ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၁၇ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၃၁၊ ၇၊ ၂၀၂၄
31 July 2024
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာ ကောင်းကင်နိုင်ငံတော်ကိုတန်ဖိုးကြီးတဲ့ ရတနာတစ်ခုနဲ့ခိုင်းနိုင်ထားတာကိုကြားနာခဲ့ရတယ်။ ပထမဥပမာကတော့ကောင်းကင်နိုင်ငံတော်ဟာလယ်ကွင်းထဲမှာဝတ်ထားတဲ့ရတနာကိုရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ပြီးတော့သူ့မှာရှိသမျှအရာတွေအားလုံးကိုရောင်းချပြီးတော့ ဒီတန်ဖိုးကြီးတဲ့ရတနာရှိတဲ့လယ်ကွက်ကိုဝယ်ခဲ့တဲ့အကြောင်းဒုတိယဥပမာမှာကျတော့ကုန်သည်တဦးဟာတန်ဖိုးကြီးတဲ့ပုလဲတလုံးကိုတွေ့တဲ့အချိန်မှာသူ့မှာရှိသမျှအရာတွေကိုရောင်းချပြီးတော့ တန်ဖိုးကြီးတဲ့ပုလဲရတနာကိုဝယ်ခဲ့တယ်ဆိုတဲ့အကြောင်းကြားခဲ့ရတယ်။ ဒီပုံဥပမာနှစ်ခုလုံးမှာ ရောင်းတယ်ဝယ်တယ်။ အလကားမရဘူးဆိုတာကိုပြသ သတိပေးနေခြင်းဖြစ်တယ်။
နောက်တချက်ကတော့ကောင်းကင်နိုင်ငံတော်ဟာအရမ်းကိုတန်ဖိုးကြီးမားတယ်။ ဒါကြောင့်သင့်မှာရှိသမျှအရာအားလုံးကိုရောင်းချပြီးတော့အဲဒီအရာကိုဝယ်ရမယ်ဆိုတဲ့သတိပေးခြင်းမျိုးဖြစ်တယ်။ ထာဝရအသက်ရဖို့ ၊ ဘုရားနဲ့အတူတူနေရဖို့၊ ပြီးပြည့်စုံတဲ့ဘဝမှာ ထာဝရရှင်သန်နေရဖို့၊ ဘုရားရဲ့ဘုန်းဂုဏ်တော်မှာပါဝင်စံစားရဖို့၊ ထာဝရပြီးမြောက်ပြည့်စုံသွားဖို့အဲဒီထာဝရအသက်ကိုရဖို့အတွက် လောကသက်တာမှာရှိတဲ့ပေးဆပ်ရမယ့်အရာတွေအားလုံးကိုပေးဆပ်ပြီးမှ တန်ဖိုးကြီးမားတဲ့အရာတစ်ခုကိုရဖို့ ကိုယ့်ဘက်ကလည်းတန်ဖိုးကြီးတဲ့အရာပေးတတ်ရမယ်။ ဒါကြောင့်လည်းသခင်ခရစ်တော်ကငါ့နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်ရမည်။ မိမိကားတိုင်ကိုထမ်း၍ငါ့နောက်သူလိုက်ရမည်။
ငါ့ထက်မိဘ ညီအစ်ကို မောင်နှမကိုချစ်သောသူသည်ငါနှင့်မထိုက်တန်၊ မိမိအသက်ကိုရှာဖွေသောသူသည်အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်မိမိအသက်ကိုဆုံးရှုံးသောသူသည် အသက်ကိုရလိမ့်မည်။ ဓမ္မမိတ်ဆွေတွေကောင်းကင်နိုင်ငံဆိုတာဘာမှမပေးဘဲအလွယ်တကူရမယ့်အရာမဟုတ်ဘူးဆိုတာကတော့ဒီကနေ့သမ္မာကျမ်းစာကကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုသတိပေးနေတယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော့မကြပါစေ