပါတယ်။

          အိမ်ထောင်တစ်ခုမှာ တစ်ယောက်ချင်းစီရဲ့ ဝါသနာစိတ်ဝင်စားမှုကလည်း အခြေခံပါတယ်။ ဒီ relationship မှာပင် ကိုယ့်မူလလက္ခဏာတွေက ရှိမြဲတိုင်း ရှိနေဖို့ (မူလအခြေအနေတွေကို ထိန်း သိမ်းထားနိုင်ရမယ် မိမိရဲ့ လက်တွဲဖော်ကို အသိဉာဏ်ကြွစေမဲ့ စကားစမြည်ပြောတာ၊ စိတ်ဝင်စား ဖွယ်ရာ အတွေးအမြင်တွေ ခေါင်းစဉ်အသစ်တွေနဲ့ ပြောဆိုနိုင်ရမယ်။ မိမိ ဝါသနာပါရာတွေကို ဖော်ပြ ရင် မိမိရဲ့ စွမ်းရည်ကိုလည်း ထုတ်ဖော်နိုင်ပြီးတော့ အပြုသဘောဆောင်တဲ့ ဖြည့်ဆည်းမှုတွေနဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နိုင်လာမယ်။ အဲ့ဒီလို စိတ်ဝင်စားဖွယ်ရာတွေက အိမ်ထောင်တစ်ခုရဲ့ တန်ဘိုးကို မြေတောင်မြှောက်သလို ဖြစ်သွားစေပါတယ်။ လက်တွဲဖော်ကိုလည်း မိမိက ဘယ်ကဲ့သို့ သောသူ ဖြစ်တယ်ဆိုတာကို သိစေပါတယ်။

          ဆက်လက်ပြီး ကောင်းမွန်တဲ့ သဟဇာတဖြစ်တဲ့ တင်းတိမ်ရောင့်ရဲတဲ့ အိမ်ထောင်ဖြစ်ဖို့ ဒေါသထွက်စေမဲ့ မြည်တွန်တောက်တီးတာ အသေးအဖွဲ့ကိစ္စကို အပြစ်မြင်တာမျိုး အပြစ်ရှာတာမျိုး တွေ ရှောင်ကြဉ်ရပါအုံးမယ်။ အဓိကသော့ချက်က အပြုသဘောဆောင်တဲ့ ကိုယ်တွယ်ဖြေရှင်းနည်း တွေနဲ့ သောကတွေကို Balanced ဟန်ချက်ညီအောင်လုပ်ပြီး တွေးတောနိုင်တဲ့ အပြုအမူတွေနဲ့ အပြန်အလှန်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချနိုင်ရမယ် ဒါဆိုရင် နှစ်လိုဖွယ်ကောင်းတဲ့ ငြိမ်းအေးတဲ့ အိမ်ထောင်တစ်ခုကို ရရှိလာမှာပါ။

          သတိထားရမှာက ဇနီးက ကောင်းတဲ့ စိတ်သဘောထားရှိရင် လက်တွဲဖော်ကို ကူးစက်တတ် ပါတယ်။ ဒီတော့ အပြုသဘောဆောင်တဲ့ စိတ်သဘောတွေက ကူးသွားစေပါတယ်။ ရယ်ရွှင်ဖွယ် ကောင်းတဲ့ ရပ်တည်ချက်တွေနဲ့ relationship ကို ပိုမိုကောင်းမွန်လာစေပါတယ်။ ပိုမိုပျော်ရွှင်တဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တဲ့ လိုက်ဖက်တဲ့ happy home ဖြစ်လာပါမယ်။

          မိမိလက်တွဲဖော်ကို taking care ဂရုတစိုက် လုပ်ပေးတာကို လက်တွေ့လုပ်ရတဲ့အတွက် relationship ချည်နှောင်မှုကို ခိုင်မြဲစေပါတယ်။ စိတ်ခေါ်မှုတွေရှိတဲ့ အချိန်မှာ လက်တွဲဖော်ပြောတာ ကို နားထောင်ပေးတာ မိမိတွေ့ကြုံခဲ့ရတာကို Sharing လုပ်ပေးတာဒါတွေက မိမိအတွက် ဝန်လေး စေတာမဟုတ်ပဲ လက်တွဲဖော်ကို ခွန်အားပေးတဲ့ သဘော အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို ထောက်ပံ့ပေးတဲ့သဘော သက်ရောက်စေပြီး Relationship မှာ ရင်းနှီးမြှုပ်နှံစေသလို ဖြစ်စေပြီး အိမ်ထောင်ရေးကိုလည်း ကြာရှည်ခိုင်ခံ့သလို ဖြစ်သွားစေပါတယ်။

          ကောင်းမွန်တဲ့ relationship တို့ အခြေခံအုတ်မြစ်က respect အရိုအသေပေးတာပဲဖြစ် တယ်။ လက်တွဲဖော်ကို respect ပေးတယ်ဆိုတာက သူ့ရည်မှန်းချက်တွေကို တန်ဘိုးထားပေးတာ တွေ ဂုဏ်ပြုပေးတာတွေ သူ့ရဲ့ အရည်အချင်းတွေကို လက်ခံပေးတာတွေ နားလည်မှုတွေနဲ့ အချင်းချင်း မျှဝေခံစားပြီး သူ့ကဏ္ဍမခွဲခြားပဲ အပြန်အလှန်သာ တူညီမျှတ respect ပေးတာပဲ ဖြစ် ပါတယ်။

          မိမိတည်ထောင်တဲ့ home မှာ စိတ်ခံစားချက်ကို ရွှင်ပျစေမယ့် စကားလုံး အသုံးအနှုန်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေ များစွာနဲ့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို နွေးထွေးအောင်ပြုလုပ် နိုင်ပါတယ်။ ဒါပေမယ့် လုံ့လတော့ ထုတ်ရမှာပါ။ ဒါကလည်း အချင်းချင်း နားလည်မှုတွေပေးပြီး ပိုမို နက်ရှိုင်းတဲ့ အပြန်အလှန် ပေးဆပ်မှုဆိုတဲ့သဘောတွေနဲ့ နေ့စဉ် ချစ်ခြင်းရဲ့ အခန်းကဏ္ဍနဲ့ နစ်မြှုပ် ထားတဲံ လုပ်ကိုလုပ်ရမဲ့ အလုပ်လို့ သတ်မှတ်ရင် အိမ်သားတွေကို ကြိုဆိုနိုင်မဲ့ home ဆိုတဲ့ အိမ်ကို တည်ဆောက်သွားနိုင်မှာပါ။

          အခုလို အခြေခံကျတဲ့ အချက်တွေနဲ့ မေတ္တာမီးတောက်ကို ဆက်လက် တောက်အောင် လုပ်ပေးတာပဲဖြစ်ပါတယ်။

          ဇနီးမယားတစ်ယောက်ရဲ့ အောင်မြင်တဲ့ အိမ်ထောင်တစ်ခုရနိုင်ဖို့ ရောဂါတစ်မျိုးကို ကုသရင် သောက်ရမဲ့ ဆေးအညွှန်းတွေလို ရောဂါသက်သာပျောက်ကင်းစေမဲ့ ဆေးညွှန်းလေးတွေလို့ သဘော ထားရင်း ဖော်ပြပေးလိုက်တာပါ။

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *