ဖာသာရ် ပီတာကြည်မောင် (၂၅) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ စက်တင်ဘာလ ၂၁ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၂၅) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် အဂ်ါနေ့ ဩဝါဒ စက်တင်ဘာလ ၂၁ ၊ ၂၀၂၁

ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်ကြီးက ကျမ်းရေးပုဂ္ဂိုလ်လဲဖြစ်၊ တပည့် တော်ကြီးလဲ ဖြစ်တဲ့ ရှင်မာတေဦးရဲ့ ပွဲတော်နေ့ကိုကျင်းပပါတယ်။ ။

ရှင်မာတေဦး သခင်ခရစ်တော်ရဲ့ နောက်လိုက်တပည့်ဖြစ်မလာခင်၊ လူတကာ ရွံမုန်းခံရတဲ့၊ အပြစ်သားတွေနဲ့ တတန်းတည်းထား ဆက်ဆံခံရတဲ့ အခွန်ခံအလုပ်ကို လုပ်ကိုင်သူဖြစ်တယ်။ ။

သခင်ခရစ်တော်က မာတေဦး ကိုခေါ်ပြီးတာနဲ့ စောင့်မနေခဲ့ဘူး စဉ်းစာချိန်မပေးဘူး၊ ဘဝပြောင်းလဲးလာဖို့ လူကောင်းတယောက်ဖြစ်လာဖို့ အချိန်လဲမပေးဘူး၊ စောင့်လဲးမစောင့် ဘူး၊ အပြစ်သား အခွန်ခံ အဖြစ်ရှိနေတဲ့အတိုင်းပဲခေါ်တယ်။ ရှိနေတဲ့အခြေအနေ၊ ဖြစ်နေတဲ့ အခြေအနေအတိုင်းပဲ ခေါ်ခဲ့တယ်။

သင်းကို ဘုရားးအသုံးပြုခြင်တယ် ဆိုရင် မင်းပြည့်ဝကောင်းမွန်နေမှတို့၊ နာမည်ပျက်မရှိမှ၊ လူကောင်းစရင်းဝင်မှ၊ အပြစ်ကင်းစဉ်နေမှ လို့ မဆိုလိုဘူး၊ အားမငယ်နဲ့ ဘုရားက သူအသုံးပြုမည့်ပုဂ္ဂိုလ် ကို အရှိအတိုင်းပဲခေါ်တယ်။ လူတွေကတော့ လူ့အမြင်နဲ့ ရွေးကြတာပေါ့ ။ လူအမြင်နဲ့မတူဘူး။။

သခင်ရစ်တော်က အခွန်ခံမာတေဦး အခွန်ကောက်နေတဲ့နေရာမှာ အခွန်ကောက်နေချိန်၊ လူတကာမုန်းတဲ့ အပြစ်သား အခွန်ခံ လောကအလုပ်ထဲးမှာ၊ တနည်းပြောရရင် အပြစ်ထဲးမှာ ကျင်လည်နေတုန်း ငါနောက်လိုက်ခဲ့ ဆိုတဲ့ နှစ်လုံးသားထဲးက သူမျော်လင်နေတဲ့အသံ၊ လူတကာစွန်ပြစ်ခံ၊ အပြောခံ အပြစ်သားကို ဒီလို နာမည်ကြီး မက်ဆီးယားလို့သပ်မှတ်ခံရသူက ခေါ်ယူတယ်၊ ကျမ်းစာမှာ မာတေဦး အားလုံးကို စွန့်ပြစ်ခဲ့ပြီး ချက်ခြင်း ထလိုက်သွားတယ် လို့ကြားခဲ့ရတယ်။

ဒါက သူဘဝ အတိတ်ဟောင်းကိူ အပြီးအပြတ် စွန့်လွတ်ခဲ့တာ၊ နောက်အဲ့အပြစ်သား ဘဝထဲးကိုပြန်မသွားတော့တာ၊ အခွန်ခံဆိုတာ သူခိုးလိုပဲ၊ အဲ့လို သူခိုးဘဝ ကိုပြန်မသွားတော့တာ၊ ခွင့်လွတ်ပေးနိုင်သူ၊ အလင်းပေးနိုင်သူ၊ ကယ်တင်ခြင်းပေး နိုင်သူဘဝထဲးကို မိမိဘဝကို အပြည့်အဝ ခြေဆုံပြစ်ဝင်ပြီး ဘဝ သစ်ကို လက်ခံလိုက်တာ၊ လွတ်လပ်တဲ့ဘဝ ခရစ်တော်နောက်လိုက်ဘဝ၊ သူခိုး၊ အခွန်ခံ အပြစ်သား ဆိုတဲ့ဘဝကနေ တပည့်တော်ကြီးဘဝ ဖြစ်လာခဲ့တာ။ အပြစ်သား ဖြစ်နေလို့ အားမငယ်နဲ့ သခင်ခရစ်တော်က အပြစ်သားကို ခေါ်ဖို့လာတယ်၊ ကယ်တင်ဖို့လာတာ၊ ကုသပေးဖို့လာတာ ခွင့်လွတ်ဖို့လာတာ။ လောကလူတွေကတော့ မကောင်းတဲ့ကောင်း၊ အရက်သမား၊ နာမည်ပျက်ရှိတဲ့မိန်းမ၊ ခိုးမိခဲ့လို့ နာမည်ပျက်ခဲ့ရသူ၊ အပြစ်သား ဆို ရှောင်ကျင်ကြတယ်။ ။

ခရစ်တော်က အပြစ်သားကို တပ်ရာိက်လာတာ။ သူအသံကြားဖို့ ပြုပြင်ပြောင်းလဲး နိုင်ဖို့ ပဲ လိုတယ်။ ။ သင့်ကို ဘုရာက ဒီနေ့ အသုံးပြုဖို့ ခေါ်နေတယ်၊ ပြုပြင်ပြောင်လဲ နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား၊ ခရစ်တော်က အပြစ်သားစီးကို လာတာ အပြစ်စီရသ်ဖို့မဟုတ်ဘူး ခွင့်လွတ်ကယ်တင်ကုသပေးဖို့၊ ဆိုတာမမေ့ပါနဲ့။ ။

ဓမ္မမိတ်ဆွေအပေါင်း ကိုယ် စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။ ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *