
စိန့်ဂျော်ကင်းနှင့် စိန့်အန်နား တို့အားဂုဏ်ပြုသည့် မိဘများပွဲနေ့ကျင်းပ။

အမိမယ်တော်မာရီးယား၏ မိခင်နှင့်ဖခင်ဖြစ်ကြသည့် စိန့်ဂျော်ကင်းနှင့် စိန့်အာန်နားတို့အား ဂုဏ်ပြု သည့် မိဘများပွဲနေ့မစ္ဆားကို (၂၆.၇.၂၀၂၆) တနင်္ဂနွေနေ့ နံနက် ၇:၃ဝ အချိန်၌ မန္တလေးမြို့၊ ကာသီဒြယ် ရွှေ နှလုံးတော်ဘုရားကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှ ဦးဆောင် ပူဇော်ပေးခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် အသက်ကြီးသော မိဘများကို ဂါရဝပြု ကန်တော့ခြင်း၊ လက်ဆောင်ပစ္စည်းများ နှင့် ဝတ္ထုငွေများလှူဒါန်းခြင်း ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပါသည်။
မစ္ဆားတရားအတွင်း ကျောင်းထိုင်းဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှဩဝါဒ မိန့်ကြားရာ တွင်
“ ပုခက်လွှဲတဲ့လက်က ကမ္ဘာကြီးကို လွမ်းမိုးနိုင်တယ်ဆိုသလို မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီး တွေကို ပြုစုပျိုးထောင်တဲ့ရာတွင် ကောင်းမွန်တဲ့လူနေမှုပုံစံနဲ့ ကြီးပြင်းလာအောင် သေချာဂရုစိုက်ပေး ရမယ်။ မိဘဆိုတာဘုရားရဲ့ကိုယ်စား ကိုယ်စာလှယ်တော်တွေဖြစ်တယ်။မိဘနေရာရောက်နေသူများ ကိုယ့်ကိုကိုယ် ဂုဏ်ယူရမယ် ဖြစ်သလို သားသမီးတွေကလည်း ဒါကိုတန်ဖိုးထားရမှာဖြစ်ပါတယ်။
မိဘတိုင်းမှာဘုရားပေးတာဝန်က ဘာလဲဆို ကိုယ့်ရဲ့သားသမီးတွေကို ဘုရားနဲ့အတူရှိပြီး ဘုရားကို ချစ် တတ်အောင်၊ ဘုရားကိုအားကိုးတတ်အောင်၊ ဘုရားကိုယုံကြည်တတ်အောင်၊ ဘုရားကိုအချိန်ပေးတတ် အောင် ပြုစုစောင့်ရှောက်ပေးရမဲ့ တာဝန်သည် မိဘတိုင်းအတွက် ဘုရားပေးတာဝန်ဖြစ်တယ်။
သားသမီးတွေဘက်ကလည်းမိဘတွေရဲ့စကားကို နားထောင်ပါ ဘဝမှာမိဘတွေကိုမျက်ရည်ကျအောင် မလုပ်ပါနဲ့ မိဘတွေကိုပေးနိုင်မဲ့ အကောင်းဆုံးလက်ဆောင်သည် မိဘကိုစိတ်ချမ်းသာအောင်တာသည် အကောင်းဆုံးလက်ဆောင်ဖြစ်သည်။ဒီအရာသည် တစ်ခြားစည်းစိမ်ဥစ္စာတွေပေးတာထက် ပိုတန်ဖိုးရှိ တယ်။ မိဘကိုစိတ်ချမ်းသာအောင်ထားတဲ့သားသမီးက ဘယ်တော့မှမဆင်းရဲပါဘူး။
တစ်ချို့ကမိဘကျေးဇူးဆပ်ချင်ပေမဲ့ မိဘမရှိတော့တာတွေ ရှိကောင်းရှိနိုင်ပါတယ် သူတို့ကဆပ်လို့မရ တော့ဘူး။ ဒါပေမဲ့သူတို့မှာလည်းဆပ်လို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ် ဘာလဲဆိုတော့ မိမိရဲ့မိဘ တွေ အသက်ရှိစဉ်က မိမိကိုသူတို့နေစေချင်တဲ့ပုံစံအတိုင်း နေထိုင်ခြင်းအားဖြင့် ကျေးဇူးဆပ်လို့ရပါ တယ်။ အဖေအမေတွေဖြစ်စေချင်ခဲ့တဲ့ ဆန္ဒအတိုင်းမိမိဘဝကို ကြိုးစားပြောင်းလဲနေထိုင်ခြင်းကလည်း ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘတွေကိုကျေးဇူးဆပ်တာနဲ့အတူတူဖြစ်ပါတယ်။
နောက်ပြီးအိမ်တွေမှာ မိုသားစုများ အတူတကွ စိပ်ပုတီးစိပ်ခြင်း၊ အတူတကွဆုတောင်းတဲ့ အလေ့အ ကျင့်လုပ်ပါ။ မိသားစုဝင်တွေနဲ့အတူဘုရားရှေ့မှာရှိစေချင်တယ်။ စံပြအိမ်ထောင်စုလေးတွေဖြစ်လာ အောင်ကြိုးစားကြပါ။ သန့်ရှင်းသောအိမ်ထောင်စုကိုအတုယူနိုင်တဲ့မိသားစုတွေဖြစ်နိုင်အောင် ကြိုးစား ပါ မိဘလည်းမိဘတာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေ သားသမီးလည်း သားသမီးတာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ် နိုင်အောင် ဆက်လက်ကြိုးစားကြရအောင်။
ကိုဖရယ်ဒီဇော်နိုင်ဝင်း
မိဘများပွဲနေ့ရောက်မှမဟုတ်ဘူး မိဘဆိုတာကျွန်ုပ်တို့သားသမီးတွေအတွက် အမြဲတမ်းသူရဲကောင်း ပါ ပဲ။ ဒီလိုနေ့နဲ့ ဂုဏ်ပြုဖို့တကယ်ထိုက်တန်တဲ့သူတွေပါသူတို့က မိဘဆိုတာသားသမီးတွေကို အမြဲတမ်း ခွင့်လွတ်နားလည်ပေးပြီးအနစ်နာခံပေးဆပ်သူတွေဖြစ်တယ်။ ခါတိုင်းသာမန်အချိန်တွေမှာကိုယ်က မိဘ တွေကိုဘယ်လိုပြောဆိုဆက်ဆံနေခဲ့လည်းဆိုတာတွေပြန်တွေးပြီး နောင်တတွေလည်းရပါတယ်။
ခုလိုအချိန်ထိလောကကြီးမှာကျန်းကျန်းမာမာ အသက်ရှင်ရပ်တည်နိုင်အောင် ငယ်ငယ်ကတည်း အပင် ပန်းခံပြုစုပျိုးထောင်ပေးတဲ့မိဘတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ခုတော့ကျွန်ုပ်တို့ကမီဘကိုပြန် ပြုစုရမဲ့အချိန်ပါပြီ အတတ်နိုင်ဆုံးမိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကြီးစားနေပါတယ်။
ကိုဝီလီယံ အောင်ဖြိုး
မိဘတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ငယ်ငယ်ကတည်းကနေ ကြီးလာတဲ့ထိ မိဘတွေဆီကနွေး ထွေးတဲ့ ချစ်ခြင်းမေတ္တာကိုခံစားရတယ်။ အခုချိန်မှာတော့ကျွန်ုပ်တို့လည်းကြီးလာဆိုတော့မိဘရဲ့အိမ် ကနေခွဲပြီးအပြင်လောကအလုပ်တွေထွက်လုပ်ကြပါတယ်။ ဒီလိုအပြင်လောကမှာကျင်လည်းတဲ့အချိန် မှာအခက်အခဲနှင့်ဒုက္ခတွေကြုံရမှ မိတွေက ကျွန်ုပ်တို့အတွက်ဘယ်လောက်တောင် ရုန်းကန်ကြိုးစားခဲ့ တယ်ဆိုတာကိုယ်ချင်းစာလာပါတယ်။
မိဘအရိပ်အောက်မှာနေတုန်းကဘာမှအပူအပြင်မရှိမိဘရဲ့မေတ္တာကိုခံစားရတယ် ဒီအပြင်လောက ရောက်လာတဲ့အချိန်မှ ပိုပြီးသိသာထင်ရှားလာတယ်။ ဒီနေရာကနေမိဘတွေကိုပြောချင်တာက ကျွန်ုပ် ကိုခုလိုချိန်ထိရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာတွေ သွန်သင်ဆုံးမခဲ့တာတွေနှင့် အရာအားလုံး အတွက်အများကြီးကျေးဇူးတင်ပါတယ်။ အရမ်းလည်းချစ်ပါတယ်လို့ပြောချင်ပါတယ်။
ရိုစလင်း မီမီအောင်
ပထမဆုံးမိဘတွေကိုတောင်းပန်ချင်ပါတယ် လွန်ခဲ့တဲ့အချိန်တွေမှာ ကိုယ့်ရဲ့ မိဘအပေါ် ပြောမှား ဆိုမှား တာတွေမိဘကိုစိတ်ဆင်းရဲအောင်လုပ်မိတာတွေအတွက် တောင်းပန်ချင်ပါတယ်။ ခါတလေကျရင် အဖေအမေတို့က ကျွန်မဒေါသထွက်ပြီးအော်ဟစ်ပြောရင်တောင် အင်းပါသမီးရေအဖေတို့မသိလိုက်လို့ ပါဆိုပြီးအဲ့အချိန်မှာ ကျွန်မက ကျွန်မလုပ်ရပ်မှန်ကန်တယ်လို့ပဲထင်နေတာ မိဘတွေဘယ်လိုခံစားနေ မလဲမတွေးပေးခဲ့ဘူး။ အဲ့လိုပြောခဲ့မိတဲ့အတွက်လည်းနောင်တရမိပါတယ် နောက်ဆိုအတတ်နိုင်ဆုံးမိဘ ကိုစိတ်ချမ်းသာအောင် ကိုယ့်ကြောင့် မိဘတွေ မျက်ရည်မကျရအောင်ကြိုးစားပြီး ဂရုစိုက်ပါမယ်လို့ ပြောချင်ပါတယ်။
အန်ကယ် ဦးကြင်စိန် ( သာသနာအကျိုးဆောင် အတွင်းရေးမူး)
ပထမဆုံးက ကျွန်ုပ်တို့ဒီနှစ်မှာတော့ မိဘများပွဲကို အရင်နှစ်တွေလိုမဟုတ်ပဲ စည်စည်ကားကားနှင့် ကျင်း ပချင်တဲ့အတွက် သာသနာအကျိုးဆောင်တွေအားလုံးအစည်းအဝေးမှာဆုံးဖြတ်ပြီးမှ ခုလိုကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဒီလိုမိဘများပွဲတွေလုပ်ပြီးရင် ပြီးရောဆိုပြီးထားတာမျိုးမဟုတ်ပဲ သားသမီးတွေ အနေနဲ့လည်း အသက်အရွယ်ကြီးရင်းလာပြီဖြစ်တဲ့ မိဘတွေကို ရှိတဲ့အချိန်မှာ ဒီထက်ပိုပြီးဂရုစိုက်ပါ၊ နားထောင်ပါ၊ စွန့်ပစ်မထားပါနဲ့ သူတို့နဲ့အတူအမြဲနွေးနွေးထွေးထွေးနေပေးပါလို့ပြောချင်ပါတယ်။
မိဘတွေကလည်းသားသမီးကိုပြောဆိုဆုံးမတဲ့အခါ ငါကမိဘဆိုတဲ့ စိတ်နဲ့အထက်စီးကနေပြောတာမျိုး မဟုတ်ပဲ သားသမီးတွေလက်ခံနိုင်မဲ့နည်းလမ်းကိုရွေးပြီးပြောဆိုဆုံးမတာ ပိုအဆင်ပြေမယ်လိုထင်ပါ တယ်။
စစ္စတာရ် ဂျေရေတင်း
ကျွန်မအနေနဲ့မိဘတွေနဲ့ပတ်သက်ပြီးတော့ ခံစားရတာက မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှု၊ စွန့်လွတ် အနစ်နာခံမှု၊ ကာကွယ်စောင့်ရှောက်ပေးမှုတွေ၊ လမ်းညွန်ပြသပေးမှုတွေက ဘာနဲ့မှလဲလို့မရတဲ့ မိဘဆီ ကမေတ္တာတရားတွေပါ။ အဲ့ဒီအတွက်လည်းမိဘတွေကို ကျေးဇူးတင်ပါတယ် ယနေ့လိုသီလရှင်တစ်ပါး ဖြစ်လာအောင် ငယ်ငယ်ကတည်းက ဘုရားနဲ့အတူအသက်ရှင်တတ်အောင် သင်ကြားပြုစုခဲ့တဲ့အတွက် လည်း မိဘတွေကိုကျေးဇူးတင်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့အဖေကိုလည်းဒီနေရာကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဆုလည်း တောင်းပေးပါတယ် သက်ရှိထင်ရှားရှိနေတဲ့အမေလည်း ကျန်းကျန်းမာမာနဲ့ဒီထက်မကရှိနေပေးပါလို့ ပြောချင်ပါတယ်။ အမေတို့အပေါ်မှာ အတူရှိတဲ့အချိန်တွေမှာ ပြောမှား ဆိုမှား ပစ်မှား မိတာတွေကို လည်း ဒီနေရာကနေတောင်းပန်ချင်ပါတယ် အမေအမြဲကျင်းမာပါစေ အမြဲဆုတောင်းပေးနေပါတယ်။

