လက်စားချေခြင်း၊ အတင်းအကြပ်ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုတို့အပေါ်အခြေခံထားခြင်းမှာ အနာဂတ်ဆိုတာမရှိ။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့နေခင်းမေတ္တာရွတ်ဆိုခြင်းမှာ ရဟန်းမင်းကြီးလီယို ၁၄ က ဂါဇာကမ်းမြောင်ဒေသမှာ ဒုက္ခရောက်နေသူများနှင့်အတူ စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင် နေသည့် အသင်းအဖွဲ့များအား ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အလေးအနက်မေတ္တာ ရပ်ခံမှုများကိုဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဂါဇာကမ်းမြှောင်ဒေသရှိပြည်သူများကိုကူညီပေးရန်ကတိကဝတ်ပြုထားသူများ၊ Holy Land သန့်ရှင်း သောမြေတွင်ဦးစီးဦးဆောင်ပြုနေသောဘာသာရေးခေါင်းဆောင်များနှင့် ပေါင်းစည်းကာ လက်စားချေခြင်း၊ အတင်းအကြပ်ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုတို့အပေါ်အခြေခံထားခြင်းမှာ အနာဂတ်ဆိုတာမရှိဟု ထပ်မံပြောဆိုခဲ့ပါသည်။

လူတို့သည်ငြိမ်းချမ်းရေးကိုလိုအပ်သည်၊ သူတို့ကိုအမှန်တကယ်ချစ်မြတ်နိုးသူများ ငြိမ်းချမ်းရေးကို လုပ် ဆောင်ကြပါဟု ရဟန်းမင်းကြီးကကြွေးကြော်ခဲ့ပါသည်။

ချစ်ခင်လှစွာသောမိတ်ဆွေတို့ ဂါဇာကမ်းမြောင်ဒေသမှာ ညှဉ်းပန်းနှိပ်စက်ခံနေရသောညီအစ်ကို မောင် နှမများနှင့်အတူနီးကပ်စွာရှိနေခြင်းကိုဖော်ပြခဲ့သော သာသနာတော်၏လုပ်ဆောင်မှုများကို အားလုံးကို ဂုဏ်ယူလေးစားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

လူတိုင်း၏ဂုဏ်သိက္ခာကိုလေးစားကာကွယ်စောင့်ရှောက်ရမည်။

ပုပ်ရဟန်းမင်းကြီးလီယို ၁၄ ဟာ ငြိမ်းချမ်းရေးကိုစဉ်ဆက်မပြတ်တောင်းဆိုနေခဲ့သူဖြစ်တယ်။၊ အတင်း အကြပ်ဖိအား‌ပေးခံရပြီး လက်မခံနိုင်သောအခြေအနေမျိုး နှင့် ကြောက်ရွံ့မှုများ ကြားမှာရှင်သန်နေထိုင် နေရသည့် ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများကို အလေးအနက်ထားစာနာကြောင်းကိုလည်း ပြီးခဲ့ သော သတင်းတစ်ပတ်က နေ့ခင်းမေတ္တာရွတ်ဆိုခြင်းမှာလည်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဘုရားသခင်ပညတ်ထားခဲ့သည့် လူ၏အသက်ကိုမသတ်ရ ဟူသောပညတ်တော်ကို သက်သေထားကာ လူတိုင်းတွင်လေးစား ကာကွယ်ရမည့်သိက္ခာဂုဏ်ပုဒ်တစ်ခုရှိကြောင်းမိန့်ကြားခဲ့ကာ

နိဂုံးချုပ်အနေနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို လေးစားပြီး အပစ်အခတ် ရပ်စဲရေး၊ ဓားစာခံများလွှတ်ပေးရေး၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးများ ပြုလုပ်ကြဖို့ပြန် လည်တောင်း ဆိုခဲ့ပြီး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှု အာရုံဦးသည်မကြာမီပေါ်ပေါက်လာပါစေ ဟုဆုတောင်းခြင်း ဖြင့်အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *