
ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။

ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။
အာဗီအေမြန်မာ၊၁၈၊၉၊၂၀၂၅။
တန်ဇန်းနီးယားနိုင်ငံ၊ Mwanza (မွန်ဇာ) ဂိုဏ်းချုပ်သာသနာ၌ စက်တင်ဘာ (၁၅၊ ၂၀၂၅) ရက်နေ့၌ ယာဉ် မတော်တဆမှုဖြစ်ပွားရာ ကာမဲလိုက်စိန့်ထရေးဇာသာသနာပြုအသင်းမှသီလရှင် (၄) ပါးအ သက်ဆုံးရှုံး ခဲ့ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းဂိုဏ်းချုပ်သာသနာမှထုတ်ပြန်လာပါသည်။
သူတို့သည်အမျိုးသမီးအလယ်တန်းကျောင်း၌အမှုထမ်းနေကြသူများ ဖြစ်ကြောင်း၊ အသက် ဆုံးရှုံးသွား ခဲ့သော သီလရှင် (၄) ပါးအနက်အသင်းတစ်ခုလုံး၏ဥက္ကဌအကြီးအကဲလည်းပါသွားသည်။ သူတို့ သည် အခြားဂိုဏ်းအုပ်သာသနာတစ်ခု၌ ညီမသီလရှင် (၃) ပါး၏ရာသက်ပန်သစ္စာခံယူသည့်ပွဲ၌ပါ၀င်ရန် ခရီး ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားပြီးဆုံးသွား၍ မိမိတို့တာ၀န်ကျသောသာသနာသို့ပြန်ရန် လေဆိပ်သို့သွားနေစဉ်၌ဖြစ်ပွားခဲ့သည်။ အသက်ဆုံးရှုံးသွားသောစ္စတာရ် (၄) ပါးအတွက် ဤသတင်းကို ဖတ်ရူရသူတိုင်းနွမ်းရိညှိုးငယ်သောစိတ်ဖြင့် ထာ၀ရသုခချမ်းသာခံစားရရန် အထူးဆုတောင်း ပေးကြ ပါစို့။
Fr. Clement Ate
(Shalom World News)

