
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပီရူးနိုင်ငံသို့ မထွက်ခွာမီ အာဂျင်တီးနားအား နှုတ်ဆက်စကား ပြော ကြား။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အာဂျင်တီးနားနိုင်ငံသို့ လေးရက်တာ သွားရောက်ခဲ့သည့် စိတ် လှုပ် ရှားဖွယ်ရာ ခရီးစဉ်ကို ပြီးဆုံးစေပြီး ဗျူနို့စ်အေးရီးစ်မြို့မှ တရားဝင် ထွက်ခွာခဲ့ပြီဖြစ်သည်။ ၎င်းသည် ယခုအခါ လာတင်အမေရိက သာသနာပြုခရီးစဉ်၏ တတိယမြောက်နှင့် နောက်ဆုံးခရီးစဉ်ဖြစ်သော ပီရူး နိုင်ငံသို့ ဦးတည်ထွက်ခွာလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ဗျူနို့စ်အေးရီးစ် နိုင်ငံတကာလေဆိပ်မှ မထွက်ခွာမီ ပုပ်ရဟန်းမင်းကြီးသည် ဗျူနို့စ်အေးရီးစ်၊ ကောဒိုဘာ နှင့် လူဟန် မြို့များသို့ သွားရောက်စဉ်အတွင်း ပေးဆပ်ကူညီခဲ့ကြသည့် ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“ငါတို့သည် လူ့အသက်၏ ကြီးမြတ်သော တန်ဖိုးနှင့် သခင်ဘုရား ငါတို့အား ပေးသနားတော်မူသော ယုံ ကြည်ခြင်းတည်းဟူသော ကြီးမြတ်သော ဆုလာဘ်ကို အသိအမှတ်ပြုရင်း ဤလှပဆန်းကြယ်သော နေ့ရက်များ၏ အဆုံးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်…”— ပုပ်ရဟန်းမင်းကြီး လီယို (၁၄)
“သင်တို့သည် စေတနာ့ဝန်ထမ်းများအနေဖြင့် ဤနေ့ရက်များအတွင်း အာဂျင်တီးနား ပြည်သူလူထုတစ် ရပ်လုံးကိုရော၊ ငါ့ကိုပါ ကူညီရန် သင်တို့၏ အသက်တာကို ပေးဆပ်ခဲ့ကြသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မျှဝေပြောကြားခဲ့သည်။
ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးအတွက် “ငါတို့၏ နှလုံးသားများကို ဖွင့်လှစ်ကြပါစို့” ဟူသော ဆောင် ပုဒ်အောက်တွင် ပီရူးနိုင်ငံသို့ ရောက်ရှိခြင်းသည် သာသနာပြုတစ်ဦးနှင့် ဆရာတော် တစစ်ပါးအဖြစ် နှစ် ပေါင်းများစွာ သာသနာပြုခဲ့သည့် နိုင်ငံသို့ အဓိပ္ပာယ်ရှိစွာ အိမ်ပြန်ရောက်ရှိခြင်းပင် ဖြစ်သည်။ ရဟန်း မင်းသည် နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပီရူးနိုင်ငံ၌ သတင်းသုံးမည်ဖြစ်ပြီး လီမာ၊ ချိကလာယို၊ ကူးစကို နှင့် ပူကယ်ပါ မြို့များသို့ ကြွရောက်မည်ဖြစ်သည်။
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/en/pope/news/2026-11/pope-leo-xiv-departs-from-argentina-for-peru.html

