
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာတွင် အရာရာကို ဘုရားသခင်ထံ အပ်နှံကြပါစို့။

ယနေ့သည် ဒီဇင်ဘာ (၃၁) ရက်နေ့၊ ထို့အတူဗုဒ္ဓဟူးနေ့လည်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့တိုင်းနံနက် ဒေသစံ တော် ချိန် (၁၀း၀၀) နာရီ၌စိန့်ပီတာရင်ပြင်တွင်စုရုံးရောက်ရှိနေသော ဘုရားဖူးများအားရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက် လေ့ရှိသည်။
ယနေ့ရဟန်းမင်းကြီးစိန့်ပီတာရင်ပြင်၌ဘုရားဖူးများနှင့်တွေ့ဆုံနှုတ်ဆက်ခြင်းသည် (၂၀၂၅) ခုနှစ်၏ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်နက်ဖန်သည် (၂၀၂၆၊ ဇန္န၀ါရီ ၁) ရက်နေ့၊ တစ်နည်းအားဖြင့်ဆိုသော် နှစ်ဆန်း (၁) ရက်နေ့လည်းဖြစ်သည်။ မကြာမီကရှင်သန်ဖြတ်သန်းခဲ့သောလ များသည်ဆန့်ကျင်ဖက်သဘောဆောင်သောအဖြစ်အပျက်များဖြစ်ပွားခဲ့ကြသည်။
ထိုအဖြစ်အပျက်များအ နက်အချို့ကားပျော်စရာဖြစ်ခဲ့ပါသည်။ ဥပမာအားဖြင့်ယခုနှစ်သည် သန့်ရှင်း သောဂျူဗလီနှစ်ကြောင့်မိမိတို့ လက်လှမ်းမှီသလောက်ဘုရားဖူးခရီးများပြုခဲ့ကြသည်။ အချို့အဖြစ် အပျက်များသည်နာကြင်ခံစားရသောအ ခြေအနေများဖြစ်သည်။ ဥပမာအားဖြင့် ရဟန်းမင်းကြီး ဖရန် စစ်ပျံလွန်သွားခဲ့ခြင်း၊ ကမ္ဘာ့ဒေသအတော်များ များ၌စစ်မီးလောင်ကျွမ်းအရှိန်ကောင်းနေခြင်းများသည် ကမ္ဘာ့ဂြိုလ်အားဆက်လက်၍မတည်မငြိမ်ဖြစ်စေ လျှက်ရှိသည်။ ထို့ကြောင့်အမိသာသနာတော်ကြီး အနေဖြင့်ယုံကြည်သူများအားမိမိတို့ဘ၀၌ကြုံတွေ့ဖြတ် သန်းခဲ့ရသောပျော်ရွှင်စရာဖြစ်စေ၊ ဝေဒနာဖြစ် စေဘုရားရှေ့၌နှိမ့်ချစွာဖြင့်ပျော်ရွှင်မှုများဖြစ်လျှင်ထိုထက် မကခံစားရရန်၊ ဒုက္ခအခက်အခဲ များဖြစ် ပါကလျော့နည်းသွားစေရန်၊ သို့မဟုတ်ယခင်နှစ်ကထက်ယခုရောက် လာမည့်နှစ်သစ်၌တန်ဖိုး ကိုပိုမိုး နားလည်နိုင်ရန်ဆန်းသစ်သည့်အမြင်များရရှိလာရန်၊ ဘုရားသခင်၏ကျေးဇူး တော်နှင့်သနားခြင်း ကိုခံ စားရရန်တောင်းလျှောက်ရန်တိုက်တွန်းခဲ့သည်။
ဘုရားသခင်ကိုကျေးဇူးတင်ဆုတောင်းမေတ္တာ (Te Deum prayer)
ရဟန်းမင်းကြီးသည်သာသနာ၏ရှေးဟောင်းရာစုအဆက်ဆက်ကအစဉ်အလာဖြစ်သည့် ‘ဘုရားသခင် အားကျေးဇူးတင်သည့်ဆုတောင်းမေတ္တာ’ (Te Deum ) ကိုဒီဇင်ဘာ (၃၁) ရက်နေ့ညနေပိုင်း ဆုတောင်း မေတ္တာအတွင်းသီဆိုမည်ဖြစ်သည်။ ဤရှေးဟောင်းဓမ္မသီချင်းကိုသီဆို၍ဘုရားသခင်ထံမှခံစား ရသော ကောင်းချီးများအတွက်ကိုကျေးဇူးတင်ရန်၊ ကျေးဇူးတင်တတ်သောအချိန်ကိုပေးတတ်ရန်ရှင်းပြခဲ့ သည်။
ရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒကိုကိုးကား၍ လောကဆန်သောခံယူချက်မျိုးဖြင့်ကျေးဇူး ဆပ်တင် ခြင်းမျိုးမဖြစ်စေရန်၊ လောကဆန်သောကျေးဇူးဆပ်တင်ခြင်း၊ မျှော်လင့်ခြင်းသည်မိမိတို့၏အကျိုး အမြတ်ကိုသာဗဟိုပြုပြီး မိမိဂုဏ်ကိုဖော်ရန်၊ အထူးအဆန်းများလုပ်ပြရန်၊ ကျေးဇူးအတင် ခံရရန်တို့ ကိုရှာဖွေ လုပ်ဆောင်လေ့ရှိသည်ဟုမိန့်ကြားခဲ့ဖူးပါသည်။
ကျေးဇူးတင်တတ်ခြင်းသည် နှလုံးသားကိုယုံကြည်စိတ်ချရသူဖြစ်စေသည်။ ဤစိတ်ထားဖြင့် ယခင် နှစ်ကဘုရားသခင်သည်ကျွန်ုပ်တို့အားမည့်မျှကောင်းချီးများပေးသနားခဲ့သည်ကိုရိုးသားစွာပြန်လည်ဆန်းစစ်သည်။ ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်ကိုလည်းရိုးသားစွာပြန်လည်ဆန်းစစ်သည်။ အကယ်၍ဘုရား သခင်သည် လုံလောက်သောကောင်းချီးကိုပေးခဲ့သော်လည်းမိမိ၏အားနည်းချက်များ၊ လစ်ဟင်းမှုများ ရှိခဲ့ပါလျှင်မရှက်မ ကြောက်ဘဲနှိမ့်ချစွာခွင့်လွတ်ခြင်းကိုတောင်းခံယူရမည်။
ပန်းတိုင်ရှိသောခရီးတစ်ခုဖြစ်ရမည်။
ရဟန်းမင်းကြီးသည်ဂျူဗလီနှစ်၏ဒုတိယအမှတ်သက်ေတကိုဆွဲထုတ်လာပြန်သည်။ ခရီးပြု ခြင်းဖြစ် သည်။ ယခုနှစ် (၂၀၂၅) ၌ကမ္ဘာအရပ်ရပ်မှဘုရားဖူးများစိန့်ပီတာ၏အုတ်ဂူ၌ဆုတောင်းရန်၊ သူတို့ သည်ယေဇူးသခင်၏သွန်သင်ချက်တရားတော်ကိုမြေ၀ယ်မကျလိုက်နာပါမည့်အကြောင်းခရစ္စတူးသခင်နောက်လိုက်တစ်ဦး၏ကတိသစ္စာကိုပြန်လည်ဆန်းသစ်ခဲ့ကြသည်။
၄င်းတို့၏ဘုရားဖူးခရီးများသည်လူသားတို့တည်ရှိခြင်းကိုထပ်ဟပ်စေသောကြေးမုံဖြစ်သည်။ ကျွန်ုပ် တို့လူသားများ၏ဘ၀တစ်လျှောက်လုံးသည်ခရီးတစ်ခုကိုပြုနေသည်။ ထိုခရီး၏အဆုံး၌ပန်းတိုင်ရှိ သည်။ ထိုပန်းတိုင်သည်အချိန်၊ နေရာ၏ကန့်သန့်ချက်ဘောင်မဲ့သောအခြေအနေတစ်ခုဖြစ်သည်။ ထိုခရီး စဉ်၏အဆုံးကားဘုရားသခင်နှင့်တွေ့ဆုံခြင်း၊ ဘုရားသခင်နှင့်ပြည့်၀စွာပေါင်းစည်းခြင်း၊ ထာ၀ရအ တူရှိ နေ မည့်အခြေအနေဖြစ်သည်။
ဤမျှော်လင့်ခြင်းကိုသာသနာအနေဖြင့် ‘Te Deum’ ဓမ္မသီချင်းသီဆိုခြင်း၌ခံစားရသည်။ အဘယ် ကြောင့်ဆိုသော် ကောင်းကင်မှသိကြားတမန်တော်များနှင့်အတူမပြတ်ချီးမွှမ်းဂုဏ်ပြုသောကြောင့် ဖြစ် သည်။
သန့်ရှင်းသောတံခါး (သို့) ဂျူဗလီတံခါး
ရဟန်းမင်းကြီးမှထောက်ရူသောဂျူဗလီနှစ်၏တတိယသက်ေတကား ဂျူဗလီတံခါးဖြစ် သည်။ အင်ဒူ ဂျင်းသျှာခံစားရရန်အခြေအနေများကိုဖြည့်ဆည်းပြီးသူတစ်ဦးအနေဖြင့် အဆိုပါတံခါးမှဖြတ် လျှောက် ၀င်ရောက်သွားခြင်းသည် ထာ၀ရအလင်းတော်ထဲသို့တိုး၀င်ရှင်သန်ခြင်းကိုဖော်ဆောင်သည်။ ကျွန်ုပ်တို့ အတော်များများ၊ အချို့သည်တစ်ကြိမ်မကပင်ဖြတ်လျှောက်ခြင်း၊ ကျွန်ုပ်တို့အတွက်သာမကကွယ် လွန် သွားသောမိမိတို့၏ချစ်သူခင်သူများအတွက်လည်းဆုတောင်းပေးခြင်း၊ အပြစ်အမှားများအတွက်ခွင့် လွှတ်ခြင်းကိုတောင်းခံခဲ့ကြသည်။
တံခါးကိုဖြတ်လျှောက်ခြင်းသည် ကျွန်ုပ်တို့အနေဖြင့်လုံး၀ဥသုန်အလုံးစုံဘုရားအတွက်သာ ဟုဖော်ပြ နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကျွန်ုပ်တို့အားခွင့်လွတ်ခြင်းအားဖြင့် အသက် သစ်၏တံခါး၀ကိုဖြတ်လျှောက်ခွင့်ပေးသည်။ ကျေးဇူးတော်ဖြင့်အင်အားဖြည့်တင်းပေးသည်။ ဧ၀ံဂေ တရား အပေါ်အခြေခံထားစေသည်။
ဆက်လက်၍ရဟန်းမင်းကြီးလေအို (၁၄) သည် ရဟန်းမင်းကြီးပေါလ် (၆) ဩ၀ါဒကိုကိုး ကား၍ အသား ပေးမိန့်ကြားထားသည်။ ကျွန်ုပ်တို့၏နီးစပ်သူများအဖို့တတ်နိုင်သည်များကိုလုပ်ဆောင်ပေးနိုင် ရန်ချစ် ခြင်းမီးရှိန်ဖြင့်လောင်းကျွမ်းပါစေ။ ကျွန်ုပ်တို့၏နီးစပ်သူဟုဆိုရာ၌လူတိုင်းပါ၀င်သည်။ ကျွန်ုပ်တို့လူ ချင်းမသိသူများကိုလည်းဆိုလိုသည်။ ကျွန်ုပ်တို့အားနှောက်ယှက်သူ၊ ရန်ဆောင်သူများလည်းပါသည်။ နှိုင်း ယှဉ်မရသောညီအစ်ကိုမောင်နှမဂုဏ်သိက္ခာမျိုးကိုပေးနိုင်ရမည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ ‘အသင့်ရှိ ပါသည်’ ဟုဖြေကြားခြင်းသည်ထာ၀ရအသက်တာကိုရူမျှော်၍ မည်သို့သောအခြေအနေမျိုးနှင့်ကြုံ ရစေကာမူပေးဆပ်နိုင်ရမည့်အခြေအနေကိုဆိုလိုသည်။
ပြစ်ရှိသူများပျော်ကြပါစေ။
ခရစ္စမတ်၏တရားအလင်းတော်ကိုဆင်ခြင်ထောက်ရူရာတွင် ရဟန်းမင်းကြီးလေအို၏ ဩ၀ါဒကို ထပ်မံ ကိုးကားထားပြန်သည်။ ရဟန်းမင်းကြီးလေအိုသည် ယေဇူးသခင်၏လူ့အဖြစ်ကိုခံယူ ခြင်းကိုစက်ြာ၀ဠာ တစ်ခုလုံးအတွက်ပျော်ရွှင်ခြင်းသတင်းကောင်းကိုလာရောက်ကြေညာခြင်းဖြစ်သည်ဟုဖြစ်ပါသည်။ ရဟန္တာသူတော်သူမြတ်များလည်းပျော်ရွှင်ကြပါစေ။ အဘယ်ကြောင့်ဆိုသော်ပေးဆက်ခဲ့ရမှုများအ တွက်ဆုလာဒ်ကိုပြန်ခံစားရပြီ။ အပြစ်ရှိသူများလည်းပျော်ရွှင်ပါစေ။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင် သည်သူတို့အားခွင့်လွှတ်ခြင်းကိုပေးအပ်သည်။ ဘုရားကိုမယုံကြည်သူများလည်းရဲရင့်ကြပါ။ အဘယ် ကြောင့်ဆိုသော်အသက်ရှင်သန်ခြင်းသို့ခေါ်ဖိတ်နေသည်။
သူငယ်တော်ယေဇူး၏လူ့အဖြစ်ခံယူမွေးဖွားခြင်းအားဖြင့်ပေးအပ်နေသောဖိတ်ခေါ်ချက် သည် ကျွန်ုပ် တို့အားလုံး ဆေးကြောခြင်းခံယူထားသူများအားယနေ့ထပ်မံမိန့်ကြားနေပြန်သည်။ အဘယ် ကြောင့် ဆိုသော်စစ်မှန်သောအသက်တာသို့လျှောက်လှမ်းသောခရီး၌ဘုရားသခင်သည်ကျွန်ုပ်တို့အပေါင်းအဖော်အဖြစ်ရှိနေပြီ။ အပြစ်ရှိသောသူများအားလည်းဖိတ်ခေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင် သည်သူ၏ကောင်းချီးဖြင့်ခွင့်လွတ်ပေးသည်။ သူကျေးဇူးတော်ဖြင့်ကျွန်ုပ်တို့ရပ်နိုင်သည်။ ဆက် လက်၍ခရီး ထွက်နိုင်သည်။ ဆင်းရဲသောသူများ၊ အလွန်ပြိုလဲထိခိုက်လွယ်သူများအား လည်းဘုရား သခင်ဖိတ်ခေါ်နေ သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အားနည်းချက်ကိုသူ၏အားနည်း ချက် အဖြစ်ခံယူကာကျွန်ုပ်တို့ ကိုကယ်တင်ခဲ့သည်။
ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်၏။
ရဟန်းမင်းကြီးသည်သူ၏ထောက်ရူချက်အဆုံးပိုင်း၌ (၁၉၇၅) ခုနှစ်၏ဂျူဗလီနှစ်ကိုပြန် လည်မိန့် ကြား သည်။ ထိုနှစ်ကလည်းဂျူဗလီပွဲကျင်းပခဲ့သည်။ ထိုသို့ကျင်းပရာ၌ထိုစဉ်ကသာသနာကိုဦး ဆောင်နေ သောရဟန်းမင်းကြီးပေါလ် (၆) ကသူ၏ဂျူဗလီသတင်းစကားကို ‘ချစ်ခြင်း’ ဟူသောစကားတစ် လုံးတည်းဖြင့်ချုပ်ခဲ့သည်။
‘ဘုရားသခင်သည်ချစ်မေတ္တာဖြစ်သည်’ ရဟန်းမင်းကြီးပေါလ် (၆) ကဘုရားဖူးများအားမိန့် ကြားခဲ့ သည်။ ဘုရားသခင်သည်ကျွန်ုပ်ကိုချစ်သည်။ ကျွန်ုပ်ကိုစောင့်စားနေသည်။ ကျွန်ုပ်သူတို့တွေ့ရှိပြီ။ ဘုရား သခင်သည်သနားခြင်းဖြစ်သည်။ ဘုရားသခင်သည်ခွင့်လွတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည်ကယ် တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည်အသက်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးလေအို (၁၄) ကဤဆင်ခြင်ထောက်ရူချက်များအားဖြင့်ရဟန်းမင်းကြီးပေါလ် (၆) သည် ကျွန်ုပ်တို့အား အမှတ်ရစေလျှက်ကျွန်ုပ်တို့နှင့်အတူနှစ်ဟောင်းမှသည်နှစ်သစ်သို့အတူတကွဦး ဆောင် ခေါ်သွားပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အသက်တာ၌အစဉ်ကိန်း၀ပ်နေမည်ဖြစ်သည်။
Fr. Clement Ate

