သန့်ရှင်းသော ရက်သတ္တပတ်(Holy Week) အတွင်း ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားနေရသည့် အရှေ့အလယ်ပိုင်းမှ ခရစ်ယာန်များ။

(မေတ္တာပန်း တနင်္ဂနွေနေ့ မစ္ဆားတရားတော်ကျင်းပစဥ် တွေ့ရသော ရဟန်းမင်းကြီး လီယို ၁၄)

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်တွင် ကျင်းပသော သူ၏ မေတ္တာပန်း တနင်္ဂနွေနေ့ မစ္ဆား တရားတော်အပြီးတွင် သာသနာတော်အနေဖြင့် သန့်ရှင်းသောရက်သတ္တပတ် (Holy Week)မှာ သခင် ခရစ်တော်၏ ဒုက္ခစရိယာတော်ကို ဆင်ခြင်အောက်မေ့နေစဉ်တွင်၊ အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန် အများအပြားသည် သန့်ရှင်းသောရက်သတ္တပတ်၏ဘာသာရေးဝတ်ပြုမှုများကို ကျင်းပနိုင်ခြင်း မရှိ သည့်အပေါ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စိတ်မကောင်းဖြစ်ရကြောင်း မိန့်ကြားခဲ့ပြီး၊ ခရစ်တော်၏ ဆင်းရဲဒုက္ခများကို အတူတကွခံစားနေကြရသူများအားလုံးကို သတိရကြရန် လူတိုင်းကို တိုက် တွန်းခဲ့ သည်။

“သာသနာတော်အနေနဲ့ သခင်ခရစ်တော်ရဲ့ ဒုက္ခစရိယာတော်ကို ဆင်ခြင်အောက်မေ့နေချိန်မှာပဲ၊ ဒီနေ့ ခေတ်မှာ ကိုယ်တော်ရဲ့ ဆင်းရဲဒုက္ခတွေကို တကယ်ပဲ အတူတကွ ခံစားနေကြရသူတွေကို ကျွန်ုပ်တို့ မေ့ထားလို့ မရပါဘူး။”

အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန်များ၏ “ဆင်းရဲဒုက္ခစမ်းသပ်မှုများသည် လူသားအားလုံး၏ အမှား အမှန် သိစိတ်ကို နှိုးဆော်နေသည်” ဟု မိန့်ကြားခဲ့သည်။

“သန့်ရှင်းသော ရက်သတ္တပတ် အစပြုချိန်မှာတော့ ဆိုးရွားလှတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဒဏ်ကို ခံစားနေကြရပြီး၊ ဒီသန့်ရှင်းတဲ့ နေ့ရက်တွေရဲ့ ဘာသာရေးထုံးတမ်းစဉ်လာတွေကို အပြည့်အဝ မကျင်း ပနိုင်ကြတဲ့ အရှေ့အလယ်ပိုင်းက ခရစ်ယာန်တွေနဲ့ ကျွန်ုပ်တို့ဟာ ဆုတောင်းခြင်းအားဖြင့် အရင်ကထက် ပိုမိုနီးကပ်နေရပါမယ်”၊

စစ်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရနေကြရသူများကို ထောက်ပံ့ကူညီရန်နှင့် စစ်မှန်သော ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစများကို ဖွင့်လှစ်ပေးနိုင်ရန်အတွက် “ငြိမ်းချမ်းရေး၏အရှင်သခင်” ထံ အတူတကွ ဆုတောင်းပန်ကြားကြဖို့၊

အနဂျေလူးစ် မေတ္တာမရွတ်ဆိုမှီ ရဟန်းမင်းကြီက “ကမ္ဘာမြေ၊ မိုးကောင်းကင်နဲ့ ပင်လယ်ပြင်တွေဟာ အသက်ရှင်သန်ခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် ဖန်ဆင်းထားတာဖြစ်ပါတယ်” စစ်ပွဲ၏ သားကောင် များ ဖြစ်ခဲ့ရသော ပင်လယ်ရေကြောင်းသွားလာသူများကို ထာဝရဘုရားသခင်ထံ အပ်နှံခဲ့ပြီး သေဆုံး သွား သူများ၊ ဒဏ်ရာရရှိသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဆုတောင်းပေးကြောင်း၊

ပင်လယ်ပြင်တွင် သေဆုံးခဲ့ရသည့် ရွှေ့ပြောင်းသွားလာသူများအားလုံးအတွက်၊ အထူးသဖြင့် မကြာ သေးမီ ရက်ပိုင်းအတွင်းက ကရိကျွန်း (Crete) ကမ်းလွန်တွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆု တောင်းပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်းခဲ့ပါသည်။

Fr. Peter Kyi Maung

photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-decries-many-middle-east-christians-who-will-be-unable-to-c.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *