
ဆယ်ကျော်သက်ရွယ် သားသမီးအများစုက မိဘာတွေက ကန့်သတ်ထိန်းချုပ်တယ်လို့ဘာကြောင့် ခံစားနေရတာလဲ။
ဒီနေ့မှာ မိဘတွေက ဆယ်ကျော်သက်ရွယ် teenage သားသမီးအများစုကို Control ကန့်သတ်ထိန်းချုပ်တယ်လို့ ခံစားနေရတဲ့ အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။
ဒီဆယ်ကျော်သက်တွေက ဘာဖြစ်လို့ အဲ့ဒီလိုခံစားနေကြရတာလဲ၊ ဘယ်မိဘမဆို ကိုယ့် သားသမီးကို Control မထိန်းချုပ်ချင်ကြပါဘူး။ အထူးသဖြင့် မိဘနဲ့ သားမသီး Control လုပ်လိုက် လို့ Relationship ဝေးကွာသွားမှာကို မိဘတွေက အထူးစိုးရိမ်ကြတာအမှန်ပါပဲ။
မိဘတွေလုပ်ပေးနိုင်တဲ့ အခြေခံအကျဆုံးကတော့ သူတို့ကို ချစ်ခြင်းမေတ္တာတွေပိုပေးမယ်၊ တစ်လေးတစ်စား အသိအမှတ်ပြုပေးမယ်ဆိုရင် သူတို့ရဲ့ ထင်မြင်ချက် ပြောင်းလဲသွားနိုင်မှာပါ။
သားသမီးကို စိတ်တိုင်းမကျလို ပြောဆိုမယ်ဆိုရင် မိဘက အဲ့ဒီလို Control လုပ်ဖို့ အမှု အကျင့် တစ်ခုလိုဖြစ်နေတာလို့ ထင်တတ်ကြတယ်။ သာမန်သဘောထားကွဲလွဲမှုလေးတွေက မိဘနဲ့ သားသမီးကြား ပြဿနာဖြစ်စေတာ အမှန်ပါပဲ။
ဆယ်ကျော်သက်ရွယ်တွေက မိဘကို အဲ့ဒီလိုမြင်တာ ဘာဖြစ်လို့လဲ။
သူတို့က ဆယ်ကျော်သက်ရွယ်ရောက်လာပြီ ဆိုတော့ သူတို့ရဲ့ Mindset အတွေးအခေါ် ပြောင်းလဲစဖြစ်တဲ့အရွယ်ရောက်နေလို့ပဲဖြစ်တယ်။ သူတို့ရဲ့ ဦးနှောက်နဲ့ Prefrontal Cortex က ဖွံ့ဖြိုးနေပြီ အပျိုဖော်၊ လူပျိုဖော် ဝင်စဖြစ်နေပြီဖြစ်တဲ့အတွက် Chemicals ဓာတုဗေဒနဲ့ ဆိုင်တဲ့ အရာတွေက ခန္ဓာကိုယ်ထဲကို တိုးဝင်လာနေပြီ Hormone ဟော်မုန်းတွေ Muscle ကြွက်သားတွေ ကြီးထွားဖို့ လိင်ပိုင်းဆိုင်ရာ အင်္ဂါတွေ ကြီးထွားလာသို ဦးနှောက်ဆီကိုလည်း အဲ့ဒီဟော်မုန်းတွေ ရောက်လာတော့ ဦးနှောက်က ခါတိုင်းထက် ပိုအလုပ်လုပ်လာနေတယ်။ အဲ့ဒီတော့ တွေ့ကြုံရတဲ့ အကြောင်းအရာတွေကို ဦးနှောက်က ပိုလှုံ့ဆော်လာတယ်။ ပိုပြီး အသိတွေရှိလာတယ်။ ဒီလိုအချိန် မှာ တွေ့ကြုံရတဲ့ ပြဿနာကို ပိုပြီး ဖြေရှင်းတတ်လာတယ်။
ဒီလို သူတို့ ခန္ဓာကိုယ်က သူတို့ ဦးနှောက်က လက်မခံ အသေးအဖွဲ့ကိစ္စကအစ ပြောတာကို သူတို့ဦးနှောက်က လက်မခံတော့ဘူး၊ မိဘက ဆုံးမစကားပြောဆိုတာနဲ့ တစ်ပြိုင်နက်တည်း ကလေး တစ်ယောက်လို သဘောထားဆက်ဆံတယ်လို့ မှတ်လိုက်ပြီး သူတို့က အရွယ်ရောက်လာပြီဆိုတော့ ကလေးတစ်ယောက်လို သဘောထားတာကို လုံးဝလက်မခံတော့ဘူး၊ မိဘကတော့ အရွယ်မရောက် သေးဘူးလို့ ထင်နေတုန်း အရွယ်ရောက်လာတာကို မိဘက လက်မခံတာပဲလို့ သဘောထားပြီး မိဘ စကားကို နားမထောင်တော့ဘူး၊ အဲ့ဒီတော့ မိဘက Control လုပ်တယ်လို့ ထင်သွားတာပါပဲ။
မိဘက ကိုယ့်ထက်နိမ့်တဲ့သူလို ပြောဆိုဆက်ဆံတယ်ဆိုပြီး လုံးဝလက်မခံတော့ပဲ Control လုပ်တယ်လို့ပဲ ထင်သွားပါတယ်။
အခုလိုဖြစ်ရတာက မိဘက ဒီဆယ်ကျော်သက်ရွယ် သားသမီးကို နားလည်ပေးဖို့ အချိန်မရခဲ့ လို့ သားသမီးနဲ့ မိဘ လုံလောက်တဲ့ ဆက်နွယ်မှု အားနည်းခဲ့လို့ ဖြစ်တာပါ။ တကယ်တမ်းမိဘရဲ့ အမြင်နဲ့ သားသမီးရဲ့အတွေး နီးနီးကပ်ကပ် ရှိနေရမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြရမှာ မိဘက သူတို့ပြောတာကို အချိန်ပေး နားထောင်ပေးနိုင်ရမှာ။
ဒီလိုဖြစ်လာရင် မိဘနဲ့ သားသမီး ဘယ်လိုအံဝင်ဂွင်ကျဖြစ်အောင် လုပ်ကြမလဲ။
ဆယ်ကျော်သက်ရွယ်တို့ရဲ့ အပြုအမူက နည်းနည်းရန်လိုတတ်မယ်။ ရိုင်းပျမယ်။ ရိုသေမှုမရှိ ဖြစ်မယ်၊ မိဘကိုမသိကျိုးနွံပြုနေမယ်။
ဒီလို အပြုအမူတွေ ရှိနေပြီဆိုရင် မိဘအနေနဲ့ နားလည်မှုပေးပြီး ဆက်ဆံရတော့မယ်။
မိမိကိုယ်မိမိ အရင်ဆုံး တည်ငြိမ်အောင်လုပ်ပြီးမှ သူတို့နဲ့ ဆက်ဆံပါ။
မိဘအနေနဲ့ သားသမီးအပေါ် သာမန်ပဲဖြစ်ဖြစ် အတင်းအကြပ်ပဲဖြစ်ဖြစ် Control လုပ်တာ သားသမီးဆီက အရိုအသေမရနိုင်ပါဘူး။
ဆယ်ကျော်သက်ရွယ်တစ်ယောက်က ဦးနှောက်ကြီးထွားဖွံ့ဖြိုးနေချိန်မှာ အရာအားလုံးကို သိတယ်၊ နားလည်တယ်လို့ ထင်မှန်နေချိန် သူတို့ရဲ့ အတွေးအခေါ်က ဆန္ဒပြင်းပျနေတဲ့ အချိန် တွေ့ကြုံရတဲ့ အရာတိုင်းကို သယ်ယူနေတဲ့အချိန် သူတို့ကိုယ်တိုင်လည်း မိဘနဲ့ သားသမီး အစဉ်ပြေ အောင် တည်ဆောက်နေတဲ့အချိန် မိဘက သူတို့အတွက် ရှိနေမယ်လို့ ဆန္ဒပြင်းပျနေတဲ့အချိန်မှာ မိဘဆီကနေ အခုလို ဆက်ဆံပေးတဲ့ relationship ကို ရချင်နေတာပဲဖြစ်ပါတယ်။
ဒါဆိုရင် မိဘတွေက ဆက်ဆံမှုပြေပြစ်အောင် ဘယ်လိုလုပ်မလဲ? သားသမီးက မမျှော်လင့် သလို မိဘကလည်း သားသမီးဆီက မျှော်လင့်တာပါပဲ။
မိဘကအရင်ဆုံး စိတ်ကို တည်ငြိမ်အောင်လုပ်မယ်၊ မိမိကိုယ်မိမိပြန်ပြီး Control လုပ်ယူ မယ်။ သားသမီးဆီက ပြောလာတဲ့စကား ဖြစ်ပျက်တဲ့ ပြဿနာတွေကို စိတ်ခံစားချက်အတိုင်း (no) လို့ မပြောဘဲ သားသမီးကို Control လုပ်တာထက် မိမိကိုယ်မိမိ ပြန် Control လုပ်ရမှာပါ။
နှစ်ဦးနှစ်ဖက် တည်ငြိမ်သွားမယ်။ နားလည်မှုတွေရှိလာမယ်။ သက်တောင့်သက်သာရှိလာ မယ်။ စည်းစည်းလုံးလုံးရှိလာမယ်။ ဒါဆိုရင် Okay သွားပြီဆိုတာ တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်လိုက်ပါတယ်။


