
ကက်သလစ်ကျောင်းများအနေဖြင့် လူငယ်များအတွက် “ကမ္ဘာပေါ်တွင် နေထိုင်မှုပုံစံသစ်” တစ်ခု ရှာ ဖွေနိုင်ရန် ကူညီပေးကြဖို့ တိုက်တွန်း။

ပိုမိုအေးချမ်းပြီး တရားမျှတသော ကမ္ဘာကြီးကို တည်ဆောက်ရာတွင် ကူညီပေးနိုင်ရန်အတွက် ကက်သ လစ်စာသင်ကျောင်းများနှင့် တက္ကသိုလ်များသည် လူငယ်များ အမှန်တကယ် ချစ်ခင်စောင့်ရှောက်မှု၊ အသိအမှတ်ပြုမှုနှင့် ကူညီပံ့ပိုးမှုများကို ခံစားရသည့် နေရာများ ဖြစ်ရမည်ဟု အောက်တိုဘာ ၂၂ ရက် ကြာသပတေးနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အလေးပေးပြောကြားခဲ့ပါသည်။
ဗာတီကန်တွင် ကျင်းပသည့် ကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ ဓမ္မအမှုတော်ဆောင် အပြည်ပြည် ဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသူများကို မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးက လူငယ် များ စိတ်ဒဏ်ရာမရစေရန် ကာကွယ်ရန်အတားအဆီးများ ဆောက်လုပ်ထားကြသော်လည်း ရင်တွင်း၌ ဆက်ဆံရေးထူထောင်လိုသည့် ပြင်းပြသော ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။
“ဆယ်ကျော်သက် အများအပြား ခံစားချက်ဒဏ်ရာမရအောင် ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ သံချပ် ကာအင်္ကျီအောက်မှာ အချစ်ကို ပေးသနားချင်တဲ့၊ ချစ်ခြင်းမေတ္တာကို ရရှိချင်တဲ့ ဆန္ဒတွေ ကိန်းဝပ် နေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ပါးက မှတ်ချက်ပြုခဲ့သည်။
ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းမှ အဓိကအချက်များ –
• “ညှာတာကင်းမဲ့သော” ယဉ်ကျေးမှုကို တုံ့ပြန်ခြင်း – လူငယ်အများအပြား ကျရှုံးမည်ကို ကြောက် ရွံ့ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်နည်းပညာကြောင့် အထီးကျန် ဆန်ပြီး မလှုပ်ရှားနိုင်အောင် ဖြစ်နေရသည့် ယနေ့ခေတ် စွမ်းဆောင်ရည် ဦးစားပေး လူ့အဖွဲ့အစည်းတွင် ပညာရေးအဖွဲ့အစည်းများသည် ပြင်းထန် သော ဖိအားများနှင့် မှားယွင်းသော ကတိကဝတ်များကို ထိရောက်စွာ ကုစားပေးနိုင်ရမည်။
• မိမိအိမ်ကဲ့သို့ ခံစားရသောနေရာ – ကက်သလစ်ပညာရေးနယ်ပယ်များသည် ကျောင်း သား/သူ များ၏ အမည်ကို အသိအမှတ်ပြုခေါ်ဆိုပြီး နွေးထွေးစွာ ကြိုဆိုကာ မည်သူမျှ ပစ်ပယ်ခံထားရသည်ဟု မခံစားရဘဲ ရင်းနှီးကျွမ်းဝင်သည့် “အိမ်” တစ်လုံးကဲ့သို့ ဖြစ်သင့်သည်။
• ယုံကြည်ခြင်းနှင့် အကြောင်းပြချက် (Faith & Reason) – ဓမ္မအမှုတော်ဆောင်ခြင်းသည် ဉာဏ် ရည်ဉာဏ်သွေးကို ပျိုးထောင်ပေးရမည်၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို အားပေးရမည်ဖြစ်ပြီး၊ ယုံကြည် ခြင်းနှင့် အကြောင်းပြချက် လက်တွဲလုပ်ဆောင်ခြင်း၏ စွမ်းအားကို ကျောင်းသားများ တွေ့ကြုံခံစား နိုင် ရန် ကူညီပေးရမည်။
• နှလုံးသားကို ပညာပေးခြင်း – စစ်မှန်သော ပညာရေးသည် စာပေပညာရပ်များထက် ကျော်လွန်၍ ကရုဏာတရား၊ ကျေးဇူးသိတတ်မှု၊ စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်းနှင့် ဆင်းရဲသားများကို ကူညီ စောင့်ရှောက်ခြင်းတို့အထိ လွှမ်းခြုံထားပြီး ကျောင်းသားများ ဘုရားသခင်ပေးသနားထားသော ပါရမီ များကို ရှာဖွေဖော်ထုတ်နိုင်ရန် ကူညီပေးသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပညာရေးဝန်ထမ်းများနှင့် ဓမ္မအမှုတော်ဆောင်များအား မျိုးဆက် သစ်လူငယ်များဘက်မှ ရပ်တည်ပေးကြရန်နှင့် သူတို့အား ညီအစ်ကိုမောင်နှမစိတ်ဓာတ်ကို ရဲဝံ့စွာ တည် ဆောက်သူများဖြစ်လာစေရန် စွမ်းဆောင်ပေးမည့် “ယုံကြည်မှုဆိုင်ရာ ကတိကဝတ်” ကို တည်ဆောက် ကြရန် တိုက်တွန်းခဲ့သည်။
#PopeLeoXIV #Vatican #CatholicEducation #YouthMinistry #FaithAndEducation #CatholicNews
Fr. Peter Kyi maung
Credit: Vatican News

