စစ်မှန်သော ဖြောင့်မတ်ခြင်းအတွက် ကြီးမားသော ချစ်ခြင်းမေတ္တာလိုအပ်သည်။

အပတ်စဥ်တနင်္ဂနွေ နေ့တိုင်း အန်ဂျေလူး (Angelus) ရွတ်ဆိုခြင်းနှင့် ဘာသာတရား သွန်သင် ခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက စစ်မှန်သော ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ကြီးမားစွာ ချစ်ရမည်ကို တနင်္ဂနွေနေ့ တွင် ဖတ်ရှု့ရသည့် ဧဝံဂေလိကျမ်းစာအပေါ် အခြေခံပြီး  ရှင်းလင်း မိန့် ကြားခဲ့ ပါသည်။

“ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင့် နိုင်ငံတော်၏ သစ်လွင်မှုထဲသို့ဝင်ရောက်ရန် ဖိတ် ခေါ်နေခြင်းဖြစ်သည်”

ဓမ္မမင်္ဂလာတရားတော် (Beatitudes) ကို ဟောကြားပြီးနောက် ယေဇူးခရစ်တော်သည် ဘုရားသခင် နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများနှင့်လည်းကောင်း “မေတ္တာဖြင့် ဆက်ဆံရေး” ထူထောင်ရန် ဖိတ်ခေါ်သည့် မိုးဇယ် အားပေးအပ်ခဲ့သည့် ပညတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို ဖွင့်ဟပြသည့် ဧဝံဂေလိကျမ်းပိုဒ်ကို ရဟန်းမင်းကြီးက ထောက်ပြခဲ့ပီြး၊ ထို့ကြောင့်ပင် ယေဇူး ခရစ်တော်က ကိုယ်တော်သည် ပညတ်တရားကို ဖျက်ဆီးရန် လာသည်မဟုတ်ဘဲ ပြည့်စုံစေရန် လာခြင်းဖြစ်သည်ဟု မိန့်တော်မူခဲ့ခြင်းဖြစ်သည်။

“ပညတ်တရားသည် မေတ္တာဖြင့်သာ ပြည့်စုံခြင်းသို့ ရောက်ရှိသည်။ မေတ္တာသည် ပညတ်တရား၏ နက်ရှိုင်းသော အဓိပ္ပာယ်နှင့် နောက်ဆုံးရည်မှန်းချက်ကို ပြီးပြည့်စုံစေသည်။”

ဖြောင့်မတ်ခြင်းဆိုသည်မှာ ပညတ်တော်များကို စောင့်ထိန်းရုံမျှသာ မဟုတ်ဘဲ “ကျွန်ုပ်တို့ကို ချစ်ခြင်း မေတ္တာဆီသို့ ဖွင့်လှစ်ပေးပြီး ချစ်ခြင်းမေတ္တာရှိရန် တိုက်တွန်းနှိုးဆော်သည်”

ပုံစံတကျ ကိုးကွယ်မှုဆိုင်ရာ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်၏ ဖြောင့်မတ်ခြင်းတို့အကြား ခြားနားချက်မှာ

မိုးဇယ် နှင့် ပရောဖက်များထံ ပေးအပ်ခဲ့သော ပညတ်တရားသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အပေါ် ထားရှိ သော ကိုယ်တော်၏ အစီအစဉ်တော်များကို သိရှိနားလည်လာစေရန် နည်းလမ်းတစ်ခုဖြစ်ပြီး

“ဘုရားသခင်ကိုယ်တိုင်သည် ယေဇူးခရစ်တော်၏ ပုံသဏ္ဌာန်ဖြင့် ကျွန်ုပ်တို့အကြားသို့ ကြွလာ

ပြီး ပညတ်တရားကို ပြည့်စုံစေခဲ့ကာ ကျွန်ုပ်တို့အား ဘုရားရှင်၏ သားသမီးများအဖြစ်လည်းကောင်း၊ အချင်းချင်းကြား ညီအစ်ကို မောင်နှမများအဖြစ်လည်းကောင်း ဆက်ဆံရေးထူထောင်နိုင်ရန် ကျေးဇူး တော်ကို ပေးသနားခဲ့သည်။

စစ်မှန်သော ဖြောင့်မတ်ခြင်းသည် ချစ်ခြင်းမေတ္တာ၌ တည်ရှိကြောင်းနှင့် ပညတ်တော်တိုင်း၏ အတွင်း၌ ချစ်ခြင်းမေတ္တာသို့ ခေါ်ယူခြင်းကို ရှာဖွေတတ်ရန် ယေဇူးခရစ်တော်က ကျွန်ုပ်တို့ကို သွန်သင်နေသည်။”

အနည်းငယ်မျှသော ဖြောင့်မတ်ခြင်းသည် မလုံလောက်ဘဲ “ကြီးမားသော ချစ်ခြင်းမေတ္တာ လိုအပ် ကြောင်း” ဤကဲ့သို့ ချစ်နိုင်ခြင်းမှာ ဘုရားသခင်၏ ခွန်အားတော်ကြောင့်သာ ဖြစ်နိုင်ကြောင်း ပုပ်ရဟန်း မင်းကြီးက  ဆိုသည်။

အမိမယ်တော်မာရိသည် “ကျွန်ုပ်တို့အတွက် ကြားဝင် အသနားခံပေးရန်” နှင့် “ဘုရားသခင်၏ နိုင်ငံတော် ကို ပိုမိုနားလည်သဘောပေါက်စေရန်၊ ဖြောင့်မတ်ခြင်းအတွက် ခေါ်ယူမှုကို လက်တွေ့ကျင့်သုံး ရှင်သန် နိုင်ရန် ကူညီပေးပါစေကြောင်း”  ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါသည်။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *