
“ငြိမ်းချမ်းရေးသည် ခရစ်တော်နှင့် ကိုယ်တိုင်တွေ့ဆုံခြင်းမှ စတင်ရှင်သန်လာသည်”

ရှာလုံ (Shalom) ကက်သလစ်အသိုက်အဝန်း၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တွေ့ ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်ငြိမ်းချမ်းရေး၏ စစ်မှန်သော အရင်းအမြစ်နှင့် လူ ငယ်များကြား သာသနာပြုခြင်း၏ အရေးပါပုံကို ခွန်အားပေး မိန့်ကြားခဲ့ပါသည်။
• စစ်မှန်သော ငြိမ်းချမ်းရေး၏ အမြစ်: ဟီဘရူးဘာသာဖြင့် “ငြိမ်းချမ်းရေး” ဟု အဓိပ္ပာယ်ရသည့် Shalom သည် လူမှုရေးလုပ်ငန်း သို့မဟုတ် နိုင်ငံရေးအရ ပြေလည်စေမှုထက် ပိုမိုနက်ရှိုင်းပါသည်။ ခရစ် ယာန်များအတွက် စစ်မှန်သော ငြိမ်းချမ်းရေးသည် အပြစ်နှင့် သေခြင်းကို အောင်မြင်တော်မူခဲ့သော ရှင် ပြန်ထမြောက်တော်မူသည့် ခရစ်တော်နှင့် ကိုယ်တိုင်တွေ့ဆုံခြင်း မှသာ စတင်ရှင်သန်လာခြင်း ဖြစ်ပါ သည်။
• ခရစ်တော်ကို ဗဟိုပြုခြင်း: အသိုက်အဝန်း၏ လုပ်ဆောင်ချက်တိုင်းသည် ခရစ်တော်ထံသို့သာ ဦးတည်ရမည်ဖြစ်ပြီး၊ မိမိတို့ ဖော်ဆောင်ပေးရသူများအား ဘုရားသခင်နှင့် ပိုမိုနီးကပ်လာစေရန် ကူညီ ပေးရမည်ဖြစ်ကြောင်း ကိုယ်တော်က တိုက်တွန်းခဲ့ပါသည်။
• လူငယ်နှင့် မိသားစုများကြား သာသနာပြုခြင်း: ၁၉၈၂ ခုနှစ်မှစ၍ ခေတ်ကာလများ ပြောင်းလဲ လာသော်လည်း စစ်မှန်သောမေတ္တာနှင့် တင့်တယ်လှပမှုကို ရှာဖွေနေကြသည့် လူငယ်များ၏ အနက်ရှိုင်း ဆုံး ဆန္ဒများမှာ မပြောင်းလဲသေးပါ။ ထို့ကြောင့် လူငယ်များနှင့် မိသားစုများထံ ဧဝံဂေလိတရား ဟော ပြောကြေညာရန် အားထုတ်မှုများကို အသစ်တဖန် ပြုလုပ်ကြရန် အားပေးခဲ့ပါသည်။
“ကျယ်ပြန့်လှသော သာသနာပြုနယ်မြေကြီးသည် သင်တို့ရှေ့မှောက်တွင် တည်ရှိနေပါသည် — လူငယ် အများအပြားသည် သခင်ယေဇူးနှင့် တွေ့ဆုံရန် လမ်းပြပို့ဆောင်ပေးမှု လိုအပ်နေကြပါသည်။” — ပုပ်ရဟန်းမင်းကြီး လီယို (၁၄)
#PopeLeoXIV #ShalomCatholicCommunity #CatholicNews #PeaceInChrist #YouthMinistry #ကက်သလစ်သတင်း
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/en/pope/news/2026-11/pope-leo-xiv-shalom-catholic-community.html



