ကျွန်ုပ်တို့သည် ကောင်းသောအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး မှန်ကန် သောအရာအတွက်ရပ်တည်ရန်တွန့်ဆုတ်မနေရ

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ကောင်းသောအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး မှန်ကန် သောအရာအတွက် ရပ်တည်ရန် တွန့်ဆုတ်မနေရဟု ပုပ်ရဟန်းမင်း လီယို (၁၄) က ဗာတီကန်တွင် ကျင်း ပသော စနေနေ့ ဂျူဘီလီ ပရိသတ်တွေ့ဆုံပွဲ၌ အလေးပေးပြောကြားခဲ့သည်။ ထိုသို့ပြောကြား ရာတွင် သူသည် ဘုရားသခင်၏ အစေခံဖြစ်သူ ဒေါ်ရသီ ဒေး (၁၈၉၇–၁၉၈၀) အကြောင်းကို ဝေမျှခဲ့ပါသည်။

ဒေါ်ရသီ ဒေး  သည် အမေရိကန် သတင်းသမား၊ တက်ကြွလှုပ်ရှားသူနှင့် ကက်သလစ်ဘာသာသို့ ကူး ပြောင်းလာသူဖြစ်သည့် သူမသည် စီးပွားပျက်ကပ်ကြီးကာလအတွင်း Catholic Worker လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့သည်။

ဆင်းရဲသားများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအတွက် သူမ၏ ကြီးမားသော လုပ် ဆောင်မှုများကြောင့် လူသိများသော ဒေါ်ရသီ ဒေး  သည် သမိုင်းတွင် ထူးခြားသောအချိန်၌ ဓမ္မသစ်ကျမ်း ကို အသက်ရှင်နေထိုင်ခဲ့မှုအတွက် ချီးကျူးခြင်းခံခဲ့ရသည်။

သစ္စာရှိရန်နှင့် တိကျပြတ်သားရန် ခေါ်ဆိုခြင်း

ယနေ့ ဓမ္မသစ်ကျမ်း အခန်းငယ်မှ စိတ်အားတက်ကြွမှုကို ခံရယူပြီး အခြားသူများကို ကူညီရန် စိတ်ဆုံး ဖြတ်မှု့များ တိကျပြတ်သားကြစေရန် တောင်းဆိုခဲ့သည်။

သူသည် ၎င်းတို့အား မိမိတို့ရရှိထားသော များပြားလှသော ကျေးဇူးတော်များကို အသိအမှတ် ပြုနိုင်ရန် နှင့် သမ္မကျမ်းစာကဖော်ပြသော မေတ္တာကို စစ်မှန်စွာ ထင်ဟပ်စေသော လူ့အဖွဲ့အစည်းတစ်ရပ်ကို မြှင့်တင်ရန်အတွက် မိမိတို့၏ ဘဝတွင် မည်သို့ရပ်တည်ရမည်ကို ပြသရန်အတွက် သခင်ဘုရားထံ ဆုတောင်းရန်ကိုလဲ တိုက်တွန်းခဲ့သည်။

ဒေါ်ရသီ ဒေးသည် ကက်သလစ်ဘာသာဝင်များအတွက် ကြီးမြတ်သော စံနမူနာနှင့် စိတ်အား ထက်သန် မှုအဖြစ် ရှင်သန်ခဲ့သုဖြစ်ကြောင်း ပုပ်ရဟန်းမင်း လီယို (၁၄) က သတိပေးခဲ့သည်။

ခရစ်တော်ကို အတုယူခြင်းဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲခြင်း

“နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် လူတိုင်းအတွက် တူညီသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင် ခြင်းမရှိကြောင်း သူမ မြင်ခဲ့သည်” “သူမ၌ ပညာညာဏ်မီးရှိသည်။ ဒေါ်ရသီ ဒေးသည် ထို အလင်းဖြင့် ရပ်တည်ခဲ့သည်” ဟု ပုပ်ရဟန်းမင်း လီယို (၁၄) က ပြောကြားခဲ့သည်။

ဒေါ်ရသီသည် “လူအများစုအတွက် အနာ၈တ်အိပ်မက်သည် ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးဖြစ် ကြောင်းနှင့် ခရစ်ယာန်တစ်ဦးအနေဖြင့် ဘဝပျက်စေသော စီးပွားရေးစနစ်ဖြင့် ပစ်ပယ်ခြင်းခံရသူများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ အလုပ်သမားများနှင့် ပူးပေါင်းပါဝင်ရမည်ကို နားလည်ခဲ့သည်” ဟု ပုပ်ရ ဟန်းမင်းကြီးက ရှင်းပြသည်။

ဒေါ်ရသီသည် သူမ၏ နှလုံးသား၊ စိတ်၊ လက်များဖြင့် မည်သို့ လှပစွာ အမှုဆောင်ခဲ့သည်ကို သတိပြု မိသည့် ပုပ်ရဟန်းမင်းကြီး လီယိုက သူမ၏ အမှုတော်နှင့် လုပ်ဆောင်မှုများသည် “ဒေါသထွက် ခြင်းအခြေနေကို ပေါင်းစည်းခြင်းနှင့် လုပ်ဆောင်ခြင်းအဖြစ် ပြောင်းလဲခဲ့ပုံ” ကိုလဲ အသိအမှတ် ပြုခဲ့သည်။

“မျှော်လင့်ခြင်းသည် သခင်ယေဇူကဲ့သို့၊ သခင်ယေဇူးနှင့်အတူ ရပ်တည်ခြင်း ဖြစ်သည်” အကြောင်း မှာ “သခင်ခရစ်တော်၏ မေတ္တာမီးလျှံသည် ကျွန်ုပ်တို့၏ မီးဖြစ်သည်” ဟု ပုပ်ရဟန်းမင်း လီယိုက ပြောခဲ့သည်။

ထို့ကြောင့်၊ ဤမျှော်လင့်ခြင်း ဂျူဗလီပွဲသည် ကျွန်ုပ်တို့၌နှင့် အသင်းတော်တစ်ခုလုံး၌ ဤမီးကို တစ်ဖန် ပြန်လည် တောက်လောင်စေပါရန်  ဆုတောင်းခဲ့သည်။

ဘာသာပြန် Fr. Peter Kyi Maung News- Vatican News Website: rvamyanmar.org    / @rvamyanmar8152  #rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *