“ယနေ့တွင် ကျွန်ုပ်တို့အားလုံးသည် မိသားစု တစ်စုတည်း ဖြစ်သည်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) သည် ဆယ်ကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့ (World Day of the Poor) အထိမ်းအမှတ်အဖြစ် ဆဋ္ဌမ မြောက်ရဟန်းမင်းကြီး ပေါလ် ခန်းမဆောင် (Paul VI Audience Hall) တွင် ဆင်းရဲဒုက္ခရောက်နေသူ ၁,၃၀၀ ကျော်အား နွေးထွေးမှု၊ ပျော်ရွှင်မှုနှင့် အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ဖိတ်ခေါ်ခဲ့ပါသည်။

ဧည့်ခန်းမကြီးသည် ဖိတ်ခေါ်ထားသော ဧည့်သည်များအတွက် ကြီးမားပြီး နွေးထွေးသော စားသောက် ခန်းမကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရယ်မောသံများ၊ ကလေးငယ်များ၏ နှုတ်ဆက်သံများနှင့် အီတလီ ကြက်ခြေနီအမျိုးသားတူရိယာအဖွဲ့၏ တေးဂီတသံများဖြင့် လွှမ်းခြုံနေခဲ့ပါသည်။ ဧည့်သည်များသည် စေတနာ့ဝန်ထမ်း ၄၀၀ ကျော်က ဝန်ဆောင်မှုပေးသည့် ကာနီလိုနီ (cannelloni) ခေါက်ဆွဲပြား၊ ပဲစိမ်းပါ သော အမဲသားစတူးနှင့် ရေခဲမုန့်တို့ပါဝင်သည့် အရသာရှိသော သုံးမျိုးတွဲ နေ့လယ်စာကို သုံးဆောင်ခဲ့ ကြသည်။

“ဤကဲ့သို့ စုဝေးမှုမျိုးက ကျွန်ုပ်တို့သည် ဘယ်သောအခါမှ တစ်ယောက်တည်း မဟုတ်ကြောင်းနှင့် ဘဝ ခရီးလမ်းကို အတူတကွ မျှဝေခံစားရန် တစ်စုံတစ်ယောက်ကို အမြဲတွေ့ရှိနိုင်ကြောင်းကို ကျွန်ုပ်တို့အား သတိရစေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဧည့်သည် ၁၈ ဦးနှင့် ပုပ်ရဟန်းမင်းကြီး၏ ပရဟိတဝန်ဆောင်မှုဆိုင်ရာ တမန်တော် မာရင် ဒီ ဆန် မာတင် (Archbishop Luis Marín de San Martín) တို့နှင့်အတူ စားပွဲဝိုင်းတွင် ထိုင်ရင်း မိန့်ကြားခဲ့ပါသည်။

ထွက်ခွာသွားစဉ်တွင် ဧည့်သည်တစ်ဦးချင်းစီအား သိုးမွှေးဦးထုပ်နှင့် မရှိမဖြစ် ကိုယ်ရေးကိုယ်တာ သန့် ရှင်းရေးပစ္စည်းများ ပါဝင်သည့် အမှတ်တရလက်ဆောင်အိတ်များ ပေးအပ်ခဲ့ပါသည်။

ဤကဲ့သို့ လူမှုအသိုက်အဝန်းနှင့် ညီအစ်ကို မေတ္တာတရား ထွန်းကားသော နွေးထွေးသည့် နေ့များ ရရှိခံ စားကြရပါစေ။

Fr. Peter Kyi Maung

Credit Vatican News

https://www.vaticannews.va/en/pope/news/2026-11/pope-leo-at-lunch-with-the-poor-today-we-are-all-one-family.html

#WorldDayOfThePoor #PopeLeoXIV #VaticanNews #Community #Solidarity #ItalianRedCross

rvamyanmar
rvamyanmar
Articles: 4402

Leave a Reply

Your email address will not be published. Required fields are marked *