၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် ပုပ်ရဟန်းမင်းကြီး လီယို(၁၄) အရှင်သူမြတ်သည် သာသနာတော် အတွင်း စာနာ ထောက်ထားမှု ရှိသော စိတ်ကျန်းမာရေး ဌာနာများ ဖွင့်လှစ် တည်ဆောက်ကြဖို့ – For mental health ministry အရေးကြီးသည့် သာသနာပြု လုပ်ငန်း၌ ပါဝင်ကြဖို့ ဖိတ်ခေါ် ထားပါသည်။

စိတ်ကျန်းမာရေးသည် လူတစ်ဦး၏ ဘက်ပေါင်းစုံ ပြုစု စောင့်ရှောက်မှုတွင် မရှိမဖြစ် လိုအပ်သော်လည်း တိတ်ဆိတ်စွာ ခံစားနေရသည့် ဝေဒနာများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ကျ ရောဂါ တို့သည် ပမာမခန့် ချိုးနှိမ် ဆက်ဆံ ခံရမှုနှင့် ခွံခြား ဆက်ဆံခြင်း ခံရမှု တို့၏ အရိပ်မည်း အောက်မှာ တည်ရှိနေဆဲ ဖြစ်ပါသည်။ အပြစ်တင် ဝေဖန်ခြင်း မရှိဘဲ နားထောင်ပေးခြင်းနှင့် နှစ်သိမ့် ဆွေးနွေးမှု ပေးနိုင်သော မိတ်ဆွေစစ် အဖြစ် အတူရှိ နေပေးခြင်း တို့ဖြင့် ကျွန်ုပ်တို့ အားလုံး ခရစ်တော်၏ ကုသပေးသော ကရုဏာတော်ကို သက်ရှိ ထင်ရှား ဖော်ပြရာ ရောက်ပါသည်။

မြန်မာနိုင်ငံအတွက်လည်း ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း ရည်ရွယ်ချက်သည် အလွန်ပင် အရေးကြီး လှပါသည်။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ပဋိပက္ခများ၊ အိုးအိမ် စွန့်ခွာ ထွက်ပြေး ရမှုများနှင့် စီးပွားရေး အကျပ်အတည်းများသည် မိသားစုများနှင့် အသိုက်အဝန်းများ၏ စိတ်နှလုံးတွင် မမြင်နိုင်သော ထိခိုက်ဒဏ်ရာများကို နက်ရှိုင်းစွာ ကျန်ရစ် စေပါသည်။ စိတ်ကျန်းမာရေး အထူးပြု ဌာနများ ဖွင့်လှစ် တည်ထောင် ပေးခြင်းသည် မျှော်လင့်ခြင်း၊ ကြံ့ကြံ့ခံနိုင်ခြင်းနှင့် ဝိညာဉ်ရေးရာ နှစ်သိမ့်မှု တို့ကို ပေးစွမ်းနိုင်သော ခိုလှုံရာ တစ်ခု ဖြစ်စေပါသည်။ ထို့အပြင် မနက်ဖြန် အတွက် ဝန်လေးနေသူများအား ၎င်းတို့သည် မည်သည့် အခါမျှ မေ့လျော့ ခံရသူများ မဟုတ်ကြောင်းနှင့် တစ်ယောက်တည်း မဟုတ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အသိုက်အဝန်းများသည် နာကျင်စွာ ခံစား နေရသော စိတ်နှလုံးတိုင်း ခိုလှုံရာ၊ ပြုစု စောင့်ရှောက်မှုနှင့် ထာဝရ ဘုရား၏ ငြိမ်သက်ခြင်းကို တွေ့ရှိ နိုင်သည့်— စာနာမှု၊ ဂုဏ် သိက္ခာနှင့် ပြန်လည် ကျန်းမာစေသည့် ပေါင်းစည်း တံတားများ သဖွယ် ပွင့်လင်းသော အိမ်တစ်ဆောင် ဖြစ်ပါစေ။

The Prayer:

ဆုတောင်းကြစို့ …

သက်ရှိတို့၏ ဘုရားသခင်၊

ကိုယ်တော်သည် အကျွန်ုပ်တို့ နှလုံးသား၏ အနက်ရှိုင်းဆုံး အရာများ ကို သိမြင်တော်မူ၏။ အကျွန်ုပ်တို့ အတွင်းရှိ အလင်းနှင့် အမှောင်များ၊ မည်သူမျှ မမြင်နိုင်သော တိတ်တဆိတ် ခံစားနေရသည့် နာကျင် ဒဏ်ရာ များကို သိရှိ တော်မူ၏။

ယနေ့တွင် စိတ်ဝေဒနာ ခံစားနေရသော၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ သို့မဟုတ် ကြောက်ရွံ့မှုတို့ဖြင့် တစ်ယောက်တည်း ရုန်းကန်နေရသော

ညီအစ်ကို မောင်နှမများကို ကိုယ်တော်ရှင်၏ ရှေ့မှောက်သို့ ဆောင်ယူ အပ်နှံ ကြပါ၏။

ကိုယ်တော်သည် သူတို့ကို ကြင်နာစွာ နာမည်တပ်၍ ခေါ်တော်မူပြီး၊

သူတို့သည် ကိုယ်တော်၌ လူ့ဂုဏ်သိက္ခာနှင့် မျှော်လင့်ခြင်းကို တွေ့ရှိ ကြရပါ၏။

အကျွန်ုပ်တို့သည် စိတ်မကျန်းမာ သူများကို နှိမ်ချ ဆက်ဆံခြင်းနှင့် လျစ်လျူရှုခြင်းများကို အားပေး ခဲ့ကြပြီး တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ မျက်နှာကို လွှဲခဲ့ကြခြင်းများ အတွက် ခွင့်လွှတ် တော်မူပါ။

ကိုယ်တော်၏ သာသနာတော်သည် ပွင့်လင်းစွာ တံခါးဖွင့်သည့် အိမ်တော် ဖြစ်စေ တော်မူပါ။ လူတိုင်းအတွက် နေရာရှိပြီး လုံခြုံ စိတ်ချစွာ နေထိုင်နိုင်သော နေရာတစ်ခု ဖြစ်စေ တော်မူပါ။

မည်သူ့ကိုမျှ ဖယ်ထုတ်ခြင်း မပြုဘဲ အတူတကွ လျှောက်လှမ်း စေတော်မူပါ၊ အကဲဖြတ် အပြစ်တင်ခြင်း မပြုဘဲ နားထောင် ပေးပြီး

ကြောက်ရွံ့ခြင်း မရှိဘဲ အနားသို့ ချဥ်းကပ်နိုင်သော ချစ်ခြင်း မေတ္တာ ပြည့်ဝသည့် အသိုင်းအဝိုင်း တစ်ခု ဖြစ်စေ တော်မူပါ။

အို သခင်၊ စိတ်ကျန်းမာရေး အခက်အခဲ ရှိသူများကို ပြုစု စောင့်ရှောက် ပေးနေကြသူများ အတွက်လည်း ဆုတောင်း ပေးကြ ပါ၏။ ကျွမ်းကျင် ပညာရှင်များ၊ မိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်း များ၊ သည်းခံခြင်းနှင့် ချစ်ခြင်း မေတ္တာ တရားတို့ဖြင့် နားလည် နှစ်သိမ့်မှု တို့ကို တည်ဆောက် ဆက်သွယ် ပေးနေကြသော အမျိုးသား၊ အမျိုးသမီးများ အားလုံးကို ကောင်းချီး ပေးတော်မူပါ။

အခြားသူ များကို အားပေး ထောက်ပံ့ နိုင်စေရန် သူတို့အား ခွန်အားနှင့် စာနာ သနားစိတ်ကို ပေးသနား တော်မူပါ။

ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်ုပ်တို့ အပေါ်သို့ စေလွှတ် ပေးတော်မူ သဖြင့် စိတ်ကျန်းမာရေးကို ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းနှင့် သာသနာပြု ဘဝ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု အဖြစ် နားလည် လက်ခံပြီး ပေါင်းစည်း ဆောင်ရွက်တတ် လာကြ ပါလိမ့်မည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ မည်သူ့ကိုမျှ မစွန့်ပစ်ဘဲ

အမြဲတမ်း ပြန်လည် ကုစား ပေးတော်မူသော ကိုယ်တော့် ကရုဏာ တော်၏ သက်သေခံများ ဖြစ်လာစေ တော်မူပါ။ … အာမင်။

See less

rvamyanmar
rvamyanmar
Articles: 4289

Leave a Reply

Your email address will not be published. Required fields are marked *