
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်နေသည့် “မျှော်လင့်ခြင်း၏မဟာဘုရား ဖူးခရီးစဉ်”ဟူ သောခေါင်းစဉ်ဖြင့်ကျင်းပသည့် အာရှသာသနာပြုညီလာခံ ဖွင့်ပွဲ အခမ်းအနား။

“မျှော်လင့်ခြင်း၏ မဟာဘုရားဖူးခရီးစဉ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အာရှသာ သနာပြုညီ လာခံမလေးရှား ၂၀၂၅ ကို ၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီ၊ ထိုနေ့အတွက် အစီ အစဉ်ကို မလေးရှား စံတော်ချိန် ညနေ ၃ နာရီခွဲတွင် တရားဝင် ဖွင့်ပွဲ အခမ်းအနား ဖြင့် စတင်ခဲ့ပါသည်။
အခမ်းအနားတွင် မစ္ဆားတရား (Holy Mass) ကို ရဟန်းမင်းအမတ် ဆီဘက်စတန် ကာဒီနယ်ဖရန်စစ် က ဦးဆောင်ဟောကြားခဲ့ကာ၊ တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ အပါအဝင် နိုင်ငံတကာမှ ကာဒီနယ် များ၊ဆရာတော်ကြီးများ၊ နှင့် ရဟန်းတော်များအားလုံးက ပူးတွဲ ပါဝင်ပူဇော်ခဲ့ကြပြီး ယုံကြည်သူ ဘာသာဝင်းများလဲ ပါဝင်ခဲ့ကြပါသည်။
ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အာရှ ဆရာတော်ကြီးများညီလာခံ အဖွဲ့ချုပ် ဧဝံဂေလိပြန့်ပွားရေးရုံး (FABC OE) ၏ ဥက္ကဋ္ဌ ဆရာတော် ဂျော့ချ် ပါလီပါရန်ဘီ (George Pallipparambi S.D.B.) က ဖွင့်ပွဲ မိန့်ခွန်း ပြောကြားခဲ့ပြီး။ တရားဝင် အခမ်းအနားမှူး၏ မိန့်ခွန်း (Officiating Address) ကို မလေးရှားနိုင်ငံ အမျိုး သားစည်းလုံးညီညွတ်ရေးဝန်ကြီး (Minister of National Unity, Malaysia) ဖြစ်သူ ရိုသေလေးစား ထိုက် သူဒေတု အာရွန် အာဂို ဒါဂန် (The Right Honourable Datuk Aaron Ago Dagang) က ပြောကြား ခဲ့ပါသည်။
ညနေပိုင်း၏ ဝိညာဉ်ရေးဆိုင်ရာ အဓိက မိန့်ခွန်း အထူး အစီအစဉ်မှာ ရဟန်းမင်းအမတ် လူးဝစ် အန်တိုနီ (Luis Antonio) မှ “အသစ်တဖန်ဖြစ်လာသော မျှော်လင့်ခြင်း ဘုရားဖူးခရီးစဉ်အဖြစ် မတူညီသော လမ်းကိုသွားခြင်း” ခေါင်းစဉ်ဖြင့် ဟေားကြားခဲ့ပါသည်။
အစီအစဉ် တစ်ခုလုံး ည ၉ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။ နိဂုံးချုပ် ကြေညာချက် မပြုမီတွင် တက်ရောက် သူများအားလုံးအတွက်ညစာစားပွဲနှင့် ဖျော်ဖြေပွဲ (Conclusion Dinner and Concert) ကို ပြုလုပ် ခဲ့ပါသည်။
Fr. Peter Kyi Maung

