ကုန်လွန်ပြီးဆုံးသွားပြီဖြစ်တဲ့ relationship တစ်ခုကနေ သင်ခန်းစာတွေ ယူကြရ အောင်ပါဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

Past Relationship

            ဒီနေ့မှာ ကုန်လွန်ပြီးဆုံးသွားပြီဖြစ်တဲ့ relationship တစ်ခုကနေ သင်ခန်းစာတွေ ယူကြရ အောင်ပါဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

            Relationship တစ်ခုက ကွဲသွားကြတယ်။ Breakup ဖြစ်သွားတယ်ဆိုတာ နှစ်ဦးစလုံး ခံစားရ တဲ့ ခံစားချက်တစ်ခုပါ။ အမှတ်တရဖြစ်စေတာတော့ မဟုတ်ပေမယ့်၊ သတိရဖို့တော့ဖြစ်စေတာပါ။ ဒီ relationship ကို နောက်ပြန် ပြန်ကြည့်လိုက်ရင် သင်ခန်းစာ ယူစရာတွေ ကျန်ခဲ့တာ အမှန်ပါပဲ၊ မိမိက ဒီ relationship ကို ရောင်ပြန်ဟပ်တဲ့သဘော ပြန်မလုပ်ခဲ့ရင်တော့ အနာဂတ်မှာလည်း ဒီလိုအမှား အတိုင်း မှားအုံးမှာလား။ တဘက်ကပဲ မှားနေတာလို့ အပြစ်တင်နေအုံးမှာလား။

            လူတိုင်းကတော့ မိမိကိုယ်မိမိ ကိုယ်ကမှန်တယ်လို့ ယုံကြည်ဆဲပါပဲ။ ဒီကုန်ဆုံးသွားပြီဖြစ်တဲ့ relationship မှာ ပြန်ကောက်ယူလို့ရနိုင်တဲ့ သင်ခန်းစာတွေကျန်ခဲ့တာ အမှန်ပါ။

            Relationship ကျရှုံးသွားတယ်ဆိုတာ အမြဲတမ်းအဆိုးကြီး မဟုတ်ပေမယ့်လို့ မှားတဲ့ အခြေခံ အကြောင်းရင်း တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ် မခိုင်မြဲခဲ့လို့ မှားခဲ့တဲ့အကြောင်းအရာကို ရှာဖွေရင် တွေ့နိုင်ပါတယ်။

            Relationship တစ်ခုကို ပြန်ကြည့်လိုက်ရင် နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်က ပိုက်ဆံငွေကိုပဲ လိုချင်တာ၊ ရချင်တာ၊ ဒါမှမဟုတ် နှစ်ယောက်အတူအမြဲ ပူးကပ်စွာ နေချင်တာ၊ နှစ်ယောက်အတူတည်ဆောက်ဖို့ ဘာစီမံချက် ဘာ plan မှလည်း မချရသေးဘူး။ ဘာမှ ကြိုတင် ခန့်မှန်းထားတာလဲမရှိသေးဘူး။ ဘဝတစ်ခုအတွက် ကြိုးစားနေကြတုန်း၊ ဒီလိုအချိန်မှာ မိန်းကလေး က ကိုယ်ဝန်ဆောင်လာရပြီ၊ မိမိက တာဝန်ယူ၊ တာဝန်ခံရတော့မယ်။ ဒီလိုအချိန်မှာ မိမိက အခြား အမျိုးသမီး တစ်ယောက်နဲ့ relationship တစ်ခု စနေပြီး ဒီကိုယ်ဝန်ရှိသွားတဲ့ အမျိုးသမီးကို စိတ် လှုပ်ရှားစွာနဲ့ စော်ကားနှိပ်စက်မယ်။ နှုတ်အားဖြင့် မဆင်မခြင်ပြောမယ်။ ကိုယ်ထိလက်ရောက် စော်ကားမယ်၊ ဒေါသပြေသွားတဲ့အခါမှာ တောင်းပန်မယ်။ ပြီးတော့လည်း ထပ်ခါမှားနေအုံးမယ်၊ ဒါဆို ရင် ဒီအမျိုးသမီး ဘာဆက်လုပ်မလဲ အကောင်းဆုံးက breakup လုပ်မှာလား၊ မိမိက ဒီ relationship ကနေ ခွန်အားရှိစွာနဲ့ ရပ်တန့်လိုက်ပြီး ပြီးဆုံးသွားတဲ့ relationship ကနေ သင်ခန်းစာ ယူရမှာ – သင်ခန်းစာ ရလိုက်ပါပြီ။

            ဒါကြောင့် relationship မှာ နီးနီးကပ်ကပ်အတူ အမြဲတမ်းမရှိနေဖို့ ဒရောသောပါး မဖြစ်ဖို့ အရေးကြီးလှပါတယ်။ နီးနီးကပ်ကပ် အမြဲမရှိနိုင်ဖို့အတွက် ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ နှစ်ဦးစလုံး ကြို စဉ်းစားရမှာပါ။ မိမိတို့ကို သာမန်နှစ်ကိုယ်ရင်းနှီးမှုတွေနဲ့ မှားနေတဲ့ relationship တည်ဆောက်ခဲ့ ပြီးပြီလား တဘက်သားရဲ့ စိတ်ခံစားချက် မိမိရဲ့ စိတ်ခံစားချက်နဲ့ ထပ်တူရှိမှ လက်ခံကြတဲ့အခါမှာ ဘဝတစ်သက်တာအတွက် လက်တွဲလို့ရမှာပါ။

            Relationship မှာ အနေဝေးနေရင်ကော – နှစ်ယောက် breakup ဖြစ်နိုင်ပါသေးတယ်။ ရုပ်ခန္ဓာကိုယ်ဝေးကွာနေတာကလည်း စိတ်ခံစားချက်ဝေးကွာမှုကို ဖြစ်စေပါသေးတယ်။ အလုပ် ကြောင့်ပဲဖြစ်ဖြစ် စာသင်ဖို့ အဝေးကို ထွက်ခွါသွားရတာပဲဖြစ်ဖြစ် နှလုံးသားနှစ်ခုက ဝေးကွာနေတဲ့ အခါမှာ အနေဝေးတဲ့အတွက် အမြင်တွေက ကွဲပြားခြားနားပြီး different perspective တွေဖြစ်တတ် တယ်။ အတူရှိနေရင်တော့ တစ်ယောက်ရဲ့ idea ကို တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ကြရင်း ကွဲပြားခြားနားတဲ့ အမြင်တွေနဲ့  ကမ္ဘာကြီးကို ရေးဆွဲလို့ရနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဦးစားပေးမယ်။ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားမယ်။  အတွေးတွေ၊ ဒဿနတွေ၊ ဘဝကို မြင်တတ်တဲ့ အမြင်တွေ၊ မတူညီတတ်ရဲ့ အမြင်တွေကို ဖလှယ်နိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေရင်တော့ မိမိနဲ့ နီးစပ်တဲ့သူနဲ့ crush ဖြစ်တာတွေ ဖြစ်တတ်နိုင်ပါတယ်။

            နောက်တစ်မျိုးကျပြန်တော့ – relationship မှာ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေတဲ့ အချိန်မှာ မိမိ နဲ့ နီးစပ်ရာ သူငယ်ချင်း၊ ညီအစ်ကို၊ မောင်နှမ မိတ်ဆွေတွေရဲ့ အကူအညီရနိုင်ဖို့ တိုင်ပင်တယ်၊ ဆွေးနွေး တယ်။ တစ်ခါတစ်လေမှာ သူတို့တတွေကြောင့် relationship က ပျက်ပြယ်သွားတာတွေလည်း ရှိတတ်ပါသေးတယ်။

            တနည်းပြောရရင် တတိယလူကြောင့် relationship က breakup ဖြစ်သွားတတ်ပါတယ်။ တကယ်တမ်းက မိမိကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ ဒီဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုးဆိုးကျိုး ရလဒ်က မိမိ ပေါ်မှာပဲ မူတည်တာပါ။ အမျိုးသားတွေက အဲ့ဒီလို မဆွေးနွေးတတ်ဖူး။

            တကယ်တမ်းဘယ်လိုတိုင်ပင်လို့ရပါစေ။ အကူအညီမရနိုင်ပါဘူး။ ရင်ဖွင့်ပြောလိုက်ရတာပဲ အဖက်တင်ပါတယ်။ တစ်ခါတစ်လေမှာ ဒီ relationship ကို ပျက်စီးသွားတာတွေလည်း ဖြစ်တတ်ပါ သေးတယ်။ လက်တွေ့မှာတော့ မိမိစိတ်ကို ခိုင်မာစွာထားပြီး နှစ်ယောက်အတူ ဆုံးဖြတ်ချက် ချရမှာ ပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာလည်း စိတ်မပါပဲလည်းရှိနေတတ်ပါတယ်။ မစွမ်းဆောင်နိုင်ဘူးလည်း ဖြစ်နေတတ်တယ်။ (ဝါ) ဆုံးဖြတ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်ဖို့ မရှိဘူး။ နှစ်ယောက်စလုံး ကျွမ်းကျင်မှု တွေနဲ့ စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်ချက် မချနိုင်တာတွေလည်း ရှိတတ်ပါသေးတယ်။

            ဒါကြောင့်မို့ မိမိကိုယ်မိမိ ချစ်မယ်ဆိုရင် ကတော့ အကောင်းဆုံးပါပဲ အခြားလူတစ်ယောက် အတွက် မိမိရဲ့စိတ်ကို မသတ်လိုက်ပါနဲ့ မိမိရဲ့ depression ကို ဘယ်သူကမှ လေးစားပြီး အသိအမှတ် ပြုခံရမှာ မဟုတ်ပါဘူး။ လူတွေဆိုက မိမိဆီကိုလာမယ်။ ပြီးရင် ထွက်သွားမှာပါပဲ။ ဘာဖြစ်လို့ မိမိကိုယ်မိမိ ပြန်ပြီးသတ်မှာလဲ။ လူတစ်ဦးတစ်ယောက်နဲ့  ချစ်သူတွေဖြစ်ခဲ့လို့ relationship က ပျက်စီးသွားလို့ – မိမိနဲ့ အချိန်အကြာကြီး အတူလက်တွဲခဲ့လို့ မိမိက ဘယ်လောက်ပဲ နက်နက်နဲနဲ ချစ်ခဲ့ ပါစေ – အချစ်ဆိုတာ emotion စိတ်ခံစားချက် မဟုတ်ပါဘူ။ အချစ်ဆိုတာ ဆုံးဖြတ်ချက် တစ်ခုပါ။ မိမိကိုယ်တိုင် အချစ်ကို ရွေးချယ်ခဲ့တာပါ။ အချစ်ဆိုတာ ဘာလဲ။ အချစ်ဆိုတာ တစ်ကိုယ်ကောင်းဆန် မှုတွေကင်းတဲ့ ရွေးချယ်မှုပါ။

            မိမိချစ်တဲ့ သူကို တတ်နိုင်သမျှ ထောက်ပံ့ပေးဖို့၊ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူရဲ့ အပြစ်တွေကို အပေါ်စည်းက မိမိရဲ့ ကိုယ်ပိုင်ရွေးချယ်မှု၊ အချစ်ဆိုတာ ခွဲဝေချစ်ရတဲ့ အချိန်ကာလဖြစ်တယ်။ မိမိကိုယ်တိုင် a choice to commit yourself to somebody.

            ကွဲကွာသွားကြတယ်ဆိုတာ မှတ်ဉာဏ်ထဲမှာလည်း ထားဖို့ မဟုတ်ပါဘူး။ မိမိက နောက်တစ် ကြိမ် ပြန်လှည့်ကြည့်ချင်တယ့်အကြောင်းအရာတွေ အချက်အလက်တွေ ကျန်ခဲ့ပါတယ်။ အဲ့ဒီနေမှ မိမိက ပြန်လည်သင်ခန်းစာယူရင်း နောက်ထပ် ရရှိလာမယ့် relationship မှာ ဒီထက်ကောင်းမွန်တဲ့ အောင်မြင်တဲ့ သာယာပျော်ရွှင်တဲ့ relationship ကို တည်ဆောက်သွားဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *