

သခင်ယေဇူးနှင့်တွေ့ဆုံရခြင်း၏ပျော်ရွှင်မှုကိုဖြန့်ဝေကြပါ။

သခင်ယေဇူး နှင့်တွေ့ဆုံရခြင်း၏ ပျော်ရွှင်မှုကို ဖြန့်ဝေကြပါ။
အာဗီအေမြန်မာ၊၁၇၊၁၀၊၂၀၂၅။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် မျှော်လင့်ခြင်း၏ ဂျူဗလီနှစ်ကို ကျင်းပနေကြ သော တိုင်းရင်းသားလူမျိုးများကွန်ရက်များနှင့် အိန္ဒိယဓမ္မပညာရှင်များ ကွန်ရက်တို့ထံ သဝဏ်လွှာတစ် စောင် ပေးပို့ခဲ့ပါသည်။
အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော အဆိုပါစာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆန္ဒကို ပြန်ပြောင်းပြောပြခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဂျူဘီလီပွဲတော် များ ကို စီစဉ်ရာတွင် ““အသင်းတော်၏ ဘက်စုံပြည့်ဝမှု၊ ခရစ်ယာန်အသက်တာမွေးမှုများ၊ အသက် အရွယ် များနှင့် ဘဝအခြေအနေများစွာတွင် ထင်ရှားသော အသင်းတော်၏ ဘက်စုံပြည့်ဝမှုကို မီးမောင်းထိုးပြ”” ခဲ့သည်။ ၎င်းတို့တွင် မိသားစုများ၊ ကလေးများ၊ ဆယ်ကျော်သက်များ၊ လူငယ်များ၊ သက်ကြီးရွယ် အိုများ၊ ဘုန်းတော်ကြီးများ၊ လူဝတ်ကြောင်များ၊ အသင်းတော်နှင့် လူမှုအသိုင်းအဝိုင်းရှိ အစေခံသူများ ပါဝင်ပါသည်။
““ကျွန်ုပ်တို့သည် သန့်ရှင်းသော တံခါးကို ဖြတ်ကျော်ဝင်ရောက်သည့်အခါ၊ လှပသော ဘုရားကျောင်းထဲ သို့ ဝင်ရောက်ခြင်း သင်္ကေတပြသည့် အမူအရာတစ်ခုကို ပြုလုပ်ခြင်းထက်၊ ကျွန်ုပ်တို့ အမှန်တကယ် ရှာဖွေနေသည်မှာ ဘုရားသခင်ချစ်ခြင်းမေတ္တာ၏ မူလအရင်းအမြစ်ဖြစ်သော ကားစင် တင်ခံရသူခရစ် တော်၏ ပွင့်နေသောနံဘေးထဲသို့ ယုံကြည်ခြင်းအားဖြင့် ဝင်ရောက်ရန် ဖြစ်သည်”” ဟု ရှင်းပြခဲ့သည်။
““ဤယုံကြည်ခြင်း၌ပင် ကျွန်ုပ်တို့သည် ညီအစ်ကိုများဖြစ်သည်၊ တစ်ဆူတည်း၌ တစ်လုံးတစ်ဝတည်း ဖြစ်နေကြသည်။ ကျွန်ုပ်တို့၏ အပင်ပန်းခံမှုများနှင့် ဆင်းရဲဒုက္ခများ ရှိလင့်ကစား၊ သန့်ရှင်းသောနှစ် (Holy Year) တောင်းဆိုသော မျှော်လင့်ခြင်းဖြင့် အနာဂတ်ကို ရင်ဆိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ သမိုင်း ကြောင်းနှင့် လက်ရှိအခြေအနေကို သမ္မာတရား၌ ပြန်လည်စမ်းစစ်ရမည် ဖြစ်သည်။””
သမိုင်းနှင့် ပြန်လည်သင့်မြတ်ခြင်း။
“ကျွန်ုပ်တို့၏ ဌါနေတိုင်းရင်းသားလူမျိုးများ ကြုံတွေ့ခဲ့ရသောနှစ်ရှည်လများ ဧဝံဂေလိတရားပြန့်ပွားရေးသမိုင်းသည် အလင်းရောင်နှင့် အရိပ်မည်းများ နှစ်မျိုးစလုံးနှင့် ပြည့်နှက်နေသည်”” ကိုလည်း အသိ အမှတ်ပြုခဲ့သည်။
စိန့် ဩဂတ်စတင်းကို ကိုးကား၍ ဧဝံဂေလိသတင်းကောင်းကို ပို့ဆောင်သူများသည် ၎င်း၏ သတင်း စကားနှင့် မကြာခဏ မကိုက်ညီခဲ့သော်လည်း ““ဘုရားသခင်ကိုယ်တိုင်ကပင် ကျေးဇူးတော်ကို ပြုလုပ် ပေးသည်”” ဟု အလေးထား ပြောကြားခဲ့သည်။
ထို့ကြောင့်၊ ဤဂျူဘီလီနှစ်သည် ““မိမိတို့၏ ညီအစ်ကိုများကို စိတ်နှလုံးထဲမှ ခွင့်လွှတ်ရန်”” (cf. Mt 18:35)၊ မိမိ၏ သမိုင်းကြောင်းနှင့် ပြန်လည်သင့်မြတ်ရန် ဘုရားသခင်၏ ကရုဏာတော်အတွက် ကျေးဇူးတင်ရန် သင့်လျော်သော အချိန် ဖြစ်သည်။
ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်စိတ်ချစွာ အပ်နှံမှသာလျှင် ဘုရားသခင်၏ လူမျိုး အဖြစ် အမှန် တကယ် ဖြစ်လာနိုင်သည်ဟု အလေးထား ပြောကြားခဲ့သည်။
သခင်ဘုရားသည် ““နှုတ်ကပတ်တော်၏ မျိုးစေ့ကို ယဉ်ကျေးမှုအားလုံး၌ စိုက်ပျိုးထားသည်”” ထိုမျိုးစေ့များကို နည်းလမ်းသစ်များဖြင့် ပွင့်လန်းစေရမည်။ ဟု စိန့်ဂျွန်ပေါလ် ၂ (St. John Paul II) ၏ စကားကို ကိုးကားခဲ့ပါသည်။
““ဧဝံဂေလိတရား၏ တန်ခိုးသည် နေရာတိုင်း၌ ပြောင်းလဲစေပြီး ပြန်လည်မွေးဖွားစေသည်။ ၎င်းသည် ယဉ်ကျေးမှုတစ်ခုထဲသို့ ထိုးဖောက်ဝင်ရောက်သောအခါ၊ ဧဝံဂေလိတရားသည် ယဉ်ကျေးမှုများနှင့် ထိတွေ့သည်နှင့်အမျှ ပြောင်းလဲရမည်ဆိုပါက ခရစ်ယာန်ဓမ္မပညာကို သင်ကြားပို့ချခြင်းသည် မဖြစ် နိုင်ပါ။””
ကြွယ်ဝစေသော ဆွေးနွေးမှု။
တွေ့ဆုံဆွေးနွေးမှုနှင့် တွေ့ဆုံခြင်းတို့က ““ခရစ်တော်က လူမျိုးအားလုံးကို ပေးဆောင်သောကြွယ်ဝသော အသက်တာ”” ကို ရှာဖွေတွေ့ရှိနိုင်စေသည် ဟု ပုပ်ရဟန်းမင်းကြီးကအတည်ပြုခဲ့သည်။
““ကျွန်ုပ်တို့ အသက်ကြွယ်ဝစွာ ရရှိနိုင်ရန်အတွက် သူ၏ သွေးတော် တစ်စက်မကျန် စွန့်လွှတ်ခဲ့ သော”” ခရစ်တော်၏ ကျေးဇူးတော်တွင်လည်းကောင်း ထင်ရှားသည်ဟု မှတ်ချက်ချခဲ့သည်။
ရဟန်းမင်းကြီးလီယို ၁၄ က တိုင်းရင်းသားလူမျိုးအသိုင်းအဝိုင်းများနှင့် အိန္ဒိယဓမ္မပညာတို့၏ အသင်း တော်ဆိုင်ရာ ဆင်ခြင်သုံးသပ်မှု၊ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး၊ ၎င်းတို့၏ ကမ္ဘာ့ အမြင်သည် ““ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများ ပေါင်းစည်းလိုသော လေးနက်သော ဆန္ဒနှင့် ပဲ့တင်ထပ် နေသည်”” ၎င်းသည် အသင်းတော်က ဆင်ခြင်ဉာဏ်ဖြင့် ပွေ့ဖက်ပြီး လိုက်ပါသွားရမည့် သတင်း စကား ဖြစ်သည်။
ဧဝံဂေလိတရား၏ ရဲရင့်မှုနှင့် သာသနာပြုလုပ်ငန်း။
နိဂုံးချုပ်မပြောမီ ပုပ်ရဟန်းမင်းကြီးက ပုပ်ဖရန်စစ် ချစ်ခင်မြတ်နိုးခဲ့သော ဝေါဟာရတစ်ခုကို ဖော်ပြခဲ့ သည်။ ၎င်းမှာ ပါရီရှား (parrhesia) ဖြစ်ပြီး၊ ယင်းသည် ““ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်နှလုံးလွတ် လပ်စွာ ဖြင့် ဧဝံဂေလိတရားကို ကြွေးကြော်ရန်အတွက် ကျွန်ုပ်တို့ကို မိမိကျင်လယ်ရာဘဝ မှ ရုန်းထွက် မှု ဖြစ် သည်။
တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင် လူသား၊ ယဉ်ကျေးမှုနှင့် ခရစ်ယာန်ဆိုင်ရာ ကြွယ်ဝမှုကို ရဲစွမ်း သတ္တိနှင့် လွတ်လပ်မှုဖြင့် တင်ပြရမည် ဖြစ်သည်။
အသင်းတော်သည် ““ထာဝရ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ဝမ်းမြောက်စွာ ချီးမွမ်းကြပါ၏၊ ကိုယ်တော်ထံသို့ အကျွန်ုပ်တို့၏ ချီးမွမ်းခြင်းရောက်ပါစေ”” ဟု လူတိုင်းကြွေးကြော် နေသော သံပြိုင်တေးသီဆိုမှု၌ ၎င်းတို့၏ ထူးခြားသောအသံများဖြင့် ကြွယ်ဝပြည့်စုံလာသည်ဟု ထပ် လောင်းပြောကြားခဲ့သည်။
ဤသဝဏ်လွှာသည် သာသနာပြုတာဝန်ကို ပြန်လည်အသက်သွင်းရန် တောင်းဆိုမှုဖြင့် နိဂုံးချုပ် ထားသည်။
““သွား၍ လူမျိုးတကာတို့ကို တပည့်ဖြစ်စေလျက်၊ ဘုရားသခင်၏ နှလုံးသားနှင့် တွေ့ဆုံခြင်းမှ ပေါက်ဖွားလာသော ပျော်ရွှင်မှုကို ဖြန့်ဝေပါ။””

