ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၂၃ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဇူလိုင်လ ၂၃ ၊ ၂၀၂၁ 

July 23: 2021

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ကြားနာရတဲ့ ရှင်မာတေဦးဧဝံဂေလိကျမ်းက မျိုးစေ့ကြဲသော ပုံဥပမာ ဒုတိယအပိုင်း၊ ဥပမာ ရဲ့ အဓိပ္ပါယ် ကို သခင်ခရစ်တော် ရှင်လင်းဖေါ်ပြပေးတဲ့အပိုင်း ဖြစ်တယ် ။

ကျွန်တော်နဲ့ အတူ ဒီကျမ်းပိုဒ်လေးကို ထောက်ရှုကြည့်ပ့ါစို့ ကျွန်တော်တို့ အသိုင်းအဝန်းမှာ မကြာခဏကြားရတဲ့ စကားပုံလေးတခု မျိုးစေ့ မှန်မှ အပင်သန်မယ် တဲ့ ဘုရားက မျိုးစေ့ကြဲးသူဖြစ်တယ်၊ သူစီကလာတဲ့ မျိုးစေ့က မျိုးစေ့မှန်တယ် မျိုးစေ့က လူတိုင်းအတွက် အလကားပေးနေတာ ဖြစ်တယ်၊ ခံယူတဲ့လူတွေရဲ့ အတွေးအခေါ်၊ အသိပညာ၊ ဖြူစဉ်ရိုးသားမှုအဆင့်အတန်း နဲ့ စိတ်နေစိတ်ထား တွေပေါ်မူတည်ပြီး သူတို့ရဲ့လက်ခံပုံ တန်ဖိုးထားပုံ ပေါ်မူတည်ပြီး မျိုးစေက ရှင်သန်ကြီးထွား တိုးပွားမှုတွေ ကွာခြားသွားတာပါ။

လူတွေကို ဂုဏ်သိက္ခာ ရှိစွာ နေတပ် ရွေးတပ်ဖို့ ကိုယ် ပိုင် ဆုံးဖြတ်ခွင့်ပေးထားတယ် လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်၊ လက်ခံပိုင်ခွင့် တွေဘုရားပေးထားတယ်။

ပေါ့တီးပေါ့ပျက်၊ ရည်ရွယ်ချက်မရှိ၊ အလေးနက် မထားတပ်သူတွေ အဲ့လူတွေ စီကို ဘုရားနုပ်ကပတ်တော် လာတယ် လမ်းဘေးမှာကျသလိုပဲ သူများ ကောက်သွားတာပဲ ခံရမယ်။ ပညာအသိညာဏ်နဲးတော့ တန်ဖို့မသိဘူး၊

မာနတရားတွေ၊ လောကတပ်မက်မူ အဆိုင်အခဲးတွေ ပြည့်နေတဲ့ နှလုံးသာတွေမှာ နုပ်ကပတ်တော်က သူတို့ဘဝကို ခနတာ အေးမြသွားစေတယ်၊ ဒါပေမဲ့ ပြုပြင်ပြောင်လဲးလို့မရတဲ့ နှလုံးသားတွေမှာ နုပ်ကပတ်တော် ဆိုတဲ့ ကောင်းမြတ်ခြင်တရားတွေဟာ ခဏတာပဲ ရှင်သန်ခွင်ရကြတယ်။

အလုပ်က အဓိက၊ ငွေရဖို့၊ ချမ်းသာဖို့၊ နာမည်ကြိးဖို့ ဆိုတာတွေကို ဦးစားပေးနေရသူတွေ၊ ဘာသာတရာ ဆိုတာတို့၊ မေတ္တာကရုဏာတို့ဆိုတာ ကောင်းကောင်းမရှင်သန် နိုင်ဘူး ငွေ‌နဲ့ဘာသာ၊ တရားတော်တွေ နဲ့ ယှဉ်လာရင် ငွေဖက်ပဲ ရိမ်းသွားတပ်ကြသူတွေ ဆူးတွေ‌နဲ့အုပ်ထားခံရတဲ့ မျိုးစေ့ပင်လေးတွေ။

နုပ်ကပတ်တော်ကို ခံယူတဲ့လူတွေရဲ့ အတွေးအခေါ်၊ အသိပညာ၊ ဖြူစဉ်ရိုးသားမှုအဆင့်အတန်း နဲ့ စိတ်နေစိတ်ထား တွေပေါ်မူတည်ပြီး သူတို့ရဲ့လက်ခံပုံ တန်ဖိုးထားပုံ ပေါ်မူတည်ပြီး အဆ ၃၀၊ ၆၀၊ ၁၀၀ သီး တဲ့သူတွေ ဆိုတာ၊ ချစ်ခြင်း မေးတ္တာမျိုးစေ့ ရှင်သန်သူတွေမှာ ချစ်ခင်သူတွေများမယ်၊ ရိုးသားသူတွေမှာ ယုံကြည်ခံရမူ့ အသီးအပွင်တွေ မြင်ရမယ်၊

ခင်များမှာ ရော ဘယ်လိုမျိုးစေ့တွေ ရှင်သန်နေသလဲ ။။ ဓမမိတ်ဆွေအပေါင်း ကိုယ် စိတ်နှစ်ဖျာကျမ်းမာ ချမ်းသာတော်မူ ကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *