ပုပ်ရဟန်းမင်းကြီးလီယို (၁၄) မြန်မာ့အရေးကိုတောင်းဆိုလိုက်။

လက်ရှိရဟန်းမင်းကြီး၏ဘွဲ့အမည်မှာ ‘လီယို’ (Leo) ဖြစ်ပါသည်။ အနက်ကား ‘ခြသ်ေ့’ ဟု ဆိုလိုသည်။ ခြင်္သေ့၏ဗီဇကရဲရင့်သည်။ ရဟန်းမင်းကြီးလေအို (၁၄) သည်ဤဘွဲ့နာမကိုအကြောင်းမဲ့ရွေး ချယ်ခဲ့ သည်။ ဤဘွဲ့နာမကိုရွေးချယ်ခဲ့သောရဟန်းမင်းကြီးလက်ရှိတစ်ပါးပါလျှင် (၁၄) ပါးမြောက်ဖြစ်သည်။ လက်ရှိရဟန်းမင်းကြီးမတိုင်မီက ‘လေအို’ ဘွဲ့နာမဖြင့်သာသနာကိုဦးဆောင်ခဲ့ သောရဟန်းမင်းကြီးများ သည် လည်းသာသနာ၏သမိုင်း၌မှတ်တိုင်ကောင်းများစွာစိုက်ထူနိုင်ခဲ့ သည့်မှတ်တမ်းမှတ်ရာ များရှိ သည်။ ဤအမှု တော်ကိုထမ်းဆောင်သည်မှာအမှုတော်တစ်ခုတိုးလာရုံသက်သက်မဟုတ်ပေ။

ဘုရား သခင်၏၀ိညာဉ်တော် ကိုခံယူသည်မှာ ဆင်းရဲသားတို့အား၀မ်းမြောက်စရာသတင်းကို ဟောပြော ရန်ဆီတော်ကိုလူးမှတ်ပေးခြင်း၊ ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်းကိုကြေညာရန်၊ မျက်စိ မမြင်သောသူတို့အားမျက်စိအလင်းကို ပေးရန်၊ ဖိနှိပ်ခံရသောသူတို့အားကယ်တင်စေခြင်းရန်၊ ထာ၀ရ ဘုရားသခင်၏ကျေးဇူးတော်မဂ်လာနှစ်ကို ကြေညာရန်သိုးထိန်းချုပ်အဖြစ်ဘုရားသခင်ရွေးကောက် ခံ ထားခြင်းဖြစ်သည်။ (သံလုကာ ၅း၁၈-၁၉) ထို့ ကြောင့်အထက်ပါအချက်အလက်များနှင့် သွေဖီဖြစ် ပျက်နေပါကမသိ၊ မမြင်၊ မကြား၊ ဆွံ့အနေရမည်မဟုတ် ဘဲထုတ်ဖော်ပြောရမည်ဖြစ်သည်။ 

 ပြီးခဲ့သောအောက်တိုဘာလ (၁၉) ရက်နေ့သည် (၂၀၂၅) ခုနှစ်ကက်သလစ်သာသနာတော် ကြီးသာသနာ ပြုတနဂ်နေနွေနေ့ဖြစ်သည်။ နှစ်စဉ်အောက်တိုဘာလ၏ဒုတိယနောက်ဆုံးပတ်ကိုသာသနာ ပြုတနင်္ဂ နွေနေ့အဖြစ်သတ်မှတ်ကျင်းပသည်။ ဤသို့ကျင်းပရန်အတွက်ထိုစဉ်ကသာသနာတော်ကြီးအားဦး ဆောင်ဦးရွက်ပြုနေသောရဟန်းမင်းကြီးပီအုစ့် (၁၁) က (၁၉၆၂) ၌သတ်မှတ်ကြေညာကာ ကျင်းပလာ စေခဲ့ ခြင်းဖြစ်သည်။

 ရဟန်းမင်းကြီးသည် စိန့်ပီတာရင်ပြင်၌ ကမ္ဘာ့သာသနာပြုတနဂ်နွေနေ့မစ္ဆားတရားပူဇော် ခြင်း၏အဆုံး ပိုင်းတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးခဲ့သည်။ ထိုသို့ဆုတောင်းရာ၌ မြန်မာနိုင်ငံ ၌ (၂၀၂၁) မှစ၍ အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေသောပြည်တွင်းစစ်ကြီးရပ်တန့်အဆုံးသတ်စေရန်တောင်း ဆိုပန် ကြားလိုက်သည်။ 

 အပြစ်မဲ့ပြည်သူများနှင့်ပြည်သူနှင့်ဆိုင်သောအဆောက်အဦးများအား အင်အားအလွန်ပြင်း ထန်သော လက်နက်များ၊ ဗုံးများဖြင့်ပစ်ဖောက်၊ တိုက်ခိုက်၊ ကြဲချသတ်ဖြတ်သည့်လုပ်ရပ်ကိုရပ်တန်းကချက် ချင်းရပ် ရန်၊ ယခုကဲ့သို့လက်တုန့်မပြန်နိုင်ရန်အခြေအနေမရှိဘဲ အကြမ်းဖက်တိုက်ခိုက် မှုမှန်သမျှ ကိုငုံ့ ခံနေရ သောပြည်သူတို့အခြေအနေနှင့်အခက်အခဲများကိုနားလည်စာနာသကဲ့သို့ ၄င်းတို့နှင့်ထပ် တူနီး ကပ်စွာရှိနေ ကြောင်း၊ ရဟန်းမင်းကြီး၏နှလုံးသဲပွတ်မှလာသောတောင်းဆိုချက်ဖြစ်သည့် လူမဆန်သော တိုက်ခိုက်သတ် ဖြတ်သည့်လုပ်ရပ်ကိုချက်ချင်းရပ်ရန်၊ လက်နက်အားကိုးဖြင့်တရား၀င် အကြမ်းဖက် သတ်ဖြတ်နေသောအဖွဲ့ အစည်းအနေဖြင့်အားလုံးလက်ခံပါ၀င်နိုင် သောအခြေအနေကိုဖန်တီး၍ တွေ့ဆုံ ဆွေးနွေးမှုကိုလုပ်ဆောင်ရန်တိုက်တွန်းတောင်းဆိုခဲ့သည်။

 ရဟန်းမင်းကြီးသည် Holy Land၊ ယူကရိန်းနှင့်စစ်ဖြစ်ပွားနေသောဒေသ၊ စစ်ဖြစ်ပွားရန် တင်းမာ လာ နေသောဒေသအသီးသီးအတွက်လည်းဆုတောင်းပေးခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်အားလုံးတရား မျှတ ခြင်းနှင့်အဓွန့်ရှည်သောကမ္ဘာ့ငြိမ်းချမ်းရေးကိုခက်ခဲသော်လည်း ဇွဲအားမလျော့ဘဲကျိုးစားလုပ်ဆောင် တောင်းဆိုရမည့်အသိဉာဏ်များကိုဘုရားသခင်ပေးသနားတော်မပါမည့်အကြောင်း၊ ခရစ်ယာန်များ အနေ ဖြင့်ယေဇူးခရစ္စတူးသခင်တည်ထောင်ခဲ့သော ကမ္ဘာ့သာသနာပြုလမ်းစဉ်ကို လည်းမပျက်မကွက် ဖက်တွယ် ရှင်သန်ရန်၊ အဘယ်ကြောင့်ဆိုသော် သာသနာတော်ကြီးတစ်ခုလုံးသည် သာသနာပြု ဖြစ် သည်။

သို့သော်ယ နေ့သာသနာပြုတနဂ်နွေနေ့၌ မိမိတို့၏အသက်တာနှင့်ခင်တွယ်ပိုင်ဆိုင်ရာအားလုံးကို ဧ၀ံဂေ လိတရားဟော ကြားရန်စွန့်လွတ်ခဲ့ကြသောသာသနာပြုအမျိုးသား၊ အမျိုးသမီးများအတွက်အထူး သတိရဆုတောင်းပေးကြ ရန်၊ ၄င်းတို့သည်ကမ္ဘာလူသားများကြား မျှော်လင့်ခြင်း၏သာသနာပြု များဖြစ် ကြကြောင်း၊ ဘုရားသခင်၄င်း တို့အားကောင်းချီးပေးပါစေကြောင်းသတိ ပေးမိန့်ကြား၍ ဆုတောင်းပေး ခဲ့ပါသည်။      

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *