ဗာတီကန်တွင် အမျိုးသမီးများ၏ ပါဝင်ကူညီမှုများကို ပိုမိုတန်ဖိုးထား မြှင့်တင်ပေးရမည်။

ဗာတီကန်အတွင်း အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများသည် တန်ဖိုးရှိသော အရာ တစ်ခုဖြစ်ပြီး ယခင်ကထက် ပိုမိုအသိအမှတ်ပြု တန်ဖိုးထားရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အလေးအနက် မိန့်ကြားခဲ့သည်။

ဗာတီကန် အမျိုးသမီးများအသင်း နှင့် ဗာတီကန် လူဝတ်ကြောင် အလုပ်သမားများအသင်း (ADLV) တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီးက အမျိုးသမီးများသည် အသင်းတော်၏ အဖွဲ့အ စည်းများကို ကြွယ်ဝပြည့်စုံစေသည့် ထူးခြားသော ကျွမ်းကျင်မှု၊ ဖန်တီးနိုင်စွမ်း၊ ပိုင်းခြားသိမြင်နိုင် စွမ်းနှင့် လက်တွေ့ကျသော ချဉ်းကပ်ဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးကြသူများ ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

�အသင်းတော်၏ ဘဝကို ကြွယ်ဝပြည့်စုံစေခြင်း – အမျိုးသမီးများသည် လူမှုဆက်ဆံရေးအတွက် ထူး ခြားသော နူးညံ့သိမ်မွေ့မှုအပြင် ပရော်ဖက်ရှင်နယ်နှင့် အသိဉာဏ်ဆိုင်ရာ အရည်အသွေးများကို အပြည့် အဝ ဆောင်ကြဉ်းပေးကြပြီး၊ ပကတိလက်တွေ့ဘဝကို ပိုမိုကျယ်ပြန့်စွာ ရှုမြင်နိုင်စေရန် ကူညီပေး ကြသည်။� �လုပ်ငန်းခွင်၏ ဂုဏ်သိက္ခာ – မိမိ၏ Magnifica humanitas စာချွန်လွှာကို ကိုးကား၍ ပုပ်ရ ဟန်းမင်းကြီးက – အထူးသဖြင့် AI ခေတ်ဆန်းချိန်တွင် – လူသားတို့၏ လုပ်အားသည် အစားထိုး မရနိုင် သော တန်ဖိုးရှိကြောင်းနှင့် အလုပ်လုပ်ခြင်းသည် လူသားတို့၏ ဂုဏ်သိက္ခာကို ထင်ဟပ်စေကာ ပိုမိုမြင့် မားစေကြောင်း အလေးအနက် မိန့်ကြားခဲ့သည်။� �အသိုက်အဝန်းကို ခိုင်မာစေခြင်း – ပုပ်ရဟန်း မင်း ကြီး၏ သာသနာပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူ အားလုံးသည် အသင်းတော်၏ သာ သနာပြုတာဝန်များကို အတူတကွ ထမ်းဆောင်ရာတွင် တန်းတူညီမျှသော ဂုဏ်သိက္ခာကို ပိုင်ဆိုင် ထားကြသည်။� �ပဋိပက္ခထက် တွေ့ဆုံဆွေးနွေးမှုကို ဦးစားပေးခြင်း – လုပ်ငန်းခွင်တွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ပွင့်လင်း၍ ဖန်တီးနိုင်စွမ်းရှိသော၊ ယုံကြည်မှုရှိသော တွေ့ဆုံဆွေးနွေးမှုသည် တစ် ဦးစီ၏ တန်ဖိုးနှင့် အရည်အချင်းကို အသိအမှတ်ပြုသည့် အထောက်အကူပြု လုပ်ငန်းခွင်အသိုက် အဝန်းကို တည်ဆောက်ရန်အတွက် အဓိက လမ်းကြောင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က ထပ်လောင်းအတည်ပြုခဲ့သည်။�

outube-@rvamyanmar8152

Website: rvamyanmar.org See less

#PopeLeoXIV#VaticanNews#WomenInTheVatican#ChurchCommunity#CatholicChurch#DignityOfWork

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-women-s-contributions…

See less

rvamyanmar
rvamyanmar
Articles: 4289

Leave a Reply

Your email address will not be published. Required fields are marked *