
“ကြိုဆိုလက်ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အာဂျင်တီးနား!”

အာဂျင်တီးနားနိုင်ငံသို့ သွားရောက်ခဲ့သည့် သာသနာပြုခရီးစဉ် ပြီးဆုံးခါနီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အိုဝါး လေဒီ အော့ဖ် လူဟန် (Our Lady of Luján) ကျောင်းတော်၌ မစ္ဆာတရား ပူဇော်ခြင်း အပြီးတွင် အာဂျင်တီးနား ပြည်သူလူထုအား သူ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြော ကြားခဲ့သည်။
ပီရူးနိုင်ငံသို့ မထွက်ခွာမီ သူ၏ နောက်ဆုံး အဓိက အစီအစဉ်တွင် ပုပ်ရဟန်းမင်းကြီးသည် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မွေးရပ်မြေတွင် ကုန်လွန်ခဲ့သည့် အချိန်များကို ပြန်လည်သတိရရင်း “မိမိအိမ်မှာ ရောက်ရှိနေသလို အမှန်တကယ် ခံစားခဲ့ရသည်” ဟု မျှဝေခဲ့ပါသည်။
“ရဟန်းမင်းကြီး စိန့်ပီတာ၏ အရိုက်အရာကိုဆက်ခံသူသည် သခင်ဘုရား စေလွှတ်တော်မူသော အခြား နေရာများသို့ ၎င်း၏ သာသနာပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သော်လည်း၊ တစ်ဦး ချင်းစီတိုင်းကို သူ၏ ရင်ထဲ၌ အစဉ်အမြဲ ထည့်သွင်းထားကြောင်း သင်တို့အား သိစေချင်သည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။
သူသည် မြောက်ပိုင်းရှိ တောင်ကုန်းများမှသည် တောင်ပိုင်းရှိ ရေခဲမြစ်များအထိ တစ်နိုင်ငံလုံးအတွက် အထူးဆုတောင်းမေတ္တာ ပို့သပေးခဲ့ပြီး၊ “နှုတ်ဆက်ပါတယ် ငါချစ်မြတ်နိုးရပါသော အာဂျင်တီးနား!” ဟု နွေးထွေးစွာ မနှုတ်ဆက်မီ အာဂျင်တီးနားနိုင်ငံအား လူဟန် ၏ သခင်မ အမိမယ်တော်၏ မိခင်ကဲ့သို့ စောင့်ရှောက်ကာကွယ်မှုအောက်သို့ အပ်နှံခဲ့သည်။
#PopeLeoXIV #Argentina #OurLadyOfLujan #VaticanNews #CatholicChurch #PapalVisit
Fr. Peter Kyi Maung
Credit to Vatican News

