
ဖာသာရ် Peter ကြည်မောင်(မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာနာ) (၃၃)ကြိမ်မြောက်သာမန်ကာလ မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ ၁၉၊ ၁၁၊ ၂၀၂၅
၁၉ ၁၁ ၂၀၂၅ ရှင်လုကာ ၁၉း၁၁-၂၈
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်း ၁၉:၁၁-၂၈ မှာ သခင်ခရစ်တော်သည်၊ အခွန်ခံဇာခေဦး၏ နေအိမ်မှအစားအစာသုံးဆောင်ပြီး ဂျေရုစလင်မြို့သို့ခရီးဆက်စင်း လမ်းခရီး၌ ဤပုံဥမာကိုဝေမျှခဲ့ခြင်းဖြစ်ပါသည်။
ဤပုံဥပမာကိုမွက်ကြားရခြင်းအကြောင်းက သခင်ခရစ်တော်သည် ဂျေရုဆလင်မြို့သို့ရောက်တော့မည်၊ သူနောက်မှလိုက်လာသောလူအုပ်ကြီးသည် သခင်ခရစ်တော်အား အီဇရာအဲရလူမျိုးတို့အတွက် နိုင်ငံအသစ်ကို နိုင်ငံရေးအရစစ်ရေးအရအနိုင်ယူအုပ်စိုးမည်သူဟုမျှော်လင့်နေကြသောကြောင့် ဤပုံဥပမာကိုမွက်ကြားခဲ့ခြင်းဖြစ်တယ်။
သခင်ခရစ်တော်ပြောကြားတဲ့ပုံဥပမာလေးက ဘုရင်အရိုက်ရာကိုခံယူ၍ ပြန်လာရန်ဝေးလံသောတိုင်းပြည်တစ်ပြည်သို့ထွက်သွားသောမင်းသားတစ်ပါးကြောင့်းသူထွက်မသွားခင်မှာသူ့ရဲ့အစေခံကျွန်တို့ကိုခေါ်ပြီးတော့ဒင်္ဂါးဆယ်ပြားကိုပေးပြီးငါပြန်လာသည့်တိုင်အောင်ကုန်သွယ်ကြလောဟုသူတို့အားဆို၏။
ရှင်ဘုရင်အရိုက်အရာကိုခံယူပြီးပြန်လာသောရှင်ဘုရင်က သူ၏အစေခံ ကျွန်များ မိမိပေးအပ်ခဲ့သည့်ငွေများကိုမည်သို့အသုံးပြုသည်ကိုသိလို၍မိမိထံသို့စဉ့်ခိုခဲ့လေ၏။ ပထမအစေခံသည်ကားဆယ်ပြားအားနောက်ထပ်ဆယ်ပြားရအောင်ကြိုးစားခဲ့တယ်၊ ဒါကြောင့်ရှင်ဘုရင်ကချီးကျူးပြီးတော့ဂုဏ်ပြုခဲ့တယ်။ ဒုတိယအစေခံကဒင်္ဂါငါးပြားကို နောက်ထပ်ငါးပြားတိုးအောင်၊ လုပ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ပြုခြင်းခံရတယ်။ တတိယအစေခံကတော့ သူ့ရဲ့ဒင်းငါးကိုအသုံးမပြုဘဲသိမ်းဆည်းထားခဲ့တဲ့အတွက်ဆိုးယုတ်သောကျွန်အဖြစ်သတ်မှတ်ခြင်းခံရတယ်။ ဒီပုံဥပမာလေးက သခင်ခရစ်တော်သူ့ကိုသူ ရည်ညွှန်းပြောဆိုခြင်းလည်းဖြစ်နိုင်တယ်
သခင်ခရစ်တော် ဂျေရုဆလင်မြို့ကို သွားရောက်ခြင်းဟာ ဒုက္ခစရိယာခံပြီးအသေခံဖို့ဖြစ်တယ်။ ယှဉ်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ဘုံမှတစ်ဖန်သခင်ခရစ်တော်ကြွလာတော်မူမယ်။ သခင်ခရစ်တော်ပြန်လည်ကြွလာတဲ့အခါ သူပေးထားသောကျေးဇူးတော်ကို အစေခံကျွန်တွေဖြစ်တဲ့ လူသားတွေဘယ်လိုအသုံးချသလဲ နောက်ဆုံးသောစီရင်ဆုံးဖြတ်ချက်ခံရသောနေ့မှာ ကျနော်တို့အားလုံးဘယ်လိုအသုံးချတယ်ဆိုတာကိုတင်ပြကြရမယ်။ သခင်ခရစ်တော်အသက်ရှင်စဉ်ကာလကတော့ သူပေးခဲ့တဲ့၊ သင်ပြခဲ့တဲ့အရာကတော့၊ ရွှေငွေပစ္စည်းဥစ္စာတွေမဟုတ်ဘူး၊ ရာထူးအာဏာအောင်မြင်မှုတွေမဟုတ်ဘူး၊ လောဘဒေါသမောဟအတ္တတွေမဟုတ်ဘူး။
သူသင်ပေးခဲ့တာက ချစ်ဖို့၊ခွင့်လွှတ်ဖို့၊နားလည်ပေးဖို့၊ နှိမ့်ချဖို့၊ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ မေတ္တာတရားထားဖို့၊ စွန့်လွှတ်အနစ်နာခံဖို့၊ စည်းလုံးညီညွတ်ဖို့၊ တစ်ဦးကိုတစ်ဦးကိုယ်ချင်းစာတရားထားဖို့၊ များကောင်းကျိုးအတွက်မိမိကိုယ်ကိုအနစ်နာခံဖို၊ သခင်ခရစ်တော်ပေးခဲ့တဲ့ကျေးဇူးတော်တွေကအဲဒါတွေပါပဲ။၊
အဲဒီကျေးဇူးတော်တွေကို တိုးပွားအောင်လုပ်ရမယ့်တာဝန်ကကျွန်တော်တို့တာဝန်ဖြစ်တယ်။ သခင်ခရစ်တော်ပေးခဲ့တဲ့ကျေးဇူးတော်တွေနဲ့နေထိုင်သူတွေ၊ ဒီကျေးဇူးတော်တွေကိုတိုးပွားအောင်လုပ်သူတွေဟာ ဤလောကမှာသာမက၊ ဘုရားရှင်၏သနားကြင်နာမှုကိုရရှိပြီး ထာဝရအသက်ကိုရနိုင်မည့် သူတွေဖြစ်တယ်။။
သခင်ခရစ်တော်ပေးခဲ့သောကျေးဇူးတော်တွေနဲ့နေထိုင်တဲ့သူတွေဟာ အမြဲတမ်းအေးချမ်းတယ်။
ဒီကနေ့ဧဝံဂေလိကျမ်း ၁၉:၂၈ နောက်ဆုံးစာကြောင်းလေးမှာပြောထားတာက ငါ၏အုပ်စိုးခြင်းကိုလက်မခံလိုသောငါ၏ရန်သူတို့မှုကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ငါ၏ ရှေ့မှောက်တွင်ကွပ်မျက်ကျလောဟုရှင်ဘုရင်သည်မိန့်တော်မူ၏တဲ့။
ဒီကျမ်းပိုဒ်လေးကဘာကိုဆိုလိုတာလဲအထက်မှာပြောခဲ့သလို မေတ္တာတရားတွေသင်ပြပေးတဲ့ သခင်ခရစ်တော်ကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေဟာ ပြင်းထန်တဲ့ဆိုးကျိုးတွေကိုခံရမယ်ဆိုတာကိုသတိပေးနေခြင်းဖြစ်တယ်။ မေတ္တာတွေ ကောင်းမွန်နဲ့ပါရမီတွေကိုလက်မခံသူတွေဟာ၊ သခင်ခရစ်တော်ကိုလက်မခံသူတွေဖြစ်တယ်။
ဓမ္မမိတ်ဆွေ သင်ဟာချစ်တတ်တယ်ချစ်ရမဲ့တာဝန်ရှိတယ်ဆိုတာကိုသိတယ်။ ထို့အတူခွင့်လွှတ်ဖို့နားလည်ပေးဖို့ချဖို့စိတ်ရှည်ဖို့သည်းခံဖို့မေတ္တာတရားထားဖို့အတွက်စွန့်လွှတ်အနစ်နာခံဖို့စည်းလုံးညီညွတ်ဖို့အများကောင်းကျိုးအတွက်မိမိကိုယ်ကိုအနစ်နာခံဖို့ဒီအရာတွေကိုလုပ်ဆောင်ရမယ်ဆိုတာကိုသင်သိတယ်။ ဓမ္မမိတ်ဆွေသတိရပါ ဒီရာတွေကသိမ်းဆည်းထားဖို့မဟုတ်ဘူး။ ဝေမျှအသုံးချဖို့ဖြစ်တယ်။ ဒီရာတွေက ဘုရားသခင်နေထိုင်ရှင်သန်စေချင်တဲ့အရာတွေဖြစ်တယ်။ ဒီအရာတွေကပဲနောက်ဆုံးသောနေ့မှာဆုံးဖြတ်ချက်ပေးလိမ့်မယ်။
ဒီအရာတွေကိုလက်မခံမလိုချင်တဲ့သူတွေဟာပြင်းထန်တဲ့ဆိုးကျိုးတွေနဲ့စီရင်ဆုံးဖြတ်ခြင်းကိုခံရမယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

