
ရဟန်းမင်းကြီးဖရန်စစ်အားဘုရားသခင်ပြန်လည်သိမ်းပိုက်ခဲ့သည့် (၅) လပြည့်အလွမ်း

ရဟန်းမင်းကြီးဖရန်စစ်အားဘုရားသခင်ပြန်လည်သိမ်းပိုက်သွားခဲ့သည်မှာ (၅) လပြည့်ခဲ့ပြီ။ နေ့စဉ်လွမ်း ဆွတ်သတိရဆုတောင်းပေးလျှက်ရှိပါသည်။ ရဟန်းမင်းကြီးသည် သူ၏အသက်တာတစ်လျှောက် ၌ အားကြိုးမာန်တက်ခရစ္စတူးသခင်၏ငြိမ်သက်ခြင်းကိုကမ္ဘာအားဖြန့်ဝေခဲ့သည်။ ရဟန်းမင်းကြီးသည် အမှန်တကယ်မျှော်လင့်ခြင်း၏ကောင်းကင်ခရီးသွားတစ်ဦး၊ ငြိမ်းချမ်းရေးကိုတည်ဆောက်သူ၊ မမေ့အပ် သူ၊ နွမ်းပါးချို့တဲ့သူများကိုချီးမြောက်အလေးပေးခဲ့သူ၊ မဆုတ်မနစ်သောယုံကြည်ခြင်း၊ နှိမ့်ချခြင်းဖြင့် ဦးဆောင် ဆက်ကပ်အမှုဆောင်ခဲ့သူဖြစ်သည်။
သူ၏ဓမ္မအမွေအနစ်သည် ကျွန်ုပ်တို့အားလုံးအား ခရစ္စ တူးသခင်၏ချစ် ခြင်းကိုသယ်ဆောင်သူများ ဖြစ် ရန်အသိတရားရှိလာစေသည်။ ကောင်းကင်နိုင်ငံ တော် သည် ရဟန်းမင်းကြီး အားလှိုက်လှဲနွေးထွေးစွာ အိမ်တော်ပြန်ခရီးကိုကြိုဆိုသကဲ့သို့ ကျွန်ုပ်တို့လည်းရဟန်းမင်းကြီး၏ သူမတူသော အသက်တာ နှင့်သာ သနာပြုခြင်းကိုအမှတ်ရဆုတောင်းနေကြသောကမ္ဘာသူကမ္ဘာသားများနှင့်အတူပူးပေါင်းဆုတောင်းပေးပါကြောင်းဖြင့်သာသနာနှင့်ကမ္ဘာ့သတင်းတိုထွာကိုအချိန်နှင့်တစ်ပြေးညီတင်ဆက်ပေးနေသော Shalom ကက်သလစ်သတင်းဌာနကဖော်ပြထားသည်။
Fr. Clement Ate
(Shalom World News)
Website: rvamyanmar.org
#rvamyanmar#ShalomWorldNews #ArchdioceseofMandalay

