ဘုရားသခင်၏ တရားစီရင်ခြင်းသည် ကယ်တင်ခြင်းဖြစ်သည်။

ဝတ်ပြုကိုးကွယ်ခြင်း နှစ်တစ်နှစ်၏ အဆုံးသတ်ဖြစ်သော စကြဝဠာတစ်ခုလုံး၏ ဘုရင် ( ယေဇူးဘုရင်) ပွဲနေ့ (နိုဝင်ဘာ ၂၂ ရက်) အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် နောက်ဆုံးသော တရားစီရင်ခြင်းအကြောင်းကို ထောက်ရှုမိန့်ကြားခဲ့ပြီး၊ ခရစ်တော်သည် ခြိမ်း ခြောက်တတ်သော အာဏာရှင်မဟုတ်ဘဲ လူသားတို့ကို ရွေးနုတ်ကယ်တင်တော်မူသော စစ်မှန်သည့် ဘုရင်ဖြစ်ကြောင်း ယုံကြည်သူများအား ပြန်လည်အမှတ်ရစေခဲ့ပါသည်။

တနင်္ဂနွေနေ့ အန်ဂျေလူးစ် သတင်းစကားမှ အဓိက ကောက်နုတ်ချက်များ -
* စစ်မှန်သော တရားမျှတမှု – ခရစ်တော်သည် အကျင့်ပျက်ခြစားမှု အမျိုးမျိုးကို ဆန့်ကျင်လျက် စစ်မှန်သော တရားမျှတမှု၏ အဓိပ္ပာယ်ကို ဖော်ပြတော်မူပြီး၊ သနားကြင်နာခြင်း အမှုကိစ္စများမှတစ်ဆင့် ကျွန်ုပ်တို့၏ ဆက်ဆံ ရေး များကို အလင်းပေးကာ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးတော်မူသည်။
 
* ကယ်တင်ခြင်းအဖြစ် တရား စီရင်ခြင်း – သမိုင်း၏ အဆုံးသတ်၌ ဘုရားသခင်နှင့် တွေ့ဆုံခြင်းသည် ကရုဏာတော်ကို ကြေညာ ခြင်း ပင်ဖြစ်သည်—ဆိုလိုသည်မှာ မတရားမှုအားလုံးကို ပြစ်တင်ရှုတ်ချသည့် တစ်ချိန်တည်းမှာပင် လူသား မျိုးနွယ်အတွက် ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။
 
* ထာဝရ နိုင်ငံတော် – ပုပ်ရဟန်း မင်းကြီး ပါးယပ်စ် ၁၁ (Pope Pius XI) ၏ ရည်ရွယ်ချက်ကို ပြန်လည်ပဲ့တင်ထပ်လျက်၊ သမိုင်း၏ အရှင် သခင်သည် လူမျိုးအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု၏ ဘုရင်ဖြစ်ပြီး၊ ကိုယ်တော်၏ နိုင်ငံတော်သည် ထာဝရ တည်တံ့မည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက အလေးအနက် မိန့်ကြား ခဲ့ပါသည်။


Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-11/pope-at-angelus-god-s-judgement-is-salvation.html

#PopeLeoXIV #Angelus #ChristTheKing #VaticanNews #CatholicChurch #Mercy #Faith

rvamyanmar
rvamyanmar
Articles: 4403

Leave a Reply

Your email address will not be published. Required fields are marked *