ဖာသာရ် Paul သက်ခိုင်(မန္တလေး)သာမန်ကာလ (၁၀) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၆၊ ၆၊ ၂၀၂၂

     ချစ်လှစွာသော်ညီကိုမောင်နှမအပေါင်တို့ ဤ ကနေဟာ အသင်းတော်၏ မိခင်ဖြစ်တော်မူသော် သန့်ရှင်းသောမယ်တော်သခင်မရဲ့ပွဲတော်နေ့ဖြစ်ပါတယ်။

မနေ့က သန့်ရှင်သော်ဝိညာဥ်တော်ဘုရားပွဲနေ့အဖြစ်သတ်မှတ်ကျင်းပပြီတော် သန့်ရှင်းသော်ဝိညာဥ်တော် ဘုရားပွဲတော်ပြီး နောက်ရက်ကို

Mater Ecclesiae Mary Mother of TheChurch အသင်တော်၏ မိခင်သန့်ရှင်းသောမာရီယာ ၏ ပွဲတော်နေ့ဆိုတဲ့   ခေါင်းစဥ် နှင့် ကျင်းပရန်

Vatican ကနေ ၂၀၁၈ မတ်လ၃ရက်နေ့က pope Francis ကကြောငြာခဲ့ပါတယ်။ အင်မတန်မှ ခမ်းလှသော သန့်ရှင်းသောဝိညာဥ်တော်ဘုရားပွဲကို

နောက်တမျိုးအနေနဲ့ ဘယ်လိုသိထားကြလဲဆိုတော့ အမိအသင်းတော်၏ မွေးနေ့လိုလည်း သိထားကြပါတယ်။ ဘာဖြစ်လိုလဲဆိုတော့

သန့်ရှင်းသောဝိညာဥ်တော်ဘုရားဆင်းသက်နေ့က နေ့စပြီးတောတပည့်တော်ကြီးများာဟာ အခန်းအောင်းဘဝကနေ ထွက်မြောက်ပြီး

ရဲရင့်စွာဖြင့် ဧဝံဂေလိသတင်းကောင်းကို ကြောငြာဟောပြေားနိုင်ခဲ့သောကြောင့်ဖြစ်ပါတယ်။ ကြောက်လန့်ပြီးပုန်းနေတဲ့ ဘဝကနေ

ပြန်လည်းလွှတ်မြောက်လာတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် အမိအသင်းတော်ကြီရဲ့ မွေးနေ့လို ခေါ်ဆိုသတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

သန့်ရှင်းသောဝညာဥ်တော်ဘုရားရဲ့တန်ခိုးတော်ဟာ မယ်တော်သခင်မအပေါ်သို့သက်ရောက်စေခြင်းဖြင့် သားတော်ယေဇူးဘုရားမွေးဖွားခြင်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် သခင်ယေဇူး နှင့် အသင်းတော်ကြီးဟာ သန့်ရှင်းသောဝိညာဥ်တော်ဘုရားရဲ့ တန်ခိုးတော်အားဖြင့်မွေးဖွားခြင်းခံခဲ့ရပါတယ်။

သန့်ရှင်းသောဝိညာဥ်တော်ဘုရားဟာသားတော်ယေဇူးဘုရားနှင့် အသင်းတော်ကြီးရဲ့ဖခင်နေရာမှာတည်ရှိနေတဲ့အတွက်မယ်တော်သခင်မကို

သားတော်ယေဇူးဘုရားရဲ့မိခင်လို့ပြေားနိုင်သလို အသင်းတော်ကြီးရဲ့  မိခင်လို့လည်း​ဆိုနိုင်ပါတယ်။  ဤယနေ့ ဖတ်ရူရတဲ့ ဧဝံဂေလိကျမ်းပိုဒ်ထဲ့က

“သင်၏အမိကိုကြည်ပါ” လို့ ယောဟန်ထံ သခင်ယေဇူးမိန်ကြားတဲ့စကား က ယောဟန် ကိုအသင်းတော်တော်ကြီးတစ်ခုလုံးအနေနဲ့ ကိုယ်စားပြူပြီးပြေားာခဲ့ခြင်းဖြစ်ပါတယ်။

မယ်တော်သခင်မကိုယောဟန်တဦးတည်းအတွက်အမေတော်ခွင့် ခေါ်ခွင့်ပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးနဲ့ပါဝင်ဖွဲ့စည်းထားတဲ့

အသင်းတော်အတွက်ပါအမေခေါ်ခွင့်ပြု လိုက်ခြင်းဖြစ်ပါတယ်။ ဆေးကြေားခြင်းမင်္ဂလာအားဖြင် ကျွန်ုပ်တိုတတွေဟာသခင်ယေဇူးရဲ့ ခန္ဓာအစိတ်အပိုင်းများဖြစ်လာကြတယ်။

မယ်တော်သခင်မက သခင်ယေဇူး ကိုယ်ခန္ဓာဗေဒအားဖြင့် နို့ချိုတိုက်ကျွေးပြီး ကာယပိုင်းအာဟာရဖြည့်ဆည်းပေးခဲ့တယ်။ သခင်ယေဇူးက

သူရဲ့ အသွေးတော်အသားတော်ဖြစ်တဲ့ ကိုယ်တော်မြတ်စက္ကုမန်တူးအားဖြင့် ကျန်ုပ်တို့ကိုဝိဉာဥ်အာဟာရဖြည့်ဆည်းပေးတယ်။

ထိုသားတော်ဆိုတာက မယ်တော်အသွေးအသားကနေဖြစ်လာတဲ့သူဖြစ်တယ်။ ဒါကြောင့်ညီကိုမောင်နှမအပေါင်းတို့ ဤနည်းအာဖြင့်မယ်တော်သခင်မက

ကျွန်ုပ်တို့အားလုံးပါဝင်နေတဲ့အသင်းတော်ကြီးရဲ့ မိခင်အဖြစ်နဲ့ကာယ  ဝိဉာဥ်နှစ်ဖြားအတွက်ကူညီဆောင့်ရှောက်နေတဲ့အတွက်ကြောင့်

အမီမယ်တော်ကိုပိုမိုချစ်မြတ်နိုးပြီတော်မှ သဒ္ဓါကြည်ညိုအားကိုးသွားရင်လိုအပ်သောကျေးဇူးတော်များလည်းတောင်ခံသွားကြပါစို့။

rvamyanmar
rvamyanmar
Articles: 3935

Leave a Reply

Your email address will not be published. Required fields are marked *