‘‘အဖွားတစ်ယောက်က သူ့သမီး၊ သူ့မြေးတွေနဲ့ အဆက် အသွယ်ဖြတ်လိုက်တယ်’’ ဆိုတဲ့အကြောင်းဝေမျှပေးချင်ပါတယ်။

ဒီနေ့မှာ ကျွန်မဖတ်ဖြစ်ခဲ့တဲ့ စာထဲက ‘‘အဖွားတစ်ယောက်က သူ့သမီး၊ သူ့မြေးတွေနဲ့ အဆက် အသွယ်ဖြတ်လိုက်တယ်’’ ဆိုတဲ့ စာကို တဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်။

            အကြောင်းအရာလေးက ဒီလိုပါ။ ဥရောပနိုင်ငံတစ်စုက မြို့တစ်မြို့မှာ နေတဲ့ မိသားစုဖြစ်ပါ လိမ့်မယ်။

            ဒီအဖွားက အခုလိုပြောပါတယ်။

            ကျွန်မရဲ့ မိသားစုတွေကို အဆက်အသွယ်ဖြတ်လိုက်ပါတယ်။

            မိနစ် (၂၀)အတွင်းမှာ ဖုန်းက (၁၂)ကြိမ်တောင် မြည်လာတယ်။

            အရင်ဆုံးက သမီးဆာရာဆက်တာပါ။

            သမီးရဲ့ ယောက်ျားလည်းဆွတ်ပါတယ်။

            ပြီးတော့ အိမ်ရဲ့ ကြိုးဖုန်းလိုင်းကနေလည်း ဖုန်းဝင်လာပါတယ်။ ကျွန်မတစ်ခုမှ မကိုင်ခဲ့ပါဘူး။

            ကျွန်မက မြို့(၃)မြို့ကျော်မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ ထိုင်ပြီး ကိုယ်တိုင်လုပ်စရာ မလိုတဲ့ ကော်ဖီနဲ့ မနက်စာကို အေးအေးဆေးဆေးစားနေတာပါ။

            လွန်ခဲ့တဲ့ (၇)နှစ်လုံးလုံး မနက် (၇)နာရီခွဲဆိုတာနဲ့ ကျောင်းသွားမဲ့ မြေးတွေအတွက် ထမင်းဘူး (၃)ဘူး ကျွန်မပြင်ပြီးနေပြီ။

            သုံးယောက်သုံးမျိုးဆိုပါတော့။

            တစ်ယောက်က ပေါင်မုန့်အနားသား မကြိုက်ပါဘူး။

            နောက်တစ်ယောက်က ဂျုံနဲပမတည့်ဘူး။

            ဒီလိုနဲ့ သုံးယောက်သုံးမျိုးပေါ့။

            ပျောက်နေတဲ့ ဘောကန်ဖိနပ်တွေကို လိုက်ရှာပေးရပါတယ်။ ကလေးတွေကြားက ရန်ပွဲတွေ ကို ဖြေရှင်းပေးရပါတယ်။ ကျွန်မ အခကြေးငွေမရပဲ တစ်နေကုန် မရပ်မနားလည်ပတ်နေရတဲ့ အိမ်တွင်းစီးပွားရေး၊ မန်နေဂျာတစ်ယောက်ပါ ဒီနေ့တော့ သူတို့အိမ်ရဲ့ ကားလမ်းလေးက ဟာလာ ဟင်းလင်းပါပဲ။

            ကျွန်မ အသက် (၆၀)ကျော်ပါပြီ၊ အငြိမ်းစား ယူတယ်ဆိုတာ နားနားနေနေ နေဖို့ ခရီးထွက်ဖို့ ဘာသာရေးလုပ်ဖို့လို့ လူတွေက ပြောကြတယ်။

            ဒါပေမယ့် မြေးတွေရှိတဲ့ အဖိုးအဖွားတွေအတွက်ကတော့ အငြိမ်းစားယူတယ်ဆိုတာ အခပေး လုပ်ရတဲ့ အလုပ်ကနေ အခမဲ့အလုပ်ကို ပြောင်းလုပ်လိုက်တာပါပဲ။

            (ဒီအလုပ်က ပိုပြီးတော့တောင် အချိန်ပေးရပါသေးတယ်)

            ကျွန်မက ‘‘ပျက်ရက်မရှိ တာဝန်ကျတဲ့ အဖွားပါ’’

            ကျောင်းပို့ ကျောင်းကြိုလုပ်ရတယ်။

            မိဘတွေ အလုပ်နောက်ကျလို့ ကရာတေး သင်တန်းတွေမှာ ထိုင်စောင့်ပေးရတယ်။

            ဘယ်မြေးက မိုးကြိုးပစ်သံ ကြောက်တာလဲ။

            ဘယ်သူက ရေခွက်ထဲကို ရေခဲတုံး နှစ်တုံးပဲ ထည့်သောက်တယ်ဆိုတာကအစ ကျွန်မ အကုန်သိတယ်။

            သူတို့ဘဝ အဆင်ပြေဖို့အတွက် နောက်ကွယ်ကနေ တိတ်တိတ်လေး ပံ့ပိုးပေးနေရပေမယ့် လူရာအသွင်းမခံရတဲ့ အရေးပါတဲ့သူဆိုပါတော့။

            ပြုံးပြုံးဂျီဂျီဆိုတဲ့ နောက်ထပ်အဖွားတစ်ယောက်ရှိပါသေးတယ်။ သူ့အဖေဘက်က တော်တာ ပါ။ သူက ဖလော်ရီဒါက ကွန်ဒိုမှာနေတယ်။ ကားအမိုးဖွင့်လေးကိုစီးတယ်။ တစ်နှစ်ကို နှစ်ခါလောက်ပဲ အလည်လာတတ်တယ်။

            ဂျီဂျီက ဟင်းတွေချက်ပြီး သယ်မလာပါဘူး။

            သူက အထင်ကြီးစရာတွေပဲ သယ်လာတာပါ။

            သူက ကလေးတွေကို ဘာစည်းကမ်းမှာမထုတ်ဖူး၊ မုန့်တွေ အံ့သြစရာ လက်ဆောင်တွေပဲ ထုတ်ပေးပါတယ်။ မနေ့က မြေးမလေး ‘‘ဖိုဖီ’’ရဲ့ (၁၀)နှစ်ပြည့် မွေးနေ့ပါ။ အဲ့ဒီအတွက် ကျွန်မ အပတ်တကုတ်ပြင်ဆင်ခဲ့ပါတယ်။ ဆိုဖီက ပန်းချီဆွဲတာ ဝါသနာပါလို့ အကောင်းစားခဲတံတွေ ပုံဆွဲ စာအုပ်တွေနဲ့ ပန်းချီဆွဲကိရိယာအစုံလိုက် ကျွန်မလုပ်ပေးခဲ့ပါတယ်။

            အိတ်ကလေးကိုတောင်မှ ဂျင်းသားနဲ့ ကိုယ်တိုင်ချုပ်ပြီး သူ့နာမည် အတိုကောက်လေး ထိုးထားပေးတာ။

            တ်ဖိုးကြီး မကြီးပေမဲ့ ကျွန်မရဲ့ စေတနာတွေအပြည့်နဲ့ပါ။

            မွေးနေ့ပွဲမှာ ကျွန်မက အကင်စက်နားမှာ အသားကင်ရင်း အလုပ်ရှုပ်နေချိန်မှာပဲ ငှားထားတဲ့ ကားလှလှတစ်စီးဆိုက်လာပါတယ်။

            ဂျီဂျီရောက်လာပါပြီ။

            အခြေအနေက ချက်ချင်းပြောင်းသွားပါတယ်။

            အင်္ကျီအရောင်တောက်တောက်တွေ ရယ်သံ၊ ကျယ်ကျယ်တွေနဲ့အတူ ဈေးကြီးတဲ့ ရေမွှေးနံ့က ပျံ့လွင့်လာပါတယ်။

            သူက ဆိုဖီကို လက်ဆောင်အိတ်လေးကမ်းပေးလိုက်တယ်။ အထဲမှာက လုပ်တိုင်းသိကြတဲ့ ဘူးလေးတစ်ခုနောက်ဆုံးပေါ် I Pad Pro တစ်လုံးပါ။ ကလေးတွေက အော်ဟစ်ပြီး ပျော်သွားကြတာ သူတို့တစ်တွေ ဂျီဂျီကို ဝိုင်းအုံနေကြတာက Santa စန်တာကလော့ ရောက်လာသလိုပါပဲ။

            ဆိုဖီက ကျွန်မပေးတဲ့ လက်ဆောက်အိတ်လေးကို မြတ်ခင်းပေါ် ချပစ်ခဲ့ပြီး၊ အိုင်ပတ်ကို သွားယူတော့တာပါပဲ။ အဖွားက ကမ္ဘာမှာ အကောင်းဆုံးအဖွားပဲလို့ အော်ရင်း ဂျီဂျီကို ပွေ့ဖျက်လိုက် ကြတယ်။

            ကျွန်မကတော့ မီးခိုးတွေ ထွက်နေတဲ့ မီးဖိုနားမှာ ရပ်ရင်း ဒါ သဘာဝပါပဲလေ။ ကလေးတွေ ဆိုတော့ ဒီလိုလက်ဆောင်မျိုးတွေရရင် ပျော်မှာပေါ့လို့ ကိုယ့်ကိုယ်နှစ်သိမ့်နေမိတယ်။

            ပွဲပြီးတော့ ဂျီဂျီက ဧည့်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ ကျွန်မကတော့ မီးဖိုချောင်မှာ ပန်းကန်တွေဆေးနေရတုန်းပါပဲ။

            အဲ့ဒီမှာ ဆိုဖီပြောလိုက်တဲ့ စကားကို ကြားလိုက်ရပါတယ်။ ဂျီဂျီ၊ သမီးတို့အနဲ့အတူ နေရင် ကောင်းမှာပဲနော်။

            ဆာရာ (ကျွန်မသမီး)က ရယ်ရင်း ပြောလိုက်တဲ့အသံကိုလည်း ကြားလိုက်ပါတယ်။

            ‘‘အေးလေ သမီးရဲ့ ဂျီဂျီက ပျော်ဖို့ အရမ်းကောင်းတာကိုး’’

rvamyanmar
rvamyanmar
Articles: 4402

Leave a Reply

Your email address will not be published. Required fields are marked *