
လူငယ်များ၏ဂျူဘီလီ”ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဆီသို့ ခြေတစ်လှမ်း”

ဇူလိုင်လ၂၈ရက်မှ ဩဂုတ်လ ၃ နေ့ထိ ကျင်းပမည့် လူငယ်ဂျူဘီလီပွဲတော်နဲ့ပတ်သက်ပြီး သာသနာပြု ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော် တာဝန်ခံဂိုဏ်းချုပ်ဆရာတော် Rino Fisichella က ကမ္ဘာအနှံ့အပြားမှ ယဉ်ကျေးမှုပေါင်းစုံနှင့် မတူညီသောတင်ဆက်မှုများက ဒီဂျူဘီလီကိုပိုမိုလှပစေပါလိမ့်မယ်။
ကမ္ဘာအနှံ့ပြားမှလူငယ်များဒီပွဲကိုရောက်ရှိလာကြပါလိမ့်မယ်။
၁၄၆ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကျမည်ဖြစ်ပြီးတော့ ၇၈ရာခိုင်နှုန်းမှာဥရောပ နိုင်ငံများမှ ဖြစ်ကာ ၂၂ရာခိုင်နှုန်းမှာကမ္ဘာအနှံ့ပြားသောနိုင်ငံများမှ လူငယ်များဖြစ်ကြပါသည်။ တိုင်းပြည်မငြိမ် မသက်ဖြစ်နေသော အီရတ်၊ တောင်ဆူဒန်နဲ့ လက်ဘနွန်နိုင်ငံ တို့မှလူငယ်များလည်းပါဝင်မည်ဖြစ်သည်။
ဒီပွဲကျင်းပတဲ့ ပျော်စရာခိုက်တန့်လေးဟာ ကမ္ဘာတဝှန်းကရောက်ရှိလာမယ့် လူငယ်တွေအားလုံးထွေးပွေမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ငြိမ်းချမ်းမှုရဲ့အခိုက်အတန့်ကိုဖော်ဆောင်ခြင်းနှင့် ကမ္ဘာ့ငြိမ်း ချမ်းရေးတည်ဆောက်မှုဆီသို့ခြေတစ်လှမ်းကို ကိုယ်စားပြုသောအရာဖြစ်ပါသည်ဟု တာဝန်ခံဂိုဏ်း ချုပ်ဆရာတော် Fisichella က ပြောကြားခဲ့ပါသည်။
ဇူလိုင်လ၂၈ရက်နေ့တွင် လူငယ် ၅သိန်းခန့်ရောက်ရှိလာရန်မျှော်လင့်ထားကြောင်း၊ ဂျူဘီလီပွဲတော်သို့ လာရောက်ကြမည့် ထောင်ပေါင်းများစွာသောလူငယ်များအတွက် မြို့တွင်းရှိ ဘုရားကျောင်း ၃၇၀ ကျောင်း၊ စာသင်ကျောင်း ၄၀၀ နင့် gyms များ၊ တချို့သော မိသားစုများက လည်း လူငယ်များ အတွက် နေရာပေးကြမည်ဖြစ်သည်။
စီစဉ်သူ တာဝန်ခံများမှာလည်း လူငယ်များအတွက် နေရာချထားရေးနဲ့စားသောက်ရေးများကို စနစ်တကျစီစဉ်နေကြကြောင်း၊ မြို့ထဲတွင် အစားအသောက်ပေးဝေရေးဌာန ၂ဝခု၊ လူငယ်များအတွက် နေ့လည်စာနှင့်ညနေစာ စာရင်းပေးသွင်းနိုင်ရန် ၊ပြန်ကျဈေးဆိုင်လေးများနှင့်တွဲ၍ နေရာ ၃၅၀၀ တွင် စီစဉ်ထားပြီး၊ မနက်စာကိုမူ တည်းခိုရာနေရာများတွင်လာရောက်ပေးဝေ မည်ဖြစ်ကြာင် ။
တစ်ပတ်တာကြာမည့်ဂျူဘီလီပွဲတွင် မြို့တွင်းလှည့်လည်လေ့လာခြင်း နှင့် လူငယ်များပြုလုပ်မည့် အစီ အစဉ် ၇၀ အတွက် အချိန်သုံးရက်တာ ရောမမြို့တွင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။
ယင်းအစီအစဉ်များ၏နောက်ဆုံးနေ့တွင် လူငယ်များအားတရားဝင်ကြိုဆိုခြင်းမေစ္ဆားတရားကို ဗာတီ ကန်နိုင်ငံ စိန့်ပီတာ ရင်ပြင်တွင် ည ၇ နာရီ၌ကျင်းပမည်ဖြစ်ပြီး၊ ဩဂုတ်လတစ်ရက် သောကြာနေ့တွင် လူငယ်များ အပြစ်ဖြေခြင်းအခွင့်ကိုရရှိနိုင်ရန် ရဟန်းဘုန်းတော်ကြီး အပါး ၂၀၀ ပါဝင်ကူညီပေး မည်ဖြစ်ပြီး။ ဩဂုတ်လ၂ရက်နေ့ လူငယ်များ၏အဓိကပွဲနေကြီးကို ၂၀၀၀ ခုနှစ်က ကလူငယ်ပွဲတော် ကျင်းပခဲ့သည့် Tor Vergata တွင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစီအစဉ်တွင် ပုပ်ရဟန်းမင်း ကြီးလီယို ၁၄ ကိုတိုင် ထောင်ပေါင်းများစွာသောလူငယ်များနှင့်အတူ၊ အကြိုဆုတောင်းမေတ္တာပြုခြင်း တွင်ပါဝင်မည်ဖြစ်ပြီးမက္ကစီကို၊ US နှင့် အီတလီ နိုင်ငံတို့မှ ကိုယ်စားလှယ်လူငယ်သုံးဦးမှ ရဟန်းမင်းကြီး အားမေးခွန်းများမေးကြမည်ဖြစ်ပါသည်။
လူငယ်ဂျူဗလီအပိတ် မစ္ဆားတရားကို ရဟန်းမင်းကြီးလီယို ၁၄ ကိုတိုင် ဩဂုတ်လ၃ရက် တနင်္ဂနွေနေ့ တွင် ဦးဆောင်ဟောကြားမည်ဖြစ် ကြောင်း ဗာတီကန် သတင်းဌါနှမှ ဖော်ပြထားပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

