AI နည်းပညာက ဒီနေ့ခေတ် သားသမီးလေးတွေရဲ့ အသိဉာဏ်ကို အမှန်တကယ်ပဲ မြှင့်တင်ပေးနေသလား။

ဒီနေ့မှာ AI နည်းပညာက ဒီနေ့ခေတ် သားသမီးလေးတွေရဲ့ အသိဉာဏ်ကို အမှန်တကယ်ပဲ မြှင့်တင်ပေးနေသလားဆိုတဲ့ အကြောင်း မျှဝေပေးသွားချင်ပါတယ်။

            နေရာဒေသအနှံ့အပြားမှာ ရှိတဲ့ မိဘတွေက သဘာဝကို အန်တုပြုလုပ် တီထွင်ဖန်တီးထားတဲ့ အသိဉာဏ်ပညာကို တိတ်တဆိတ်စူးစမ်းလေ့လာနေကြပါတယ်။ မိဘတွေရဲ့ အခန်းကဏ္ဍမှာ ဒီနည်း ပညာက တဖြည်းဖြည်း စိမ့်ဝင်လာနေပါတယ်။

            အခုဆိုရင် ကလေးတွေက ဒီ AI နည်းပညာနဲ့ ဟာသတွေလုပ်ပေးဖို့၊ အိမ်စာအဖြေတွေ လိုက်ရှာပေးဖို့ ၊ ဒါအပြင် အိပ်ရာဝင်ပုံပြင်တွေကိုလည်း လူသားတစ်ယောက်ပြောနေသလို ပြောဖို့ ကလေးတွေက မေးမြန်းတာတွေကို လူသားတစ်ယောက်ပြုလုပ်တဲ့အတိုင်း ပြုလုပ်ပေးနေတာကို တွေ့နေရပါတယ်။

            ကလေးအများစုက AI ကို သူတို့လက်ထောက်တစ်ယောက်လို ယုံယုံကြည်ကြည်နဲ့ ကိုယ်တွေ့ လုပ်နေကြတယ်။ သူတို့က တိုးတိုးလေးအမိန့်ပေးတယ်။ ပြီးတော့ အဆင်ပြေမယ်လို့ မျှော်လင့်တယ်။  အဆင်သင့် ချက်ချင်းပဲ ပြန်ဖြေပေးတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့ Talent ကို မိဘတွေထက် တောင်မှ အရိုအသေပေးတာကို တွေ့ရပါတယ်။ ဒီကိရိယာ တန်ဆာပလာရဲ့ စည်းကမ်းပေါင်းများစွာ နဲ့ ပြိုင်ပြီး သူတို့သုံးကြရပေမယ့် ဘယ်တော့မှ ပင်ပန်းတယ်လို့ မထင်ကြပါဘူး။

            မိဘတွေက တစ်ခါတစ်ရံ စိတ်ဖိစည်းမှုရှိတဲ့အတွက် စိတ်ခံစားချက်အတိုင်း သားသမီးနဲ့ ဆက်ဆံပြောဆိုကြတဲ့အခါ ဒီစက်ကိရိယာက AI နည်းပညာနဲ့ သူတို့ကို ပြောဆိုဆက်ဆံတဲ့အခါ သူငယ်ချင်း တစ်ယောက်ကို ပြောတဲ့လေသံမျိုးနဲ့ ပြောတဲ့အခါမှာ သူတို့က နှိုင်းယှဉ်တတ်လာတယ်။ မိဘတွေ ပြောတဲ့လေသံ၊ စကားသံတွေထက် အေးအေးဆေးဆေးရှိတဲ့ သူငယ်ချင်းတစ်ယောက်လို ပြောတဲ့ လေသံမျိုးကို သူတို့က ပိုနှစ်သက်လာတယ်။ အဲ့ဒီတော့ မိဘတွေက ပိုပြီးစိုးရိမ်လာကြတယ်။

            အခုမိဘတွေက တွေးလာပြီ မေးခွန်းလည်းထုတ်လာပြီ၊ မိမိသားသမီးလေးတွေရဲ့ နေ့စဉ် အတွေးထဲမှာ ဘယ်သူက သြဇာလွှမ်းမိုးမှုတွေ ရှိနေပြီလဲ၊ အဲ့ဒီလိုတွေးလာကြပါပြီ။

            မိဘတွေက စိုးရိမ်ပေမယ့် AI နည်းပညာက ကလေးတွေစာကျက်မှတတ်တာကို သေသေ ချာချာ လမ်းညွှန်ပြသပေးတယ်။ ထောက်ပံ့ပေးတယ်။ အိမ်စာကို ကူညီပေးတယ်။ ကလေး တစ်ယောက်ရဲ့ သိချင်စိတ် ရှိတာတွေကို ပိုပြီး နားလည်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်။

            ဒီ AI က ပုံမှန်ရိုးရိုး ထောက်ပံ့ကူညီပေးရာက ဥပမာ – အစားထိုး စကားစမြည်ပြောတာတွေ က အမှန်တကယ်စိုးရိမ်ဖို့ အခြေအနေတွေ ပေါ်ပေါက်လာရင် ဘယ်လို မိဘတွေရင်ဆိုင်ကြမလဲ။

            ဒါကြောင့် AI ဆိုတာ သားသမီးလေးတွေနဲ့ အသိပညာကို အမှန်ကတယ်ပဲ မြှင့်တင်ပေးနေပါ သလား။ မမြှင့်တင်ပဲ နေသလား။ မိဘတွေကလည်း အခုလိုပဲ စိုးရိမ်စိတ်တွေနဲ့ AI နည်းပညာ စိမ့်ဝင် နေတာကို သားသမီးလေးတွေအတွက် ဒီအတိုင်းပဲ နေနေရမှာလား။ တွေးစရာတွေ အများကြီးပါ ဆိုတာ တင်ပြရင်း ဒီနေ့အတွက် ရပ်နားလိုက်ပါတယ်။  

rvamyanmar
rvamyanmar
Articles: 4366

Leave a Reply

Your email address will not be published. Required fields are marked *