
ဘုရားသခင်၏ ကျေးဇူးတော်သည် အလကားပေးသနားခြင်းဖြစ်ပြီး ပြန်လည်မျှဝေရမည်။
တနင်္ဂနွေနေ့ အန်ဂျေလပ်စ် (Angelus) မေတ္တာဆိုခြင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဘုရား သခင်၏ ကရုဏာတော်နှင့် ကျေးဇူးတော်များ ကြွယ်ဝပုံ နှင့် ခရစ်တော်၏ ခွင့်လွှတ်ခြင်းတရားကို လူ သားအားလုံးထံ မျှဝေရန် ခရစ်ယာန်တိုင်းတွင် တာဝန်ရှိကြောင်း သတိပေးနှိုးဆော်ခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် ထိုနေ့၏ ဧဝံဂေလိတရားတော် (ရှင်မာကု ၉:၃၆-၁၀:၈) ကို အခြေခံ၍ “ပင်ပန်း နွမ်းနယ်ပြီး ကိုးကွယ်ရာမဲ့ဖြစ်နေသော လူအုပ်ကြီး” ကို မြင်တွေ့ကာ သနားကရုဏာစိတ် ဖြစ်ပေါ် ခဲ့ သည့်ယေဇူးခရစ်တော်၏ မျှော်ကြည့်မှုကို ပြန်လည်သတိရကြဖို့၊
“ဘုရားသခင်ရဲ့ သားတော်ဟာ လူတွေကို ကြည့်ရှုတယ်၊ လူသားမျိုးနွယ်ကို ကြည့်ရှုတယ်၊ ဖိနှိပ်ချုပ် ချယ်မှုတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရတာတွေနဲ့ ခွန်အားတွေကို ဆုတ်ယုတ်စေတဲ့ အကြမ်းဖက်မှု တွေကို ကိုယ်တော် မြင်တွေ့တယ်”
“စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လူသုံးကုန် လောဘဇောတွေရဲ့ ဗလာကျင်းမှုတွေကိုလည်း ကိုယ်တော် မြင်တယ်။
မျက်နှာဖုံးတွေလို ဖြစ်နေတဲ့ လူတွေရဲ့ မျက်နှာတွေ၊ မကောင်းမှုတွေကြောင့် ပြိုကွဲပျက်စီးနေတဲ့ မိသား စုတွေနဲ့ မှားယွင်းတဲ့ ရည်မှန်းချက်တွေကြောင့် လမ်းမှားရောက်နေရတဲ့ လူငယ်တွေကိုလည်း ကိုယ်တော် မြင်တယ်။”
ယေဇူးသခင်သည် ကျွန်ုပ်တို့ကို မြင်တွေ့ပြီး ချစ်မြတ်နိုးကြောင်း၊ ကိုယ်တော်၏ သနားကရုဏာ စိတ် သည် ညီအစ်ကိုရင်းချာကဲ့သို့ နီးကပ်မှုရှိရုံသာမက ကျွန်ုပ်တို့ကို ကယ်တင်လိုသည့် ဆန္ဒ၏ ဖော်ပြချက် လည်း ဖြစ်ကြောင်းရဟန်းမင်းကြီးက မှတ်ချက်ပြုသည်။
“ထိန်းကျောင်းမယ့်သူမရှိတဲ့ သိုးတွေလို” ဖြစ်နေကြသော လူအုပ်ကြီးကို မြင် သောအခါ၊ သခင်ယေ ဇူးက ဆင်းရဲဒုက္ခခံစားနေရသူ အားလုံးကို ဘုရားသခင်၏ သက်သာရာရစေမှုကို ပေးဝေရန် ခရစ်တော် ၏ တပည့်တော်များကို လောကီနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုက ဆက်လက်၍ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့၏ တာဝန်မှာ “ဆင်းရဲနွမ်း ပါးမှုရှိတဲ့နေရာမှာ ကရုဏာတရား၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့နေရာမှာ မျှော်လင့်ချက်၊ ယုံကြည် မှု ကင်းမဲ့နေတဲ့နေရာမှာ ယုံကြည်ခြင်းတရားကို” ယူဆောင်လာပေးရန် ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
ဧဝံဂေလိကျမ်းစာတွင် ပေတရုမှစ၍ ယုဒအစ်စကာရုတ်အထိ ပထမဆုံးသော နောက်လိုက်တပည့်တော် တစ်ဆယ့်နှစ်ပါး၏ အမည်များကို အတိအကျ ဖော်ပြထားခြင်းသည် သခင် ယေဇူးက သူ၏ နောက် လိုက်များကိုယ်တိုင်ပင် ကိုယ်တော်ကို သစ္စာဖောက်ဖျက်နိုင်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။
သို့သော်လည်း၊ ဧဝံဂေလိတရားတော်သည် ရာစုနှစ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့သော်လည်း အမြဲ တမ်း တစ်သမတ်တည်းရှိနေပြီး၊ နုပျိုလန်းဆန်းကာ လွတ်မြောက်ခြင်းကို ပေးစွမ်းနိုင်သော ရှင်သန်မှန် ကန်သည့် နှုတ်ကပတ်တော်အဖြစ် တည်ရှိနေဆဲဖြစ်သည်။
“ဧဝံဂေလိတရားကို ဟောပြောပြီး လက်တွေ့ကျင့်သုံးတဲ့အခါမှာ မကောင်းမှုအပေါင်းဟာ ပျောက် ကွယ်သွားတဲ့ ရောဂါဝေဒနာတစ်ခုလို၊ အာရုဏ်ဦးကို လမ်းခွဲပေးလိုက်ရတဲ့ ညတာတစ်ခုလို၊ ရှင်ပြန် ထမြောက်တော်မူသော အရှင်ကြောင့် အောင်နိုင်ခြင်းခံလိုက်ရတဲ့ သေခြင်းတရားလိုပဲ ပြိုလဲပျက်စီး သွားပါတယ်။
သာသနာတော်အနေနှင့် ကိုယ်တော်၏ အလကားပေးသနားသော လက်ဆောင်ကို ပြန်လည်မျှဝေရန် တမန်တော်ကြီးများ၏ သာသနာပြုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် လမ်းညွှန်ပေးခြင်းဖြင့် လက် ရှိပကတိအခြေအနေကို ပြောင်းလဲစေပါသည်။
“သခင်ရဲ့ လက်ဆောင်မွန်ဟာ လုံးဝကို အလကားပေးတာဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့တန် ဖိုးက အတိုင်းအဆမရှိ ကြီးမားလွန်းလို့ပါပဲ။ အဲဒါကို ကိုယ့်အရည်အချင်းနဲ့ ရယူဖို့ ဒါမှမဟုတ် ‘ဝယ်ယူ’ ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” “ဒီကျေးဇူးတော်ဆိုတာ ကျွန်တော်တို့ ဘယ်နေရာမှာပဲရှိရှိ၊ ကိုယ်တော့်ထံ တော်ပါးကို ဆွဲခေါ်ဖို့ ရှာဖွေနေတဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်ရဲ့ လှပတဲ့ နာမတော်ပဲ ဖြစ်ပါတယ်။”
နိဂုံးချုပ်အနေဖြင့်၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်များအနေဖြင့် ဆင်းရဲနွမ်းပါးသူများကို အစေခံခြင်း၊တရားမျှတမှုအတွက် အားထုတ်ကြိုးပမ်းခြင်းဖြင့်၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းတရားကို ကမ္ဘာလောကသို့ မျှဝေကာ သာသနာပြုကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
“ယေဇူးခရစ်တော်က ကျွန်တော်တို့ကို ခေါ်ယူစေခိုင်းတဲ့ သာသနာပြုလုပ်ငန်းကို ဝမ်းမြောက်ခြင်း၊ ရဲ ရင့်ခြင်းတွေနဲ့ တုံ့ပြန်နိုင်ကြဖို့ ကျေးဇူးတော်နဲ့ ပြည့်စုံတော်မူတဲ့ အမိမယ်တော် မာရိယား၏ မစမမှုကို ဆုတောင်း အားကိုးကြပါစို့” ဟု မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
https://www.youtube.com/@rvamyanmar8152
Website: rvamyanmar.org See less See less
#rvamyanmar
Original Link: https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-angelus-prayer-god-grace-forgiveness.html


