ဖာသာရ်. Alphonse Aung Ko Latt (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၂)ကြိမ်မြောက် တနင်္လာဩဝါဒ ၂၃၊ ၆၊ ၂၀၂၅

သခင်ခရစ်တော်၌ချသ်လာစွာသောမောင်နှမအပေါင်းတို့ ဒီကနေ့ဖတ်ရှုရတဲ့ကျမ်းစာဟာ သခင်ယေဇူရဲ့တောင်ပေါ်တရားတော်တွေဖြစ်တယ် ။ရှင်မာတေးဦးအခန်းကြီး၇ ကကောက်နုတ်ထားတာဖြစ်တယ်။ ဒီတောင်ပေါ်တရားတော်တွေထဲမှာ‌‌ယေဇူးရှင်က ခရစ်ယာန်တယောက်ကျင့်ကြံရမယ့်လမ်းစဉ်တွေကိုမပြုကျင့်အပ်တဲ့အရာတွေကိုပုံဥပမာတွေနဲ့ရှင်းရှင်းလင်းလင်းသွန်သင်ထားတယ်။ ဒီကနေ့ကျမ်းစာမှာ‌ယေဇူးဘုရားက မလုပ်သင့်တာနဲ့လုပ်သင့်တာကိုသေချာချာပြထားပါတယ်။ အခန်းငယ်တစ်မှာတော့ သင်တို့သည်စီရင်ဆုံးဖြတ်ခြင်းမခံရစေရန်သူတစ်ပါးကိုစီရင်ဆုံးဖြတ်ခြင်းမလုပ်ကြနဲ့ဆိုပြီးတော့သွန်သင်အစပြုထားပါတယ်။ ဝမ်းနည်းဖွယ်အမှန်တရားကိုပြောရမယ်ဆိုရင်တော့သူတစ်ပါးကိုမစီရင်မဆုံးဖြတ်ဘူးတဲ့သူမရှိသလောက်ကိုရှားပါးပါလိမ့်မယ်။ နေ့စဉ်သတင်းလိုလိုအတင်းလိုလိုနဲ့ဖလှယ်ကြရင်းကတော့အလွယ်တကူဘဲလူဘယ်နှယောက်ကိုစီရင်ဆုံးဖြတ်လိုက်ကြပြီလဲ။ ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့ယနေ့ခေတ်မှာဆိုတော့အခြေအနေတွေကတော့ပိုလို့တောင်မှဆိုရွာလာပါတယ်။ လိုင်းပေါ်မှာတွေ့တဲ့သတင်းတစ်ခုကိုမှန်သလားမှားသလား။ အသေအချာမသိဘဲနဲ့လူတစ်ယောက်ကိုမကောင်းကြောင်းကိုလည်းပဲဝိုင်းဝန်ပြောဆိုလိုက်ကြလို့ဘယ်နေရာကိုများနာလံမထူနိုင်အောင်ဘယ်နှစ်ယောက်ဖြစ်သွားကြပြီလဲ။ သူတို့တတွေပုံမှန်အခြေအနေပြန်ရောက်အောင်အချိန်တွေဘယ်လောက်ယူခဲ့ရသလဲဆိုတာကတော့စဉ်စားကြည့်ပါ ကိုရေးလိုက်တဲ့တခုဟာလူတစ်ယောက်ရဲ့ဘဝကိုတော့ရိုက်ချိုး၍ဖျက်ဆီးပစ်လိုက်နိုင်တယ်ဆိုတာသတိရှိသင့်ပါတယ်။ တချို့နိုင်ငံတွေမှာဆို မိမိကိုယ်ကိုယ်အဆုံးစီရင်သွားတာတွေကိုရှိတယ်ဆိုတာကိုသတိထားသင့်ပါတယ်။ အခန်းကြီး၇း၂မှာ သင်တို့ရဲ့စီရင်ဆုံးဖြတ်တဲ့အခါ သင်တို့သည်လည်းခံကြားရလိမ့်မယ်။ သင်တို့တိုင်းတာသောပမာဏဖြင့် သင်တို့သည်လည်းတိုင်းတာချင်းခံရလိမ့်မယ်ပြောထားတာမို့လို့အဲဒီလိုစီရင်ဆုံးဖြတ်တဲ့သူထဲ့ပါဝင်နေသလား။ ဆိုတာကိုပြန်လည်သုံးသပ်ကြည့်ပါစေ။ စဉ်ခြင်စရာရှိကြောင့်စဉ်ခြင်ကြရမှာဖြစ်တယ်။ ကိုယ့်ရဲ့အမှားတွေကိုယ်ပေတံသေသေလေးနဲ့ရှောရှော်ပေါ့ပေါ့တိုင်းတာပြီး။ သူတစ်ပါးရဲ့အပြစ်ကိုတော့ပေတံအကြီးနဲ့တိုင်းတာရုံမကမှန်ဘီလူးနဲ့အနုစိတ်ကြည့်ပြီးတော့ရှာကြံပြီးအပြစ်တင်ခြင်းကတော့ မျှတပါသလား။ အဲဒီလိုပြုကျင့်မိတဲ့အချိန်တွေအတွက်ကတော့အခန်းငယ်၃နဲ့၄မှာကိုယ်တော်ကမီမီမျက်စိထဲကသစ်တုံးကိုမမြင်ဘဲနဲ့တခြားသူရဲ့မျက်စိထဲကလည်းသစ်သားစားကိုဘာကြောင်းများဖော်ထုတ်ပေးချင်ရသလဲလို့မေးထားပါတယ်။ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာဘုရားရှင်တစ်ပါးတည်းသာဖြစ်ပါတယ်။ မိမိဟာသူတပါးကိုစီရင်ဆုံးဖြတ်လိုက်တဲ့အချိန်ဟာဘုရားရဲ့နေရာကိုယူလိုက်တာပါပဲ။ အဲဒီလိုဆိုတော့လမ်းလွဲနေသူတွေကိုလမ်းမှားနေသူတွေကိုမတရားပြုကျင့်နေသူတွေကိုမပြောရတော့ဘူး။ မပဲ့ပြင်ရတော့ဘူးလားလို့စောဒကတက်စရာရှိပါတယ်။ ဆေးကြောခြင်းမင်္ဂလာကိုခံယူတဲ့ခရစ်ယာန်တိုင်းကပ‌ရောဖတ်တွေ မတရားတာကို မတရားကြောင်းပြောပြီးအမှန်တရားအတိုင်းပြောဆိုနေထိုင်ဖို့မှာနေသူကိုမှာကြောင်းပြောပြပြီးလမ်းမှန်ကိုပြန်ရောက်အောင်လည်းလက်တွဲခေါ်ဆောင်ဖို့ကအ‌ယောက်ဆီတိုင်းမှာတာဝန်ရှိပါတယ်။ နည်းမှန်လမ်းမှန်လုပ်နိုင်ဖို့အတွက်‌ယေဇူးဘုရားရှင်ရဲ့အပြစ်ပြုမိသူတွေနဲ့ပြောဆိုပုံကိုအတုယူကြရမှာဖြစ်တယ်။ရှင်‌ယောဟန်အခန်ကြီ၈း၁၁မှာ အပြစ်ပြုတဲ့အမျိုးသမီးကို‌ယေဇူးက ငါသည်လည်းသင့်အားအပြစ်မစီရင်တော့ပေသွား‌လော့နောက်တစ်ဖန်အပြစ်မပြုလယ်နှင့်လိုမိန့်ဆို့ခဲ့တယ်။ အပြစ်မရှိပါဘူးလို့မကာကွယ်ပေးသလို ဒီလိုအပြစ်မျိုးကိုကျူးလွန်ရသလားဆိုပြီးတော့ရှုံ့ချအပြစ်တင်တာလည်းမလုပ်ပါဘူး။ ဘယ်လိုပုံနဲ့ပြောဆိုသလဲဆိုတာကအ‌ရေးပါတယ်။ရှုတ်ချတဲ့အပြစ်တင်တဲ့ဒုက္ခရောက်စေလိုတဲ့ပြောဆိုတာကတော့မဖြစ်ရပါဘူး။ မေတ္တာစိတ်နှင့်သူ့ကောင်ကြိုးကိုလိုလားတဲ့စိတ်ကိုယ်ချင်းစာစိတ်နဲ့ပြောပြသွန်သင်လက်တွဲခေါ်ရမှာဖြစ်တယ်။ အဲဒီလိုသူတစ်ပါးကိုသွန်သင်လမ်းပြနိုင်ဖို့အတွက်အရင်ဦးဆုံးမိမိကိုယ်ကိုမွန်မန်ဘို့သုံသတ်ပြုပြင်ဖို့လိုအပ်ကြောင်းတွင်လုပ်သင့်ကြောင်းကိုအခန်းငယ်၅မှာအသင်သူတော်ကောင်းရောင်ဆောင်သောသူသင်၏မျက်စိထဲမှ သစ်တုံးကိုဦးစွာထုတ်ပြစ်လော့ ထိုမှာသာသင့်ညီအစ်ကို၏မျက်စိထဲမှသစ်သားစာကိုထုတ်ပစ်ရန်ကောင်းစွာမြင်နိုင်ပေလိမ့်မယ်လို့ကိုယ်တော်ကသွန်သင်ထားပါတယ်။ နေ့စဉ်ဘဝအသက်တာမှာတော့သူတပါးကိုအပြစ်တင်ပြီးတော့စီရင်ဆုံးဖြတ်ချင်စိတ်ဖြစ်ပေါ်လာတဲ့အခါတိုင်း ကိုယ့်အသိသတိကပ်ပြီးတော့မိမိကိုယ်ကိုယ်သာအာရုံစိုက်ကာကိုရောကောင်းရဲ့လား။ အပြစ်ကင်းရဲ့လားဆိုတာကိုတွေ့ကြည့်တဲ့အကျင့်ကလေးကိုမွေးမြူကြည့်ကြပါစို့။တစ်ပါးသူကိုစီရင်ဆုံးဖြတ်တဲ့အကြိမ်ရေတွေနည်းသွားမှာတော့သေချာပါတယ်။ သွန်သင်လမ်းပြဖို့လုပ်ရတဲ့အခါတွေမှာမေတ္တာစိတ်နဲ့လမ်းပြပေးဖို့ရန်အတွက်ကတော့ကျနော်တို့တတွေကြိုးစားရှင်သန်ကြားပါဆိုတော့။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *