
ပဋိပက္ခများအလယ်တွင် အသင်းတော်သည် အစေခံခြင်းနှင့် မျှော်လင့်ခြင်းကို သက်သေခံရမည်။

အာရပ်ဒေသများမှ လာတင်း စနစ်သုံး ဆရာတော်ကြီးများအဖွဲ့ (CELRA) နှင့် ရောမမြို့တွင် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး တင်းမာမှုများအလယ်တွင် နေထိုင် နေကြရသည့် အသိုင်းအဝိုင်းများအတွက် စာနာကူညီမှု၊ ယုံကြည်ခြင်းနှင့် ပြန်လည်ရင်ကြား စေ့ရေးဆိုင် ရာ လေးနက်သည့် သတင်းစကားကို မြွက်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး မိန့်ကြားချက်များမှာ -�ယုံကြည်ခြင်းနှင့် စွန့်လွှတ် ရဲရင့်မှုကို ဂုဏ်ပြုခြင်း – အီရတ်နှင့် ဆီးရီးယားကဲ့သို့ စစ်မက်ဖြစ်ပွားရာ ဒေသများရှိ ခရစ်ယာန်များ၏ ရဲရင့်သော သက်သေခံချက်များကို အသိအမှတ်ပြုကာ၊ နည်းပါးသော လူနည်းစုဖြစ်နေသော်လည်း ဧဝံဂေလိတရားပေါ် သစ္စာရှိကြသည့် ဒေသခံအသိုင်းအဝိုင်းများကို ချီးကျူးခဲ့ပါသည်။
�ဒဏ်ရာရသူများနှင့်အတူ လျှောက်လှမ်းခြင်း – ဆရာတော်ကြီးများနှင့် ခေါင်းဆောင် များသည် ဒုက္ခနှင့် ပြောင်းရွှေ့နေထိုင်ရမှုများရင်ဆိုင်နေရသော မိသားစုများအား စာသင်ကျောင်း၊ ဆေးရုံနှင့် သာသနာတော် များမှတစ်ဆင့် နားထောင်ပေးခြင်း၊ နှစ်သိမ့်ပေးခြင်းနှင့် လက်တွေ့ကျသော အကူအညီများ ပေးအပ်ရင်း မိမိတို့လူထုနှင့် နီးကပ်စွာရှိနေကြရန် တိုက်တွန်းခဲ့သည်။�ရွှေ့ပြောင်းလုပ်သားများကို ကြိုဆိုခြင်း – ပင်လယ်ကွေ့နိုင်ငံများရှိ ရွှေ့ပြောင်းလုပ်သားများကို အထူးဂရုပြုရန် မီးမောင်းထိုးပြခဲ့ပြီး – “သင်တို့၏ အသိုင်းအဝိုင်းများသည် မည်သူမျှ သူစိမ်းကဲ့သို့ ခံစားရခြင်းမရှိသည့် အိမ်များဖြစ်ပါစေ” ဟု သတိပေး ပြောကြားခဲ့သည်။�
ဝိဝါဒကွဲပြားမှုများအပေါ် တံတားထိုးခြင်း – မွတ်စလင်အသိုင်းအဝိုင်းများနှင့် မတူညီသော ခရစ်ယာန် ဂိုဏ်းဂဏများအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးပွဲများပြုလုပ်ရန် အလေးပေးခဲ့ပြီး၊ ဆွေးနွေးပွဲဆို သည်မှာ မိမိ၏အမျိုးသားရေးလက္ခဏာကို စွန့်လွှတ်ခြင်းမဟုတ်ဘဲ ကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်တွေ့ ဆုံခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည် – “စစ်ပွဲက မယုံကြည်မှုတွေကို မျိုးစေ့ကြဲထားတဲ့နေရာတိုင်းမှာ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် လေးစားမှုတိုင်းဟာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်း ချမ်းရေးဆီကို သွားတဲ့ ခြေလှမ်းတွေ ဖြစ်လာနိုင်ပါတယ်။”�အောင်မြင်မှုထက် သစ္စာရှိမှုကို ရှာဖွေခြင်း – ပုပ်ရဟန်းမင်းကြီးက သာသနာတော်ဘခေါင်းဆောင်များအား – “ခပ်သိမ်းသော အောင်မြင်မှု ဒါမှ မဟုတ် အသိအမှတ်ပြုခံရမှုကို မရှာပါနဲ့၊ သစ္စာရှိမှုကို ရှာပါ။ အမှန်တရား၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရဲ့ အသံများ ဖြစ်ကြပါ” ဟု လေးနက်စွာ မှာကြားခဲ့သည်။�အရှေ့အလယ်ပိုင်းနှင့် အာရပ်ဒေသများရှိ အသင်းတော်များသည် ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ ကရုဏာတရား၏ သက်သေများအဖြစ် ဆက်လက်ရပ်တည်နိုင်ကြပါစေကြောင်း ဆုတောင်းပေးကြပါစို့။
Youtube-@rvamyanmar8152
Website: rvamyanmar.org
#PopeLeoXIV#VaticanNews#CELRA#MiddleEastChristians#ChurchInAction#PeaceAndReconciliation#HopeInConflict
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/pope-leo-xiv-conference…
See less

