‘အကြမ်းဖက်မှုဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုလိုမျိုး လက်မြှောက်အရှုံးပေးနေဖို့ နေရာမရှိပါဘူး’

အပတ်စဉ် ပြုလုပ်လေ့ရှိတဲ့ အထွေထွေလူထုတွေ့ဆုံခြင်း (General Audience) အတွင်း ပုပ်ရဟန်း မင်းကြီး လီယို ၁၄ (Pope Leo XIV) က လူသားမျိုးနွယ်တွေကို စစ်ပွဲရဲ့ ကျွန်အဖြစ် ချုပ်နှောင်ထားသော အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးပိုင်းဆိုင်ရာ သံကြိုးတွေကို ဖြတ်တောက်ပစ်ကြဖို့ ကမ္ဘာ့အသိုက် အဝန်းကို အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

Gaudium et Spes (ဒုတိယ ဗာတီကန် ညီလာခံ၏ သာသနာရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ) အခန်း ၅ အပေါ် ပြန်လည်ဆင်ခြင်သုံးသပ်ရင်း မျက်မှောက်ခေတ် ပဋိပက္ခတွေရဲ့ ကြမ်းတမ်းတဲ့ အခြေအနေ တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ လျှောက်လှမ်းရမယ့် အရေးတကြီး လမ်းစဉ်တွေကို ပုပ်ရဟန်းမင်း ကြီးက အခုလို မိန့်ကြားခဲ့ပါတယ်-

လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု ထောင်ချောက် – လက်နက်အပြိုင်အဆိုင် တပ်ဆင်ခြင်းဟာ ဆင်းရဲ နွမ်းပါးသူတွေကို အဆိုးရွားဆုံး ထိခိုက်နစ်နာစေပြီး အလုံးစုံပျက်စီးခြင်းဆီကို ဦးတည်စေတဲ့ ‘အလွန် အန္တရာယ်များတဲ့ ထောင်ချောက်’ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ပြောင်းလဲလာသော စစ်မက်ပုံစံများ – ခေတ်မီနည်းပညာ၊ ဒစ်ဂျစ်တယ် တော်လှန်ရေးနဲ့ ဆိုက်ဘာတိုက် ခိုက်မှုတွေကြောင့် မျက်မှောက်ခေတ် ပဋိပက္ခတွေဟာ ပိုမိုရက်စက်ကြမ်းကြုတ်ပြီး အဖျက်စွမ်းအား ကြီးမားလာပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း – ငြိမ်းချမ်းရေးဆိုတာ ဘုရားသခင်ထံမှ ဆုကျေးဇူး ဖြစ်သ လို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အားကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေး နွေးမှုတွေ လိုအပ်တဲ့ လူသားတို့ရဲ့ ကတိကဝတ်တစ်ခုလည်း ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ ပါတယ်။

ငြိမ်းချမ်းရေး၏ ရှေ့တန်းစစ်မျက်နှာ – ခရစ်ယာန်များနဲ့ စေတနာကောင်းရှိသူအားလုံးအနေနဲ့ ‘ကမ္ဘာမြေ ၏ ဆား’ အဖြစ် ရပ်တည်ပြီး ဆုတောင်းခြင်း၊ လူမှုရေးဆိုင်ရာ ရွေးချယ်မှုများနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်ခြင်းတို့မှတစ်ဆင့် ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ကြဖို့ သတိပေးခဲ့ပါတယ်။

 ‘ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ရှေ့တန်းကနေ ပါဝင်လုပ်ဆောင် ရမှာကို ကျွန်ုပ်တို့ မကြောက်ရွံ့သင့်ပါဘူး’ လို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ မျှော်လင့်ချက်၊ တွေ့ဆုံဆွေးနွေးမှုနဲ့ ညီရင်းအစ်ကို စိတ်ဓာတ်ဆိုင်ရာ ဒီသတင်းစကားကို အတူတကွ မျှဝေကြပါစို့

Fr. Peter Kyi Maung

Credit toVatican News

https://www.vaticannews.va/en/pope/news/2026-11/pope-break-the-ideological-economic-chains-that-enslave-us-war.html

#Peace #PopeLeoXIV #Vatican #GeneralAudience #GlobalPeace #HumanDignity #GaudiumEtSpes

rvamyanmar
rvamyanmar
Articles: 4402

Leave a Reply

Your email address will not be published. Required fields are marked *