
ကမ္ဘာ့လူငယ်များနေ့ပွဲနှင့် လူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲ သင်တန်း။

ကမ္ဘာ့လူငယ်များနေ့ပွဲနှင့် လူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲ သင်တန်းကို မန္တလေးကက် သလစ်ဂိုဏ်း ချုပ်သာသနာ၊ ပုလိပ်မြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ နို၀င်ဘာလ ၂၁-၂၃၊၂၀၂၆ ရက်နေ့ထိ မန္တလေး သာသနာလုံးဆိုင်ရာ လူငယ်တာ၀န်ခံ ဘုန်းတော်ကြီး fr. Alphonse Aung ko latt မှဦးဆောင်ကျင်းပခဲ့ပြီး ကမ္ဘာ့လူငယ်များနေ့ အထိမ်းအမှတ် မစ္ဆားတရားကို ၂၃.၁၁.၂၀၂၆ ရက်နေ့ ညနေ ၂:၀၀ နာရီအချိန်တွင် မွန်ဆီညော် ပီတာ စိန်လှိုင်ဦးမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
လူငယ်များအတွက် ခွန်အားရစေမည့် ပိုချ ချက်များကို Fr. Bosco Bo Bo နှင့် fr. Paschal Thi Ko Shin တို့မှပို့ချခဲ့ပြီး မန္တလေးသာသနာအုပ်စုအသီးသီးမှ လူငယ်မောင်မယ်များ စုစုပေါင်း (၂၀၀) ကျော် ပါ၀င် တက်ရောက်ခဲ့ပါသည်။

ကမ္ဘာ့လူငယ်များနေ့ မစ္ဆားတရားအတွင်း မွန်ဆီညော် Fr. Peter Sein Hlaing Oo မှ ဩဝါဒမြွက် ကြား ရာတွင်
ကျွန်ုပ်တို့တစ်ဦးအတွက် ဘုရားသခင်က အရည်အချင်းကိုယ်စီပေးထားပြီးသားတယ် အဲ့ဒီအရည်အချင်း တွေကို ကိုက သတိမထားမိတာဖြစ်ဖြစ် လက်မခံတာဖြစ်ဖြစ် တစ်ခြားအရာတွေပဲ လိုက်ရှာနေတဲ့အခါ မှာ အချိန်ကုန်တာပဲဖြစ်သွားတတ်တယ်။ ဘုရားသခင်ပေးထားတဲ့အစွမ်းသတ္တိတွေကို ကျွန်ုပ်တို့ အကောင်းဆုံးအသုံချမှသာလျှင်ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွန်းရာရောက်တယ်။ ဒီလိုဘုန်း ဂုဏ်တော်ကိုချီးမွန်းနိုင်ဖို့ရန်အတွက် အရေးကြီးဆုံးက ကိုယ်လျှောက်လှမ်းနေတဲ့လမ်းက အပြစ်ထဲ ရောက်စေတဲ့အရာဖြစ်နေရင် ဒီထဲက အမြန်ရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်။
ဒီနေ့လူငယ်မောင်မယ်များ ကျွန်ုပ်တို့ကို ဘုရားသခင်ပေးထားတဲ့ အရည်အချင်းတွေကို သိမှတ်လက်ခံ ပြီးတော့ လက်တွေ့အသုံးချမှသာလျှင် ကျွန်ုပ်တို့နောင်တမရမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ အရာရာကို သိချင်စိတ် စူးစမ်းချင်စိတ် စမ်းသပ်ချင်စိတ်တွေ ရှိကြတယ် ဒီလိုအချိန်မှာ ကောင်းတဲ့အရာတွေကို ရွေး ချယ်တတ်ဖို့အရေးကြီးဆုံးဖြစ်တယ်။

ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Aung Kyaw Khaing မှကြိုဆိုစကားပြောကြားရာတွင်
အခုလိုလူငယ်များနှင့် ဒီနေရာမှာဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် လူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်အတွက်ကိုပဲ အသက်ရှင်လို့မရဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူများကိုလည်းအကျိုးပြုနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်ဒီသင်တန်းကာလမှာ ပို့ချချက်များကို သေချာလိုက်နား ထောင်ပါ မှတ်ယူပါ ပြီးရင်ကိုယ့်ဘဝမှာ ပြန်လည်အသုံးချနိုင်အောင်လုပ်ရမယ်။
ဘုန်းဘုန်းအနေနဲ့လူငယ်မောင်မယ်အားလုံးကို ကြိုဆိုပါတယ် ဒီသင်တန်းကနေလည်း တွေးတောစရာ တွေ၊ အသိပညာတွေ၊ လူမှုဆက်ဆံရေးအတွေ့အကြုံတွေ အများကြီးကိုယ်စီရရှိကြမယ်လို့လည်း မျှော် လင့်ပါတယ်။ ဒါကြောင့်ဒီနှစ်ရက်တာကာလမှာ အချိန်ကို အကျိုးရှိစွာအသုံချပါလို့ ပြောချင်ပါတယ် အချင်းချင်းလည်းစည်းလုံးကြပါ။ စည်းလုံးခြင်းသည်အင်အားဆိုသည့်အတိုင်း ဒီမှာရှိတဲ့လူငယ်များ အားလုံးလည်း စည်းစည်းလုံးလုံးနဲ့ ဒီသန်တန်းမှာ ပါဝင်ဖို့တိုက်တွန်းလိုပါတယ်။

World Youth Day နဲ့ပတ်သက်ပြီး Fr. Paschal Thi Ko Shin(SDB) မှပို့ချရာတွင်
ကမ္ဘာ့လူငယ်များနေ့ပွဲသည် ရိုးရိုးသာမန်ပွဲတစ်ခုမဟုတ်ဘူး။ ကျွန်ုပ်တို့ဒီနေ့ ဒီချမ်းသာကုန်းမှာ ကျင်းပနေ တဲ့ လူငယ်သင်တန်းသည်လည်း ပျော်ကြ၊ ကကြ၊ ဆိုကြဖို့အတွက်ပဲ ဒီမှာစုရုံးတာမဟုတ်ဘူး။ ဒီထဲမှာ ဘုရားသခင်ပါတယ် လူငယ်တွေရဲ့ယုံကြည်ခြင်းမှာပိုပြီးလေးနက်လာဖို့ လူငယ်အချင်းချင်းလည်း ရင်းနှီး စည်းလုံးပြီး သာသနာအတွင်းမှာ လူငယ်တွေဟာ ဆက်ကပ်အစေခံတဲ့ တမန်တော်လေးတွေဖြစ်လာဖို့ ရန်အတွက်ရည်ရွယ်တာဖြစ်တယ်။
ကမ္ဘာ့လူငယ်များနေ့ပွဲလည်းအဲ့လိုပဲ ကမ္ဘာ့လူငယ်များနေ့ပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်က လူငယ်များ နှင့်ခရစ်တော်ဘုရား ဆုံစည်းဖို့ရန်အတွက်ဖြစ်တယ်။ ပြီးရင်လူငယ်တွေရဲ့ ယုံကြည်ခြင်းကိုတည်ဆောက် တယ် လူငယ်တွေအချင်းချင်းလည်းမတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေရှိနေတဲ့ကြားကနေ ငါတို့ကက်သ လစ်လူငယ်တွေအားလုံးက ပေါင်းစုပြီးနေလို့ရတယ်။ စုစည်းပြီးတော့ယုံကြည်ခြင်းကို ပုံဖော်လို့ရတယ် အသားအရောင်လူမျိုးကွဲပြာသော်လည်း ဘုရားသခင်၌ ယုံကြည်ခြင်းတစ်လုံးတဝတည်း ရှိတယ်ဆိုတဲ့ လှပတဲ့အဓိပ္ပာယ်ကို ပုံဖော်ထားတဲ့ပွဲကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လူငယ်များနေ့ပွဲကိုကျင်းပ ခြင်းရဲ့ ရည်ရွယ်ချက်က သခင်ယေဇူးနဲ့ ပုဂ္ဂိုလ်ရေးပိုမိုရင်းနှီးမှုရရှိဖို့၊ ကမ္ဘာတစ်ဝမ်းမှာရှိတဲ့လူငယ်တွေကြားမှာ ညီအစ်ကိုမောင်နှမစိတ်ကို တည်ဆောက်ပေးတာ ငါတို့အားလုံးဟာ ဘုရားသခင်ဖန်ဆင်းထားတဲ့ ယုံ ကြည်ခြင်း၌ ညီအစ်ကိုမောင်နှမတွေဖြစ်တယ်ဆိုတာကို ဖော်ပြပေးတာဖြစ်တယ်။ လူငယ်တွေကို သာ သနာပြု တမန်တော်တွေအဖြစ်စေလွတ်ခြင်းဖြစ်တယ်။

Fr. Bosco Bo Bo မှ မကြောက်ကြနဲ့ဆိုတဲ့ခေါင်းစဉ်ဖြင့်ပို့ချရာတွင်
ယနေ့ကျင်းပနေသည့် ဒီလူငယ်သင်တန်းသည် အလကားမဟုတ်ဘူး လူငယ်တွေကို ခွန်အားပြန်လည် ဖြည့်ပေးတဲ့နေရာဖြစ်တယ်။ နောက်တစ်ခုလူငယ်သင်တန်းကနေ ဘုရားနဲ့ တရားနဲ့ ပတ်သက်တဲ့အရာ တွေကို သိဖို့ ပြုဖို့ နီးစပ်စေဖို့ အတွက်ပြောပြပေးတာဖြစ်တယ်။
လူငယ်သင်တန်းလုပ်ရတဲ့ရည်ရွယ်ချက်ပန်းတိုင်က လူငယ်တွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် ရည် ရွယ်ပြီး လူငယ်တွေကို ပြုစုပျိုးထောင်ပေးရခြင်းဖြစ်တယ်။လူငယ်ဆိုတာ တက်ကြွတယ်၊ ဖျတ်လက် တယ် လုပ်ရဲကိုင်ရေးရှိတယ် လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ ဒါပေမဲ့ မိမိတစ်ဦးရဲ့အပြုအမူ အပြောအဆိုအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ အတွေးအမြင်တွေကို အကောင်းဘက်ပြောင်းလဲ လာအောင်လည်းလုပ်ရမယ်။
ဒီနှစ်ရက်တာသင်တန်းအချိန်မှာ အာရုံစိုက်ပါ သင်ယူပါသင်တို့ဟာ သင်တို့ရွာရဲ့ ကိုယ်စားလှယ်တွေ ဖြစ် တယ်။ ဒီမှာသင်ယူရရှိတဲ့အရာတွေကို ကိုယ့်ရပ်ကိုယ့်ရွာရောက်သွားရင် ပြန်လည်ဝေမျှကြဖို့လိုတယ် ကြောက်စရာမလိုဘူး ကောင်းမွန်တဲ့အရာတွေသင်ယူဖို့ မကြောက်ကြပါနဲ့ နေ့ရက်တိုင်းမှာ အသစ်သော အရာတွေကို သင်ယူပါ ဘဝမှာစိန်ခေါ်မှုအများကြီးရှိပေမဲ့ သတ္တိရှိရှိဖြေရှင်းနိုင်ရမယ်။ တိုင်းပြည်ရဲ့ အနာ ဂါတ် သာသနာရဲ့ အနာဂါတ်က ဒီလူငယ်တွေအပေါ်မှာပဲရှိတယ်။

လူငယ်တာဝန်ခံဘုန်းတော်ကြီး Fr. Alphonse Aung Ko Latt မှ မစ္ဆားတရား၏ အရေးပါပုံကို ပို့ချရာ တွင်
သခင်ယေဇူးကာလဝါရီတောင်ပေါ်မှာ ပူဇော်ရတဲ့ပူဇော်သက္ကာယက ဓမ္မဟောင်းကာလမှာပူဇော်ခဲ့တဲ့ ပူဇော်ခြင်းတွေအားလုံးရဲ့အနှစ်ချုပ်ဖြစ်တယ်။ ခမည်းတော်ဘုရားကလည်း သခင်ယေဇူးမိမိကိုယ်ကို ပူဇော်တဲ့ ပူဇော်သက္ကာယကြောင့် လူနဲ့ဘုရားကြားမှာဖြစ်ခဲ့တဲ့ အငြိုးတွေကို ဖြေလွတ်ပေးတယ်။ ဒါကြောင့်မစ္ဆားတရားတော်ဆိုတာ အောက်မေ့သတိရရုံ သတ်သတ်မဟုတ်ဘူး ဒါကြောင့် အခုမစ္ဆား တရားပူဇော်တဲ့အချိန်မှာ သခင်ယေဇူးကိုယ်တိုင် ကာလဝါရီတောင်ပေါ်မှာ မူဇော်နေတဲ့ ပူဇော်ခြင်းကို ပြန်လုပ်နေခြင်းဖြစ်တယ်။ ဒါကြောင့်တစ်ခြားဆုတောင်းမေတ္တာတွေအားလုံးထက် မစ္ဆားတရားတော် က ပိုပြီးတော့မြင့်မြတ်ခြင်းဖြစ်တယ်။

Fr. John Paul kyaw thu win (National Director)
လူငယ်တွေဆိုတာ အသင်းတော်ရဲ့ ခွန်အား ဖြစ် တယ်။ ရှေ့ဆက်အနာ ဂါတ်တွေဟာ ဒီလူငယ်တွေ နဲ့ပဲ ဆက်သွားရမှာဖြစ်တယ်။ ဒါကြောင့်ဒီနေ့သားတိုသမီးတို လက်ထက်မှာ သာသနာတော် ကြီးပိုမိုကောင်း မွန်လာတာမြင်ချင်လား ဆုတ်ယုတ်သွားတာမြင်ချင်လား မိမိကိုယ်မိမိပြန်လည် စဉ်းစားကြည့် ဖို့လို ပါ တယ်။
ဒီလိုလူငယ်သင်တန်းတွေလုပ်ပေးတာဟာ ဒီလူငယ်တွေကို အချင်းချင်းပေါင်းသင်း ဆက်ဆံရေး တိုး တက်လာအောင်၊ အများနဲ့ပူးပေါင်းဆောင်ရွက်တတ်အောင်၊ ဦးဆောင်ရဲအောင် ဘုရားရဲ့ကောင်း မြတ် ခြင်းကို ဒီလူငယ်တွေကနေတစ်ဆင့် အခြားသူတွေကိုပြန်လည်ဝေမျှနိုင်ရန် စသည်ဖြင့်လူငယ်တွေရဲ့ လုပ်နိုင်စွမ်းအား ပါဝါတွေကို တဖြည်းဖြည်းမြင့်တင်ပေးချင်တဲ့ရည်ရွယ်ချက်တွေ နဲ့ကျင်းပပေးရ ခြင်း ဖြစ်တယ်။ လူငယ်ဘ၀ဆိုတာ ရွေးချယ်စရာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒီလိုအချိန်မှာ ဘုရား တရားနဲ့အတူမှန်ကန်ကောင်းမွန်တဲ့လမ်းကို ရွေးချယ်တတ်ဖိုအရေးကြီးပါတယ်။ သင်ယူလေ့လာခွင့် ရရှိ တုန်း သေချာသင်ယူမှတ်သားကြပြီး ရှေ့ဆက်အနာဂါတ်မှာ သာသနာအတွက် အများအတွက် အကျိုး ပြုနိုင်တဲ့ လူငယ်များဖြစ်ပါစေလို ဆုတောင်းပေးပါတယ်။

ကိုတင်အောင်မြင့် (လူငယ်ဥက္ကဌ)
ကျွန်ုပ်တို့လူငယ်တွေဒီလိုမျိုးလေးတွေ မဖော်ဆောင်နိုင်ခဲ့တာ အချိန်တွေကြာခဲ့ပြီ ခုလိုပြန်ကျင်းပတဲ့ အချိန် လာရောက်ပေးကြတဲ့ လူငယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ချို့ရွာတွေက မလာနိုင် ကြဘူး ဒီနေရာလေးမှာ ကျင်းပခွင့် ပေးတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်ုပ်တို့လစဉ်လတိုင်း လူငယ်သင်တန်းပြန်လုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်က ဒီလူငယ်တွေလမ်းမှား မရောက်အောင် မိမိကိုယ်မိမိ ဘယ်လိုထိန်သိမ်းရမယ်ဆိုတဲ့ အသိပညာတွေရစေဖို့ရန်နှင့် ဒီလူငယ်တွေ ကို လူ့ရှေ့၊ အများရှေ့မှာ ထွက်ရဲပြီး ပြောရဲဆိုရဲ ဦးဆောင်ရဲလာအောင် သူတို့မှာရှိတဲ့ အစွမ်းသတ္တိတွေ ကိုထုတ်ပြရဲလာအောင် လုပ်ဆောင်ပေးခြင်းဖြစ်တယ်။
ခုတစ်ဖြည်းဖြည်းနဲ့တော့ တက်ကြွစွာပါဝင်လာတာကို တွေ့လာရတယ် အခုမှပြန်လည်စုစည်းလာရ တယ်ဆိုတော့သိပ်အားမရတာတွေတော့ရှိတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် လူငယ်တွေမစုစည်း နိုင်တာအချိန်အတော်ကြာသွားပြီဆိုတော့ လူငယ်အဟောင်းတွေတော့ သိပ်မရှိတော့သလောက်ဖြစ် သွားပြီ ခုလူငယ်တွေက ငယ်သေးတယ်ဆိုတော့ သူတို့ကိုအများကြီးလက်တွဲခေါ်ပေးဖို့တော့ လိုပါသေး တယ်။ နောက်ဆိုသင်တန်းကြီးတွေလုပ်ပေးလာနိုင်ဖို့လည်းမျှော်လင့်ပါတယ်။
