
ခရစ္စမတ်ကာလ ဝတ်ပြုပွဲများကို ပုပ်ရဟန်းမင်းကြီး လီယို ဦးဆောင်မည်။

ခရစ္စမတ်ကာလတစ်လျှောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တက်ရောက်မည့် ဝတ်ပြုကိုးကွယ်မှု အစီ အစဉ်ဇယားကို ဗာတီကန် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာရုံးက ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၂၄ ရက် (အင်္ဂါနေ့) ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးသည် ခရစ္စမတ်ရာသီတစ်လျှောက် မစ္ဆားတရားပွဲ အများအပြားကို ဦးဆောင်ကျင်းပမည် ဖြစ်သည်။
* ခရစ္စမတ်အကြိုည (ဒီဇင်ဘာ ၂၄): စိန့်ပီတာ ဘာစီလီကာ ဘုရားကျောင်းတော်ကြီး၌ ည ၁၀:၀၀ နာရီတွင် ခရစ္စမတ် ညဦးပိုင်း မစ္ဆားတရား ပူဇော်မည်။
* ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅): စိန့်ပီတာ ဘာစီလီကာ၌ နံနက် ၁၀:၀၀ နာရီတွင် မစ္ဆားတရား ပူဇော်ပြီး မွန်းတည့် ၁၂:၀၀ နာရီတွင် ဗဟိုလေသာဆောင်မှနေ၍ တစ်ကမ္ဘာလုံးသို့ ကောင်းချီးမင်္ဂလာ (Urbi et Orbi) ပေးမည်။
* နှစ်သစ်ကူးအကြိုည (ဒီဇင်ဘာ ၃၁): ညနေ ၅:၀၀ နာရီတွင် ဘုရား၏မယ်တော်မာရိယား ပွဲတော်အစ ညနေဆုတောင်းဝတ်ပြုခြင်း ပြုလုပ်ကာ ၂၀၂၆ ခုနှစ်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း Te Deum ဓမ္မတေးကို သီဆိုမည်။
* နှစ်သစ်ကူးနေ့ (ဇန်နဝါရီ ၁): စိန့်ပီတာ ဘာစီလီကာ၌ နံနက် ၁၀:၀၀ နာရီတွင် ဘုရား၏မယ် တော်မာ ရိယား ပွဲတော် မစ္ဆားတရား ထပ်မံပူဇော်မည်။ * ထင်ရှားပြတော်မူခြင်းပွဲတော် Solemnity of the Epiphany (မင်းသုံးပါးပွဲး) (ဇန်နဝါရီ ၆): စိန့်ပီတာ ဘာစီလီကာ၌ နံနက် ၁၀:၀၀ နာရီတွင် မစ္ဆားတရား ပူဇော်မည်။
* ဆေးကြောခြင်းပွဲတော် (ဇန်နဝါရီ ၁၀): ခရစ္စမတ်ရာသီ ပိတ်ပွဲအဖြစ် စစ္စတင်း ဝတ်ပြုဆောင်၌ နံနက် ၉:၃၀ နာရီတွင် ကလေးငယ်အချို့အား ဆေးကြောခြင်းမင်္ဂလာ ပေးအပ် ခြင်းနှင့်အတူ မစ္ဆားတရား ပူဇော်မည်ဟု ဗာတီကန်သတင်းဌါနက ဖော်ပြထားပါသည်။
Fr. Peter Kyi Maung
Credit to Vatican News

