
ဓမ္မအာဇာနည်စတီးဖင်းထံမှသင်ယူကြရန်ရဟန်းမင်းကြီးမိန့်ကြား။
အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ်ဒီဇင်ဘာ (၂၆) ရက်နေ့၌ဓမ္မအာဇာနည် ကြီးစတီး ဖင်း ၏ပွဲနေ့အဖြစ်သတ်မှတ်ထားပါသည်။ ထိုပွဲနေ့သည်ဓမ္မအာဇာနည်ကြီး၏ကောင်းကင်မိသားစုထဲ၌မွေး ဖွားခြင်းခံသောမွေးနေ့အဖြစ်လည်းရှေးဦးခရစ်ယာန်များကြား၌တင်စားသတ်မှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ သည်တစ်ကြိမ်တည်းသာမွေးဖွားကြသည်မဟုတ်။ ယုံကြည်ခြင်းအမြင်ဖြင့်ဆိုလျှင်သေခြင်းသည်လည်း ပြီးဆုံးခြင်း၊ ကုန်ဆုံးခြင်း၊ နိဂုံးမဟုတ်။ ယုံကြည်ခြင်းအတွက်အသေခံခြင်းသည်ကောင်းကင်နိုင် ငံတော် ၌မွေး ဖွားခြင်းခံခြင်းဖြစ်သည်။
ပွဲနေ့၌ဖတ်ကြားသည့်ပထမကျမ်းစာဖြစ်သည်တမန်တော်၀တ္ထုကျမ်း၌ ဓမ္မအာဇာနည်စတီး ဖင်းသည် ဘာသာရေးလွှတ်တော်ရှေ့၌အာဏာပိုင်များနှင့်သူ့အားမတရားစွပ်စွဲသောသူများအုံနှင့်ကျင်းနှင့်စောင့်ကြည့်နေသူများရှေ့မှောက်၌ပင်ရဲ၀ံ့စွာထုချေပြောဆိုခဲ့သည့်အပြင် ထိုသို့ပြောဆိုနေစဉ်၌သူ၏မျက်နှာ သည်ကောင်းကင်တမန်တော်ကဲ့သို့ပြောင်းလဲသွားသည်ကိုမြင်တွေ့လိုက်ရသည်။ (တမန်တော်၀တ္ထု ၆း၁၅) သူ၏မျက်နှာ၌ဖော်ပြချက်သည် သူ၏အမှန်တရားအပေါ်မည်မျှ အလေးအနက်ထားသည် ကို လည်းကောင်း၊ ခေတ်ကြေးမုံသည်သူနှင့်မဆိုင်သကဲ့သို့မနေကြောင်းကို ပြသရန်နှင့်ထိုအခြေအနေကို ချစ်ခြင်းဖြင့်မားမားမတ်မတ်တုန့်ပြန်ခြင်းဖြစ်သည်။ စတီးဖင်း၏အသက်တာနှင့် သေခံခြင်းသည်ကြည့် မှန်ကဲ့သို့ဖြစ်သည်။ ဘုရားသခင် ၏ချစ်ခြင်းသည်ယေဇူးသခင်အားဖြင့် အမှောင်ထု၌အလင်းထွန်း လင်း ခြင်းဖြစ်သည်။
ဘက်သလင်ဟင်မှသည်တရားတော်အတွက်အသေခံသည့်အထိရှင်သန်ခြင်းသည်ဘုရားသ ခင်၏ သား သမီးအဖြစ်ခေါ်တော်မူခြင်းဖြစ်သည်။ ဘုရားသားတော်၏မွေးဖွားခြင်းသည် မယ်တော်မာရိယာ၊ စိန့် ဂျိုးဇက်နှင့်သိုးထိန်းများနှယ်လူသားထုနှင့်အတူနှိမ့်ချခြင်း၌နီးကပ်စွာလာရောက်သီတင်းသုံးခိုင်းခြင်းဖြစ်သည်။ ဤသို့နှိမ့်ချစွာဖြင့်ကြွရောက်သီတင်းသုံးသော်လည်း လှိုက်လှဲစွာကြိုဆိုမခံရပဲ ငြင်းပယ်ခံ ရသည်။ ဆွဲ ဆောင်မှုရှိလှသောယေဇူးသူငယ်တော်၏လူသားအဖြစ် တော်အစကပင်အာဏာရူး သောလူ တစ်စုကလက်မခံ။ မတရားသဖြင့်တုန့်ပြန်ကာ၄င်းတို့၏ယုတ်ညံ့သောစိတ်ဓာတ်ကိုဖော်ပြခဲ့သည်။ (သံလုကာ ၂း၃၅)
မည်သည့်လောကအာဏာသည်ဘုရားသခင်၏အစီအမံတော်ကိုမအောင်နိုင်ပေ။ ယနေ့ ကမ္ဘာတစ် ၀ှမ်း၌ လည်း တရားမျှတခြင်းကိုအဖိုးအခကြီးမားစွာပေး၍ရွေးချယ်နေကြသည်။ အကြောက်တ ရားကို တွန်း လှန်၍ငြိမ်းချမ်းရေးကိုရှေ့တန်းတင်နေကြသည်။ အတ္တကိုခ၀ါချ၍အများအကျိုးအတွက်ပေး ဆက်နေ ကြသည်။ ဤရွေးချယ်မှုမှသည်မျှော်လင့်ခြင်းအညှောက်ထိုးထွက်လာသည်။ ဒုက္ခကြား၌ပျော်ရွှင်မှု ကိုဖန်တီးကြသည်။
သေချာရေရာမှုမရှိ၊ နာကြင်မှုများဖြင့်ပြည့်၊ ပျော်ရွှင်မှုသည်လည်းလက်လှမ်းမှီနိုင်သည့်အ ခြေအနေ မျိုး၌မရှိဖြစ်နေသောကမ္ဘာကြီးဖြစ်နေသည်။ ငြိမ်းချမ်းရေးကိုယုံကြည်ကြသူများသည် ယေဇူးသခင် ၏လမ်းစဉ်ဖြစ်သည့်လက်နက်မကိုင်သောလမ်းစဉ်ကိုလိုက်ကြသည်။ ဓမ္မအာဇာနည်လမ်းစဉ်ဖြစ်သော ယေ ဇူးသခင်၏လမ်းစဉ်ကိုရွေးချယ်လျှောက်လှမ်းသည်။ ဤလမ်းစဉ်သည်အခါအား လျှော်စွာ လှောင် ပြောင်ခံရ၊ သို့မဟုတ်ဖယ်ထုတ်ခံရသည်။ တစ်ခါတစ်ရံဘက်လိုက်သည်ဟုလည်းစွပ်စွဲခံရတတ်သည်။ ခရစ်ယာန်မှန် လျှင်ရန်သူမရှိ။ ညီအစ်ကိုမောင်နှမသာရှိသည်။ ခရစ်ယာန်တို့၏ဂုဏ်သိက္ခာသည် နားလည်မှုလွဲမှားသွားလျှင် ပင်ဆက်လက်၍စောင့်ထိန်းနေသည်။
ခရစ္စမတ်၏နက်နဲသောတရားတော်၌ ညီအစ်ကိုမောင်နှမစိတ်ကိုမွေးနိုင်သူများသည် ချစ် ခြင်းကိုစောင့် ထိန်းနိုင်ကြသည်။ ရန်သူများကိုဘုရားသခင်၏သားသမီးများဟုမြင်တွေ့လက္ခံနိုင်ကြသည်။ ယေဇူး သခင်ကဲ့သို့ပင် ဓမ္မအာဇာနည်စတီးဖင်းသည်လည်းခွင့်လွှတ်ရင်းအသက်စွန့်သွားခဲ့သည်။ ထိုစိတ်ထား သည်လက်နက်ထက်ပင်ပို၍စွမ်းအားပြင်းသည်။ ထိုကောင်းချီးသည်မွေးရာပါလူတိုင်း၌ပါလာသည်။ အချင်း ချင်းအားဂရုစိုက်ခြင်း၊ အသိအမှတ်ပြုခြင်းဖြင့်ပြန်လည်နှိုးကြားလာ အောင်လုပ်ဆောင် ရမည် ဖြစ်သည်။ ဤ တရားသည်ပြန်လည်မွေးဖွားခြင်းဟုခေါ်သည်။ အလင်းသို့တဖန်ပြန်လာခြင်းဖြစ်သည်။ ဤသည်ကားကျွန်ုပ် တို့၏ခရစ္စမတ်ဖြစ်သည်။
ရဟန်းမင်းကြီးသည်ဩ၀ါဒ၏အဆုံးပိုင်း၌ စိန့်ပီတာရင်ပြင်၌စုရုံးနေသောဘုရားဖူးများအား မိန်းမ တကာတို့တွင်မဂ်လာရှိသောသူ၊ အသက်ကိုပေးအပ်သူ၊ မာနတက်ဖွယ်အခြေအနေကိုသတိဖြင့်ထိန်း ကျောင်းပြီး၊ မယုံကြည်နိုင်မှုကိုယုံကြည်ခြင်းဖြင့်လက္ခံခဲ့သောအမိမယ်တော်ထံဆက်ကပ်အပ်နှံခဲ့သည်။ ဘု ရားဖူးများအားအမိမယ်တော်၏အသက်တာကိုဆင်ခြင်ရန်တိုက်တွန်းခဲ့သည်။ မယ်တော်သည် ကမ္ဘာ ကြီးအား သူ၏ပျော်ရွှင်မှုဆီသို့ဦးဆောင်ခေါ်သွားစေရန်လည်းဆုတောင်းပေးခဲ့သည်။ သူ၏ပျော်ရွှင် မှုကားနေမင်း၏ အလာ၌ နှင်းသည်အရည်ပျော်သွားသကဲ့သို့ကြောက်စိတ်၊ ခြိမ်းခြောက်သည့်အခြေ အနေများအားလုံးကိုပျောက်ပျက် သွားစေသည်။
ရဟန်းမင်းကြီးက ‘ကျွန်ုပ်အနေဖြင့်ရင်တွင်းမှငြိမ်းချမ်းရေးအတွက်ထပ်မံဆုတောင်းဆန္ဒပြု ပါသည်။ သူငယ်တော်၏မွေးဖွားခြင်း၌လေးနက်သောပျော်ရွှင်မှုကိုရကြပါစေ။ ရှေးဦးခရစ်ယာန်၏ပထမဦး ဆုံး ဓမ္မအာဇာနည်စတီးဖင်းကိုအမှတ်ရသကဲ့သို့ သူ၏ထပ်ဆင့်ဆုတောင်းပေးခြင်းဖြင့်ကျွန်ုပ်တို့၏ယုံကြည် ခြင်း၊ မိမိတို့၏ယုံကြည်ခြင်းကြောင့်ဖိနှိပ်ညှဉ်းဆဲခံနေရသူများအဖို့ဆုတောင်းပေးရန်တောင်းခံကြပါစို့။ သူ၏ စံပြနှိမ့်ချခြင်း၊ သတ္တိ၊ ခွင့်လွှတ်ခြင်းသည်ပဋိပက္ခများကြား၌ရှိနေသူများတွေ့ဆုံဆွေးနွေးခြင်း၊ ကြေအေးခြင်း နှင့်ငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်နေသူများနှင့် အတူရှိစေရန်ဆုတောင်းပေး ကြပါစို့ ဟုမိန့်ကြားခဲ့သည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

