ဗာတီကန်၏ ပြန်ကြားရေးဌာနကို ဦးဆောင်ရန်လူဝတ်ကြောင် အမျိုးသမီးတစ်ဦးကို ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ခန့်အပ်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဗာတီကန်ရဲ့ ပြန်ကြားရေးဌာနကို ဦးဆောင်ဖို့ လူဝတ်ကြောင် အမျိုး သမီးတစ်ဦးကို ခန့်အပ်လိုက်ပါတယ်။

ရာထူးခန့်အပ်ခြင်း

မာရီယာ မွန်ဆာရတ် အယ်လ်ဗာရာဒို (Maria Montserrat Alvarado) သည် လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ဗာတီကန်ပြန်ကြားရေးဌာန (Dicastery for Communication) ၏ ဝန် ကြီးချုပ် (Prefect) အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

သမိုင်းဝင် ပထမဆုံးအကြိမ်

ကက်သလစ်အသင်းတော်မှာ သမိုင်းမှတ်တိုင်အသစ် စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။ အယ်လ်ဗာရာဒိုသည် သာသနာ့ဘောင်ဝင် မဟုတ်သည့် (လူဝတ်ကြောင်) အမျိုးသမီးများထဲမှ ဗာတီကန်ဌာနကြီးတစ်ခုကို ဦး ဆောင်ရန် ပထမဆုံးအကြိမ် ခန့်အပ်ခံရသူ ဖြစ်သည်။ သူမသည် အသက် ၇၀ ပြည့်၍ အနားယူ တော့ မည့် ပါအ်လို ရူဖီနီ (Paolo Ruffini) ၏ ရာထူးကို ဆက်ခံမည်ဖြစ်သည်။

ထူးချွန်ထက်မြက်သည့် နောက်ခံသမိုင်း

မက္ကဆီကိုစီးတီးတွင် မွေးဖွားခဲ့သည့် အယ်လ်ဗာရာဒိုသည် လက်ရှိတွင် EWTN News ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (COO) အဖြစ် တာဝန်ယူထားပြီး၊ Becket Fund တွင် ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့် ကာကွယ်ရေးအတွက် ဆယ်စုနှစ်တစ်ခုကျော် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထမ်းဆောင်ရမည့် တာဝန်

သူမသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စတင်ခဲ့သည့် အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ Vatican News၊ Vatican Radio နှင့် Holy See Press Office အပါအဝင် ဗာတီကန်၏ မီဒီယာကွန်ရက်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲရမည် ဖြစ်သည်။

“ဒီရာထူးခန့်အပ်မှုက မျှော်လင့်မထားတဲ့အရာ ဖြစ်ပေမဲ့၊ ရဟန်းမင်းကြီးရဲ့ သာသနာပြုလုပ်ငန်း အစပြုချိန်မှာ သစ္စာရှိရှိ အစေခံလိုတဲ့ စိတ်ဆန္ဒနဲ့ အလုပ်အကျွေးပြုသွားမှာပါ” – မာရီယာ မွန်ဆာရတ် အယ်လ်ဗာရာဒို

ခရစ်တော်ဘုရားရှင်၏ သတင်းကောင်းကို ကမ္ဘာမြေအနှံ့ ပျံ့နှံ့စေရန် သမိုင်းဝင် တာဝန်သစ် စတင်ထမ်းဆောင်တော့မည့် မွန်ဆာရတ် အယ်လ်ဗာရာဒိုအတွက် အတူတကွ ဆုတောင်းပေးကြပါစို့။

#VaticanNews#CatholicChurch#PopeLeoXIV#BreakingNews#FaithInAction

Fr. Peter Kyi Maung

Photo Credit : Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

#rvamyanmar

Original Link: https://www.vaticannews.va/…/pope-prefect-dicastery…

See less

rvamyanmar
rvamyanmar
Articles: 3970

Leave a Reply

Your email address will not be published. Required fields are marked *