“သက်ကြီးရွယ်အိုများသည် မသယ်ပိုးနိုင်တဲ့ ဝန်ထုတ်ဝန်ပိုး မဟုတ်ပါ၊ အမြတ်တနိုး တန်ဖိုးထားရမယ့် လက်ဆောင်ကောင်းတစ်ခုပါ”။

ဗာတီကန်စီးတီး — ‘ယေဇူးသခင်၏ ဘိုးဘိုးဘွားဘွားများ’ ဟု တင်စားကြသည့် စိန့်ဂျော်ကင်း (Saints Joachim) နှင့် စိန့်အန်း (Saints Anne) တို့၏ ပွဲတော်နေ့အပြီးတွင် (၆) ကြိမ်မြောက် ကမ္ဘာ့အဘိုး အဘွား များနှင့် သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြပါသည်။

Vatican News နှင့် ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတစ်ခုတွင် ‘လူဝတ်ကြောင်၊ မိသားစုနှင့် ဇီဝကမ္မ (အသက်)ဆိုင်ရာ ဗာတီကန်ရုံးတော်’ (Dicastery for Laity, Family and Life) မှ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဌာနအကြီးအကဲ ဗစ်တိုရီယို စကယ်ဇို (Vittorio Scelzo) က သက်ကြီးရွယ် အိုဘဝအ ပေါ် လူ့အဖွဲ့အစည်းနှင့် ခရစ်ယာန်သာသနာတော်တို့၏ အမြင်ကို ရိုးရိုးပြုစုစောင့်ရှောက်ရုံမျှမကဘဲ ရင်း နှီးသည့် ဆက်ဆံရေးထူထောင်သည့် ဘက်သို့ ပြောင်းလဲရမည်ဟု အလေးပေးပြောကြားခဲ့သည်။

“ဝန်ဆောင်မှုတွေ စီစဉ်ပေးရုံနဲ့ မလုံလောက်ပါဘူး၊ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တည်ဆောက်ရ ပါမယ်”ဟု စကယ်ဇိုက ပြောကြားခဲ့သည်။ “ဘုရားသခင်က ငါတို့ကို မေ့လျော့မထားဘူးဆိုတဲ့ ယုံကြည် ချက်ဟာ ဘိုးဘွားများအတွက် မိမိတို့ရဲ့ သာသနာတော်နဲ့ မိသားစုတွေရဲ့ မေ့လျော့ခြင်းကို မခံရဘူးဆိုတဲ့ နေ့စဉ်လက်တွေ့ အတွေ့အကြုံ ဖြစ်လာရပါမယ်။”

“ငါသည် သင့်ကို မည်သည့်အခါမျှ မေ့လျော့မည်မဟုတ်” (ဟေရှာယ ၄၉:၁၅) – ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ပါး ရွေးချယ်ထားသည့် ဆောင်ပုဒ်ကို ကိုးကား၍ စကယ်ဇိုက မိမိတို့အသန်းအဝန်းအနေဖြင့် လူပို အဖြစ် စွန့်ပစ်သည့် ယဉ်ကျေးမှုကို တိုက်ဖျက်ကြရန်နှင့် အထူးသဖြင့် အထီးကျန်ဆန်သော နွေရာသီကာ လများတွင် သက်ကြီးရွယ်အိုများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံကြရန် တိုက်တွန်းထား သည်။

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု – ဗင်နီဇွဲလားနိုင်ငံရှိ ငလျင်ဘေးသင့် သက်ကြီးရွယ်အိုများ ကူညီရေးမှသည် အိန္ဒိယနိုင်ငံရှိ လူငယ်များ၏ ဆိုရှယ်မီဒီယာ လှုပ်ရှားမှုများနှင့် ယူဂန္ဓာနိုင်ငံရှိ ကျယ်ပြန့်သော သာသနာ ပြုလုပ်ငန်းများအထိ ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်များသည် သက်ကြီးရွယ်အိုများကို လူ့အဖွဲ့အစည်း ၏ ဗဟိုချက်သို့ ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်နေကြသည်။

မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း ဆက်သွယ်ပေးခြင်း – ဥရောပနှင့် အခြားနိုင်ငံများတွင် “မျိုးဆက်များ ကြား ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်းအသစ်များမှတစ်ဆင့် လူငယ်များနှင့် အဘိုးအဘွားများကို အတူ တကွ ဆုတောင်းခြင်း၊ ဝေမျှခြင်းနှင့် အဖော်ပြုပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။

ရည်ရွယ်ချက်ရှိသော အသက်တာ – သက်ကြီးရွယ်အိုဘဝဆိုသည်မှာ ဝိညာဉ်ရေးရာ အနားယူလိုက်ခြင်း မဟုတ်ပါ။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်တာတာဝန်ကို ဆက်လက်လုပ်ဆောင်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မနားတမ်းဆုတောင်းပေးရန် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို အလေးထား တုံ့ပြန်နေကြသည်။

အဓိက ပေးချင်သည့် သတင်းစကားမှာ – သက်ကြီးရွယ်အိုများသည် စီမံခန့်ခွဲရမည့် ဝန်ထုတ် ဝန်ပိုး မဟုတ်ဘဲ တစ်မျိုးသားလုံးအတွက် အလွန်တန်ဖိုးရှိပြီး အမြတ်တနိုးထားရမည့် လက်ဆောင်တစ်ခု ဖြစ်ပါသည်။

Website: rvamyanmar.org

/ @rvamyanmar8152

Fr. Peter Kyi Maung

Photo Credit: Vatican News

https://www.vaticannews.va/…/world-day-grandparents-and…

See less

rvamyanmar
rvamyanmar
Articles: 4110

Leave a Reply

Your email address will not be published. Required fields are marked *