
လူငယ်များသမ္မာကျမ်းစာကိုလွယ်ကူစွာရင်းနှီးနိုင်ရန်လိုဟု ရဟန်းမင်းကြီးမိန့်ကြား။

ရဟန်းမင်းကြီးလေအို (၁၄) သည်ယခုတစ်ပတ်တနလ်ာနေ့ကကက်သလစ်သာသနာတော် ကြီး၏သမ္မာ ကျမ်းစာပညာရှင်များ၏အဖွဲ့၀င်များအားလက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ဘုရားသခင် ၏နှုတ် တော်ထွက်စကားနှင့်စပ်လျဉ်း၍၄င်းတို့ဆက်ကပ်လုပ်ဆောင်နေသောအမှုတော်မြတ်အတွက်ကျေးဇူးအထူးတင်ကြောင်းမိန့်ကြားခဲ့သည်။
ယခုနှစ်သည်ဗာတီကန်အစည်းအဝေးကြီးမှထုတ်ပြန်ကြေညာခဲ့သော Dei Verbum (ဘု ရားသခင် ၏ နှုတ်တော်ထွက်စကား) စာချွန်တော်ဖြစ်ပြီး ယခုနှစ်သည်နှစ်ပေါင်း (၆၀) ပြည့်သည့်နှစ်ပတ် လည်နှစ် လည်းဖြစ်သည်။
ဗာတီကန်အစည်းအေ၀းကြီးအနေဖြင့်သမ္မာကျမ်းစာသည်နေရာတိုင်း၌အလွယ် တကူဖတ်ရူနိုင်၊ ချီး မွမ်းနိုင်စေရန်ပြင်းပြသောဆန္ဒ၊ ခံယူချက်နှင့်ဘာသာတူများထံလွယ်ကူမှန်ကန်စွာ ကျမ်းစာရောက် ရှိ သွားနိုင်ရန်ရည်ရွယ်သည့်အကြောင်း၊ စာချွန်တော်၏သွန်သင်ချက် မှာပြတ်သား ကြောင်း၊ ဘုရား သခင်၏နှုတ်တော်ထွက်စကားကိုကျွန်ုပ်တို့သည်ရိုကျိုးခြင်းဖြင့်နာခံရန်၊ ယုံကြည်ခြင်း ၌ကြေညာ ဟော ပြော ရန်၊ ဘာသာတူများအတွက်သမ္မာကျမ်းစာနှင့်ထိတွေ့နိုင်ရန် အလွယ်ကူဆုံးနည်း လမ်းကို ဖန်တီး ပေးရန်တိုက် တွန်းထားကြောင်း၊ ကက်သလစ်သမ္မာကျမ်းစာအဖွဲ့ချုပ်သည် တူညီသော ပန်းတိုင်ဆီသို့ ဦးတည်ကြောင်း၊ ထို ဦးတည်ချက်ကားဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ဘာသာ တူများ၏ အကျိုးအတွက်သော့ချက် ဖြစ်ရန်၊ ကယ်တင်ခြင်းသတင်းကောင်းကိုဟောပြောကြေညာရာ၌ သာသနာ တော်ကြီးအတွက်အတွေးအ မြင်ကောင်းများကိုပုံစံအမျိုးမျိုးဖြင့် ဟောပြောနိုင်ရန်စေသော အရင်း အမြစ်များဖြစ်ကြောင်းမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးမှရောမမြို့၌စုရုံးရောက်ရှိနေသောသမ္မာကျမ်းစာပညာရှင်များအား ၄င်းတို့ အားပေးအပ် ထားသောအမှုတော်များအပေါ်သစ္စာ တည်ကြည်စွာထမ်းဆောင်နိုင်ရေးပြန်လည်ဆန်းသစ်ကြ ရန်၊ ယေ ဇူးခရစ္စတူးသခင်၏နက်နဲသောကယ်တင်ခြင်းသတင်းကို ကြေညာရန်ကြီးမြတ်သောအမှုမရှိ ကြောင်း၊ သာသနာတော်ကြီးသည်မည်သည့်သွန်သင်လမ်းညွှန်ချက်ကိုချမှတ်ညွှန်ကြားသည်ဖြစ်စေ သမ္မာ ကျမ်း စာအခြေခံ၍ယေဇူးသခင်ကိုချစ်သောချစ်ခြင်းဖြင့်သတိကြီးစွာနားထောင်လုပ်ဆောင်ကြောင်း၊ သမ္မာ ကျမ်းစာမှသာသနာ၏ ရှေ့ဆက်ခရီးလမ်းညွှန်ချက်များကို ဖော်ထုတ်လေ့ရှိကြောင်း၊ သန့်ရှင်းသော ၀ိညာဉ် တော်၏အလင်းကျေးဇူးကိုလည်းခံယူကြောင်း၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ၀ိညာဉ် တော်သည် သားတော်၏သွန်သင်ချက်များနှင့်အညီသင်ကြားပေး၊ လမ်းညွှန်ပေး ကြောင်း မိန့်ကြား ခဲ့သည်။
ရဟန်းမင်းကြီးကသမ္မာကျမ်းစာအား ‘လွယ်ကူစွာချိပ်ဆက်ထိတွေ့နိုင်ရန်’ ဟုဆိုရာ၌ ဘာ သာတူများ သမ္မာကျမ်းစာကိုဖတ်ရူပြီး ကိုယ်တိုင်ဘုရားသခင်၏ချစ်ခြင်းကိုထိတွေ့ခံစားရကာမိမိတို့၏စကား များ ဖြင့်ပြန်လည်ပြောပြေ၀ဌတတ်ရန်၊ ယနေ့ခေတ်လူငယ်များသည် နည်းပညာကမ္ဘာနှင့်အကျွမ်း တ၀င်ရှိ သောမျိုးဆက်ဖြစ်၍ကောင်းမွန်ထိရောက်စွာအသုံးပြုပါကဘုရားသခင်၏နှုတ်တော်ထွက်စကားကိုအလွယ် တကူလွှမ်းမိုးသွားစေနိုင်သည်။ အချို့သောဘာသာ၀င်အသစ်များသည် ၄င်းတို့ထိတွေ့ ကြီး ပြင်းခဲ့ရသောယဉ် ကျေးမှုနောက်ခံများကြောင့် သမ္မာကျမ်းစာနှင့်ရင်းနှီးမှုမရှိဖြစ်နေခြင်း (သို့) သန်ရာ ဖက်ဆီသို့ယိမ်းသွား၍ ဘာသာရေးသက်၀င်ယုံကြည်မှုများ၊ ၀တ်ခြင်းများ၌ပုံပျက်ပန်းပျက်ဖြစ်သွား သည်များလည်းရှိသည်ဟုမိန့် ကြားပါသည်။
ကက်သလစ်သမ္မာကျမ်းစာပညာရှင်အဖွဲ့အစည်းအနေဖြင့် မိမိတို့ကိုယ်ကိုပြန်လည်ဆန်းစစ် ရန်မှာ သာ သနာအနေဖြင့်ဘုရားသခင်၏လူမျိုးတော်တို့အားနှုတ်တော်ထွက်စကားကြားသိစေရန်အဘယ်သို့ကူညီနိုင်မည့်နည်းလမ်းကိုဖြစ်ပါသည်။ ဤဆန်းစစ်ချက်သည်သင်တို့အား သမ္မာကျမ်းကိုချဉ်းကပ်ရာ၌ပုံစံ သစ်ဖြင့်ချဉ်းကပ်ရန်၊ နည်းလမ်းသစ်ကိုဖွေရှာ၍သမ္မာကျမ်းစာအားချဉ်းကပ်နိုင် ရန်နည်းလမ်း ကောင်း များရရှိ လာမည်ဖြစ်သည်။ ဤသို့ဖြင့်ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် လူတို့၏စိတ်နှလုံး သား၌အမြစ် တွယ်သွားမည်။ လူသားအားလုံးအားလည်းသူ၏ကျေးဇူးတော်၌ရှင်သန် ရန်ဦးဆောင်သွား နိုင်ပေမည်ဖြစ် ကြောင်း၊ သူ၏ဩ၀ါဒအဆုံးပိုင်း၌ ခရစ်ယာန်များအားလုံးအသက် ရှင်သောစာစောင် များဖြစ်ကြရန်၊ သို့သော် မှင်ဖြင့်ရေးသားထားသောစကားလုံးများမဟုတ်ဘဲ အသက်ရှင်သောဘုရား သခင်၏စိတ်၀ိညာဉ်၌ရှင်သန် သောစာစောင်များအဖြစ် ကမ္ဘာကြီးထဲ၌ရိုက်ခတ်နေသော အသံများ၌ ယောင်၀ါးနားကြားမလွှဲစေ ဘဲ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုဦးစွာ နာခံသက်သေခံ ရန်တိုက် တွန်းခဲ့သည်။
ဘုရား၏မယ်တော်လည်းဖြစ်၊ သူ၏၀မ်းတော်အားဖြင့်ဘုရားသခင်၏နှုတ်တော်ထွက်စကား လူ့အဖြစ် ကိုခံယူသော ကညာစင်မယ်တော်မာရိယာသည်ကျွန်ုပ်တို့အားဘုရားသခင်ကိုနားထောင်တတ်ရန် သင် ကြားပေးပါစေ။ ဘုရားသခင်၏စကားကိုနာခံနိုင်သောအင်အားပေးပါစေကြောင်းနှင့်ကျွန်ုပ်တို့အားလုံး အားဘုရားသခင်ချီးမွမ်းနိုင်စေရန်ဦးဆောင်လမ်းညွှန်ပေးပါစေဟုမိန့်ကြားရင်းနိဂုံးချုပ်ခဲ့သည်။
Fr. Clement Ate

