ပုပ်ရဟန်းမင်းကြီးက ကိုရီးယား ဘုန်းတော်ကြီးများနှင့် ဘာသာရေးဝန်ထမ်းများအား ‘ပြန်လည်သင့် မြတ်ခြင်း၏ သက်သေခံများ’ ဖြစ်ကြရန် တိုက်တွန်း

ကိုရီးယား ဘုန်းတော်ကြီးများ၊ ဘာသာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယို က ၂၀၂၇ ခုနှစ် ဆိုးလ် ကမ္ဘာ့လူငယ်များနေ့သို့ တက်ရောက်ကြမည့်သူများသည် ကိုရီးယား အာဇာနည်များ၏ သဒ္ဓါတရား (ယုံကြည်ခြင်း) ကို ရရှိကြပြီး “ကမ္ဘာ့လမ်းမများထက်သို့ ဆက်လက် သယ်ဆောင် သွား ကြလိမ့်မည်” ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၇ ဆိုးလ် ကမ္ဘာ့လူငယ်များနေ့သို့ တက်ရောက်ကြမည့် လူငယ်များအတွက် “မျှော်လင့်ချက်၏ သက် သေခံများ” နှင့် စိတ်ဝမ်းကွဲပြားနေသော ကျွန်းဆွယ်တွင် “ငြိမ်းချမ်းရေး ဖန်တီးတည်ဆောက်သူများ” ဖြစ်ကြပါစေ။

အောက်တိုဘာလ ၅ ရက်နေ့က ဗာတီကန်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ကိုရီးယား ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာရေးဝန်ထမ်းများအား မိန့်ခွန်းပြောကြားစဉ် ပုပ် ရဟန်းမင်းကြီး လီယို (၁၄) ၏ ဆုတောင်းမေတ္တာ ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းသည် တက်ရောက်လာသူ ၁၇၀ ခန့်အား ရည်ရွယ်ပြောကြားခြင်းဖြစ်ပြီး၊ ထိုသူများအနက် အများစုမှာ လာမည့် ကမ္ဘာ့လူငယ်များနေ့ကို ဦးစီးကျင်းပရေးတွင် ပါဝင်ဆောင်ရွက် နေကြသူများ ဖြစ်ကြသည်။

အာဇာနည်များ၏ သဒ္ဓါတရား

ကိုရီးယား၌ သင်တို့ရရှိခဲ့သော သဒ္ဓါတရားသည် “သာသနာပြုစိတ်ဓာတ် အရှိန်အဟုန်သစ်ကို ရရှိစေနိုင် ပါသည်။ သင်တို့သည် ဝေးလံသောနေရာမှ လာကြသည်မှာ မှန်သော်လည်း၊ ဤနေရာတွင် သင်တို့သည် မိမိတို့အိမ်၌ ရောက်ရှိနေကြခြင်း ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ရောမမြို တွင် ရောက် ရှိနေကြ သော ကိုရီးယား ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာရေးဝန်ထမ်းများအား မိန့်ကြားခဲ့သည်။

အမှန်စင်စစ် ကိုရီးယားသည် “တစ်ချိန်က သာသနာပြုနယ်မြေဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ သာသနာ ပြုများ၏ မိခင်မြေ ဖြစ်လာခဲ့ပြီ” ဖြစ်ကြောင်းနှင့် ယင်းသည် ကိုရီးယား အာဇာနည်များ၏ သဒ္ဓါ တရားနှင့် စွန့်လွှတ်စွန့်စားမှု အမှတ်တရများ၌ အမြစ်တွယ်နေခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြန်လည်အောက်မေ့ မိန့်ကြားခဲ့သည်။

“အမှတ်တရ သတိရခြင်းသည် သာသနာပြုလုပ်ငန်းကို စတင်စေပြီး၊ သာသနာပြုလုပ်ငန်းသည် မျှော် လင့်ချက်ဆီသို့ လမ်းဖွင့်ပေးသည်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

“နောက်လာမည့် ကမ္ဘာ့လူငယ်များနေ့သည် ဤအရာအားလုံးကို ထင်ရှားမြင်သာစေလိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီး လီယို က အလေးအနက် မိန့်ကြားခဲ့သည်။ “ကမ္ဘာအရပ်ရပ်မှ လူငယ်များသည် အာဇာ နည်များ၏ သက်သေခံချက်မှတစ်ဆင့် ဧဝံဂေလိတရားတော် အမြစ်တွယ်ခဲ့သည့် မြေဆီသို့ ရောက်ရှိ လာကြမည်ဖြစ်သည်။ ဤပွဲသည် အတိတ်၏ အမှတ်တရနှင့် အနာဂတ်တို့အကြား ကြီးမားသော ဆုံစည်းမှုတစ်ခု ဖြစ်စေချင်ပါသည်။ ဓမ္မအာဇာနည်များသည် မျိုးဆက်သစ်များထံ သဒ္ဓါတရားကို လက်လွှဲပေးလိုက်ကြပြီး၊ လူငယ်များသည် ကမ္ဘာ့လမ်းမများထက်သို့ သယ်ဆောင်သွားရန် ယင်းကို လက်ခံရရှိကြသည်” ဟု မိန့်ကြားခဲ့သည်။

လူငယ်များ၏ အသံကို နားထောင်ခြင်း

ဤပွဲကို ပြင်ဆင်ရာတွင် ပါဝင်နေသူအားလုံးထံ ပုပ်ရဟန်းမင်းကြီး လီယို၏ ဖိတ်ခေါ်ချက်မှာ – “လူငယ်များ၏ အသံကို နားထောင်ကြပါ၊ သူတို့နှင့်အတူ ယှဉ်တွဲလျှောက်လှမ်းကြပါ၊ ခရစ်တော်၏ နောက်သို့ လိုက်ခြင်းသည် လွတ်လပ်မှုကို မဆုတ်ယုတ်စေဘဲ ပြည့်စုံစေကြောင်း၊ သဒ္ဓါတရားသည် ဘဝကို ပိတ်ပင်တားဆီးခြင်း မဟုတ်ဘဲ ပိုမိုကျယ်ပြောသော အရပ်ဆီသို့ ဖွင့်လှစ်ပေးကြောင်း သူတို့ သိရှိနားလည်အောင် ကူညီပေးကြပါ” ဟု ဖြစ်သည်။

ယေဇူးခရစ်တော်၏ “သတ္တိမွေးကြပါ၊ ငါသည် ကမ္ဘာလောကကို အနိုင်ယူပြီးပြီ” ဆိုသော နှုတ်ကပတ်တော်ကို နှလုံးသွင်းလျက် ကမ္ဘာ့လူငယ်များနေ့အတွက် တက်ကြွသော စိတ်ဓာတ်ဖြင့် ပြင်ဆင်ကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

ကိုရီးယား အာဇာနည်များသည် ဤအရာကို ကောင်းစွာ နားလည်ခဲ့ကြကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည် – “သူတို့၏ မျှော်လင့်ချက်သည် သာယာသော အခြေအနေများအပေါ်တွင် မမှီခိုဘဲ၊ ခရစ် တော်သည် အနိုင်ရရှိပြီးဖြစ်သည် ဆိုသည့် သေချာရေရာမှုအပေါ်တွင်သာ မှီခိုခဲ့ခြင်းဖြစ်သည်”။

စိန့်အန်ဒရူး ကင်မ်ထေးဂွန်၊ စိန့်ပေါလ် ချုံဟဆန်း နှင့် အခြားသူများ အပါအဝင် “အာဇာနည်များ၏ သက်သေခံချက်မှတစ်ဆင့် ကိုရီးယားရှိ သာသနာတော်သည် ကြီးထွားလာခဲ့ရသည်” ဟု ပုပ်ရ ဟန်းမင်းကြီး လီယို က မိန့်ကြားခဲ့သည်။ “သမိုင်းတစ်လျှောက်တွင် ကိုရီးယားပြည်သူများသည် ထူးကဲ သော စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ကြသည် – သူတို့သည် ညှဉ်းပန်းနှိပ်စက်မှုများ၊ စစ်ပွဲများ၊ ဆင်းရဲမွဲ တေမှုများနှင့် စိတ်ဝမ်းကွဲပြားမှုများကို ကြံ့ကြံ့ခံခဲ့ကြပြီး၊ ပြန်လည်ရုန်းထမြောက်ကာ အနာဂတ်ကို မျှော်ကြည့်တတ်သည့် အသိဉာဏ်ရှိခဲ့ကြသည်”။

ပြန်လည်သင့်မြတ်ခြင်း၏ အမျိုးသမီးနှင့် အမျိုးသားများ

ပုပ်ရဟန်းမင်းကြီး လီယို က မိန့်ခွန်းနားထောင်သူများအား ခရစ်တော်နှင့် မိတ်ဆွေဖွဲ့မှုကို တန်ဖိုးထား မြတ်နိုးကြရန်နှင့် ပျိုးထောင်ကြရန် တိုက်တွန်းခဲ့ပြီး၊ ယင်းမိတ်ဆွေဖွဲ့မှုသည် “ငါတို့ကို ညီအစ်ကို မောင် နှမ စိတ်ဓာတ်ဆီသို့ ပွင့်လင်းစေသည်” ဟု ဆိုသည်။

သူတို့သည် မတူညီသော သာသနာအုပ်စုများ၊ အဖွဲ့အစည်းများ၊ အသင်းဂိုဏ်းများနှင့် အတွေ့အကြုံများမှ လာကြခြင်းဖြစ်သဖြင့် “ဤကွဲပြားခြားနားမှုကို အသင်းတော်၏ ညီညွတ်စွာ အတူတကွ လျှောက် လှမ်းခြင်း (synodality) အတွက် အရင်းအမြစ်တစ်ခု ဖြစ်စေနိုင်သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

အတူတကွ လျှောက်လှမ်းသော အသင်းတော်သည် အခြားသူတစ်ဦးကို “ညီအစ်ကို မောင်နှမ သို့မဟုတ် ခရီးဖော်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်အခါမျှ ပြိုင်ဘက်အဖြစ် မရှုမြင်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယို က ဆက်လက်မိန့်ကြားသည်။ ယင်းသည် “စိတ်မချမ်းမြေ့ဖွယ် ကွဲပြားခြင်း ဒဏ်ရာကို ခံစားနေ ရဆဲဖြစ်သော” ကိုရီးယားကျွန်းဆွယ်ကဲ့သို့သော ဒေသတစ်ခုတွင် အထူးပင် အရေးကြီးကြောင်း ပုပ်ရ ဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

“တွေ့ဆုံမှု လမ်းကြောင်းသစ်များ ပွင့်လာစေရန်နှင့် ငြိမ်းချမ်းရေး ဧဝံဂေလိတရားတော်ကို ကိုရီးယား ကျွန်းဆွယ်၏ နေရာတိုင်း၌ လည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံး၌ လည်းကောင်း လွတ်လပ်စွာ ဟောပြော ကြွေးကြော်နိုင်စေရန်” ဆက်လက် လုပ်ဆောင်ပြီး ဆုတောင်းပေးကြရန် ပုပ်ရဟန်းမင်းကြီးက တိုက် တွန်းပြောကြားခဲ့သည်။

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-10/pope-korean-priests-religious-wyd-martyrs-reconciliation.html

rvamyanmar
rvamyanmar
Articles: 4289

Leave a Reply

Your email address will not be published. Required fields are marked *